Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ သြဂုတ်လ (၂၉) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ သြဂုတ်လ (၂၉) ရက်

 

ကျမ်းချက်။ ဧဖက် ၄

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
၁ ခေါ်တော်မူခြင်းကျေးဇူးတော်ကို သင်တို့သည် ခံရသည်နှင့် အထိုက်အလျောက် ကျင့်ဆောင်မည် အကြောင်း၊ သခင်ဘုရားအတွက်ကြောင့် အကျဉ်းခံရသော ငါသည် သင်တို့ကို တိုက်တွန်းနှိုးဆော်ပါ၏။
၂ အရာရာ၌ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့် ပြည့်စုံသဖြင့်၊ မေတ္တာစိတ်နှင့် တယောက်ကို တယောက်သည်းခံခြင်းရှိကြ၍၊
၃ အသင့်အတင့် ပေါင်းဘော်ခြင်း အဖွဲ့အစည်းအားဖြင့်၊ သင်တို့သည် အချင်းချင်း စိတ်သဘော မခြား မနားတလုံးတဝတည်းဖြစ်အံ့သောငှါ ကြိုးစားအားထုတ်ကြလော့။

(ဧဖက် ၄း၁-၃)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ အကျဉ်းခံရသောသူအဖြစ် မိမိကိုယ်ကို ပေါလု ရှုမြင်ချက်

က။ ရောမအကျဉ်းသား ဖြစ်သည်။
လောကီ ရှုဒေါင့်

ခ။ သခင်ဘုရား၏ အကျဉ်းသား
ဓမ္မရှုဒေါင့်

ဂ။ ပေါလု၏ ပုံသက်သေ

(၁) ယုံကြည်ခြင်း၊
(၂) သတ္တိ၊
(၃) ခွန်အား (စိတ်ဓါတ်ခိုင်ခံ့ခြင်း)
(၄) ဆက်ကပ်အပ်နှံခြင်း (အဆုံးထိတိုင် အပ်နှံခြင်း)

၂။ တိုက်တွန်းနှိုးဆော်ခြင်း

က။ ခွန်အားပေးတိုက်တွန်းခြင်း၊
ခ။ ပြင်းထန်စွာ အသနားခံခြင်း၊

၃။ ဤတိုက်တွန်းနိူးဆော်ခြင်း၏ အကြောင်းခြင်းရာများ

က။ ဘုရားသခင်ထံမှ ခံရသော ခေါ်တော်မူခြင်း
ခေါ်တော်မူခြင်းကျေးဇူးတော်နှင့်အညီ အထိုက်အလျောက် ကျင့်ဆောင်ရမည်။

ခ။ အထိုက်အလျောက်အမှန် ကျင့်ဆောင်ခြင်း

(၁) စိတ်နှိမ့်ချခြင်း၊
(၂) နူးညံ့သိမ်မွေ့ခြင်း၊
(၃) စိတ်ရှည်ခြင်း၊
(၄) မေတ္တာစိတ်နှင့် တယောက်ကို တယောက်သည်းခံခြင်း၊
(၅) အသင့်အတင့် ပေါင်းဘော်၍ အသင်းတော်အဖြစ် စည်းလုံးစွာရပ်တည်ခြင်း၊
(၆) ဤ စည်းလုံးခြင်းသည် ဘုရားသခင်ဝိညာဉ်တော်အားဖြင့် ဖြစ်သည်။
(၇) အချင်းချင်း စိတ်သဘော မခြား မနားတလုံးတဝတည်းဖြစ်ကြရမည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ သင်းအုပ်ဆရာအဖြစ် ခေါ်ခြင်းခံရသော ကျွန်တော်တို့

က။ ဘုရားသခင်နှင့် အထိုက်အလျောက် ကျင့်ဆောင်ကြစို့။
ခ။ ဘုရားသခင်၏ခေါ်တော်မူခြင်းကျေးဇူးကို အပြည့်အ၀ အကောင်အထည်ဖော်ကြရမည်။

၂။ အသက်တာ ပုံသက်သေ

က။ အလေးထားရမည့် အရာ ဖြစ်သည်။
ခ။ တရားဟောကြားခြင်းနှင့်သွန်သင်ခြင်းတို့သည် အရေးကြီးသည်။
ဂ။ သို့သော်၊ အကျွန်ုပ်တို့၏အသက်တာပုံသက်သေသည် အလွန်တရာမှပိုပြီး အရေးကြီးသည်။

၃။ အချင်းချင်း တိုက်တွန်းနိူးဆော်ခြင်း

က။ အကျွန်ုပ်တို့၏အသင်းသူ/သားများအတွက် ပုံသက်သေကောင်းများဖြစ်ကြစို့။
ခ။ အကျွန်ုပ်တို့အသက်တာဖြင့် သူတပါးအတွက် ကောင်းချီးမင်္ဂလာများ စီးဆင်းရာအရင်းအမြစ် ဖြစ်ကြစို့။
ဂ။ ဝိညာဉ်တော်အား ခံရသော တစ်လုံးတစ်ဝတည်းဖြစ်ခြင်းကို ခိုင်မာစွာ ထိန်းသိမ်းကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်