Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၀၊ ဒီဇင်ဘာလ (၆)

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၀၊ ဒီဇင်ဘာလ (၆)

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
လူတို့သည် အထွဋ်အမြတ်အာဏာစက်၏ အုပ်စိုးခြင်းကို ဝန်ခံစေခြင်းငှါ၎င်း၊ မင်း၏စကားကို နား ထောင်စေခြင်းငှါ၎င်း၊ ကောင်းသောအမှုအမျိုးတို့ကို ပြု၍ အသင့်ဖြစ်စေခြင်းငှါ၎င်း၊ အဘယ်သူကိုမျှမကဲ့ရဲ့၊ ရန်တွေ့ခြင်းကိုမပြု၊ ဖြည်းညှင်းသော သဘောရှိ၍၊ ခပ်သိမ်းသောသူတို့၌ အလွန်နူးညံ့သိမ်မွေ့စွာ ပြုစေခြင်းငှါ၎င်း သတိပေးလော့။
အကြောင်းမူကား၊ အထက်က ငါတို့သည် ပညာမဲ့သောသူ၊ နားမထောင်သောသူ၊ မှားယွင်းသောသူ၊ အထူးထူးအပြားပြားသော တပ်မက်ခြင်း၊ ကာမဂုဏ်ခံစားခြင်း အမှုတို့ကို ဆောင်ရွက်သောသူ၊ မနာလိုခြင်း၊ ငြူစူခြင်း၌ ကျင်လည်သောသူ၊ စက်ဆုပ်ရွံ့ရှာဘွယ်သောသူ၊ အချင်းချင်းမုန်းသောသူဖြစ်ကြ၏။
( တိ ၃း၁-၃)

 

လေ့လောတွေ့ရှိချက်နှင် အနက်ဖွင့်ခြင်း

၁။ အာဏာရှင်များ၊ အစိုးရမင်းများနှင့် ဆက်ဆံခြင်း

က။ နာခံလိုက်နာခြင်း၊
ခ။ ကောင်းသောအမှုများအတွက် အသင့်ဖြစ်ခြင်း၊
ဂ။ အဘယ်သူကိုမျှ မကဲ့ရဲ့ခြင်း၊
ဃ။ ရန့်တွေ့ခြင်းမရှိဘဲ နေထိုင်ခြင်း၊
င။ ဖြည်းညှင်းသော သဘောရှိခြင်း၊
စ။ ခပ်သိမ်းသောသူတို့၌ အလွန်နူးညံ့သိမ်မွေ့စွာ ပြုခြင်း၊

၂။ အတိတ်ကို သတိရအောက်မေ့ခြင်း (ခရစ်ယာန် ဖြစ်မလာခင်)

က။ ပညာမဲ့သောသူ၊
ခ။ နားမထောင်သောသူ၊
ဂ။ မှားယွင်းသောသူ၊
ဃ။ အထူးထူးအပြားပြားသော တပ်မက်ခြင်း၊
င။ ကာမဂုဏ်ခံစားခြင်း အမှုတို့ကို ဆောင်ရွက်သောသူ၊
စ။ မနာလိုခြင်း၊ ငြူစူခြင်း၌ ကျင်လည်သောသူ၊
ဆ။ စက်ဆုပ်ရွံ့ရှာဘွယ်သောသူ၊
ဇ။ အချင်းချင်းမုန်းသောသူ၊ များဖြစ်ကြသည်။

၃။ ပေါလု၏ သွန်သင်ချက်များမှာ

က။ အတိတ်ဘဝကို လုံး၀ မမေ့ပျောက်သင့်ချေ။
ခ။ မှန်သော ကယ်တင်ခြင်းသည် အသက်တာအားဖြင့် ထင်ရှားသည်။

(၁) မင်းအာဏာရှင်များကို ဆက်ဆံရာ၌လည်းကောင်း၊
(၂) သာမန်လူအချင်းချင်း ဆက်ဆံရာ၌လည်းကောင်း၊

ဂ။ အကျွန်ုပ်တို့၏အသက်တာကို အပြစ်ကျူးလွန်ခြင်းဖြင့် အရောင်မစိုးသင့်ချေ။

 

အသက်တာနှင့်အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ခရစ်ယာန်အသက်တာကို အမိအရ တည်ဆောက်ခြင်း

က။ ရာနှုန်းပြည့် အာရုံစိုက်ရမည့် အချက်ဖြစ်သည်။
ခ။ မိမိတို့အသက်တာကို အရိုးသားဆုံး၊ အပွင့်လင့်ဆုံး သုံးသပ်ရမည်။
ဂ။ အမှားဟူသမျှကို ပြုပင်ပြောင်းလဲရမည်။

၂။ မိမိအသက်တာပုံသက်သေဖြင့် သွန်သင်ခြင်း

က။ ခံယူချက်များကို နားလည်သည်အထိ သင်ပေးရန် ခက်ခဲခြင်းမရှိ။
ခ။ ခံယူချက်များသည် သီအိုရိမ်ဖြင့်သာ နားလည်သင့်သော အရာ မဟုတ်။
ဂ။ စိန်ခေါ်ချက်အမှန်မှာ ယုံကြည်သူများကို မိမိအသ်ကာပုံသက်သေဖြင့် သင်ပေးခြင်းဖြစ်သည်။
ဃ။ ထိုမှသာ ကြီးစွာသော ထိရောက်မှု ရှိလာမည် ဖြစ်သည်။

၃။ ခိုင်ခံ့သော အသင်းတော် အသိုင်းအဝိုင်း

က။ သခင်ဘုရားအတွက်သာ အသက်ရှင်ကြရမည်။
ခ။ ခိုင်ခံ့သော အသင်းတော် အသိုင်းအဝိုင်း တည်ဆောက်ကြစို့။
ဂ။ တည်ဆောက်လို့ လုံး၀ ရသည်။

၄။ အချင်းချင်း ဆုတောင်းခြင်းဖြင့် မစခြင်း

က။ သစ္စာရှိရှိ အချင်းချင်း ဆုတောင်းပေးကြစို့။
ခ။ သမ္မာကျမ်းစာ၌ ဖော်ပြထားသော အသင်းတော်များကဲ့သို့ အကျွန်ုပ်တို့အသင်းတော်များ ဖြစ်လာမည်အကြောင်း ဆုတောင်းကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်