Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ စက်တင်ဘာလ (၅) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ စက်တင်ဘာလ (၅) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

၄ သင်တို့ကို ခေါ်တော်မူခြင်းနှင့်စပ်ဆိုင်သော မြော်လင့်ခြင်းတပါးထဲသို့ ခေါ်သွင်းတော်မူသည်နှင့်အညီ၊ ကိုယ်တကိုယ်၊ ဝိညာဉ်တဝိညာဉ်တည်းရှိ၏။
၅ သခင်တပါး၊ ယုံကြည်ခြင်းတပါး၊ ဗတ္တိဇံတပါး၊ ၆ ခပ်သိမ်းသော ငါတို့၏အဘဖြစ်သော ဘုရားသခင် တဆူတည်းရှိတော်မူ၏။ ထိုဘုရားသခင်သည် ခပ်သိမ်းသော ငါတို့၏အပေါ်မှာရှိတော်မူ၏။ ခပ်သိမ်းသော ငါတို့ကို နှံ့ပြားတော်မူ၏။ ခပ်သိမ်းသော ငါတို့၏အထဲ၌လည်း ရှိတော်မူ၏။

(ဧဖက် ၄း၄-၆)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း
၁။ ဘုရားသခင်၏ခေါ်တော်မူခြင်းနှင့် အထိုက်အလျောက် ကျင်လည်ခြင်းငှါ ကြိုးစားကြရမည် ( ဧဖက် ၄း၁)

က။ သိသာရှင်းလင်းစွာ၊
ခ။ ပြောင်းလဲခြင်းမရှိဘဲ၊
ဂ။ သတ္တိအပြည့်နှင့်၊ ကျင်လည်လျောက်ကြရမည်။

၂။ တမူထူးခြားသော တလုံးတဝတည်းဖြစ်ခြင်းကို လက်တွေ့ဖော်ဆောင်ရခြင်း၏ အကြောင်း
ရင်းမှာ-

က။ ဘုရားသခင်ဝိညာဉ်တော်ကိုယ်တိုင် ပြုသော အမှုဖြစ်သည် (ဧဖက် ၄း၃)
ခ။ ဘုရားသခင်ဝိညာဉ်တော်သည် ဤတလုံးတဝတည်းဖြစ်ခြင်းကို ဖန်တီးသည်။
ဂ။ ဤတလုံးတဝတည်းဖြစ်ခြင်းကို လက်တွေ့ဖော်ဆောင် ခြင်းသည် အကျွန်ုပ်တို့၏တာဝန်ဖြစ်သည်။

၃။ ဤတလုံးတဝတည်းဖြစ်ခြင်းကို လက်တွေ့ဖော်ဆောင်ခြင်းငှါ အကျိုးပြုသောအရာတို့မှာ-

က။ အကျွန်ုပ်တို့၌ “ကိုယ်တကိုယ်” သာရှိသည်။
ခ။ “ဝိညာဉ်တဝိညာဉ်တည်း”
ဂ။ “သခင်တပါး”
ဃ။ “ယုံကြည်ခြင်းတပါး”
င။ “ဗတ္တိဇံတပါး”
စ။ “ခပ်သိမ်းသော ငါတို့၏အဘဖြစ်သော ဘုရားသခင် တဆူတည်း”

(၁) “ခပ်သိမ်းသော ငါတို့၏အပေါ်မှာရှိတော်မူ၏”
(၂) “ခပ်သိမ်းသော ငါတို့ကို နှံ့ပြားတော်မူ၏”
(၃) “ခပ်သိမ်းသော ငါတို့၏အထဲ၌လည်း ရှိတော်မူ၏” (ဧဖက် ၄း၄-၆)

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဓမ္မသဘောတရား

က။ ပေးသနားပြီးပြီ။
ခ။ ရှင်းပြထားပြီးပြီ။
ဂ။ သေချာစွာ တင်ဆက်ထားပြီးပြီ။

၂။ လက်တွေ့လုပ်ဆောင်ခြင်း

က။ သင်းအုပ်ဆရာများဖြစ်သည်နှင့်အညီ အကျွန်ုပ်တို့သည်

(၁) ဆုတောင်းပဌနာပြုကြရမည်။
(၂) တလုံးတဝတည်းဖြစ်ခြင်းကို ပြုစုပျိုးထောင်ကြရမည်။
(၃) တလုံးတဝတည်းဖြစ်ခြင်းကို လက်တွေ့ပြကြရမည်။
(၄) တလုံးတဝတည်းဖြစ်ခြင်းကို လေးနက်စွင် သင်ပေးရမည်။

ခ။ ခေါင်းဆောင်များ အချင်းချင်း

(၁) အတူတကွ အလုပ်လုပ်တတ်ခြင်းငှါ သင်ယူကြရမည်။
(၂) သင်မိသောအမှုတို့ကို လက်တွေ့ဖော်ဆောင်ကြရမည် (ဧဖက် ၄း၂-၃)။

ဂ။ ခေါင်းဆောင်များနှင့် အသင်းသူ/သားများ

(၁) အသင်းသူ/သားများကို ကောင်းမွန်စွာ သိကျွမ်းပါ။
(၂) အသင်းသူ/သားများကို ပို၍ ဆက်ဆံပါ။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်