Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ သြဂုတ်လ (၁) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ သြဂုတ်လ (၁) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
အထက်ဆိုခဲ့ပြီးသော အကြောင်းကြောင့်၊ ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသော တအိမ်ထောင်လုံး တည်းဟူသော သားတော်အပေါင်းတို့၏ အချုပ်အခြာဖြစ်တော်မူသော၊ ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော်ရှေ့မှာ ငါသည် ဒူးထောက်၍ ဆုတောင်းလေ့ရှိ၏။

(ဧဖက် ၃း၁၄-၁၅)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ပေါလု၏ ဆုတောင်းချက်များ

က။ ပေါလုထံ၌ အကျွနု်ပ်တို့ သင်ယူရမည့်သင်ခန်းစာများစွာ ရှိသည်။
ခ။ ဤကျမ်းပိုဒ်သည် ဧဖက်သြဝါဒစာ၌ ပေါလု၏ ဒုတိယမြောက် ကိုယ်စားဆုတောင်းခြင်း ဖြစ်သည်။
ဂ။ ပေါလု၏ ပထမ ကိုယ်စားဆုတောင်းခြင်းကို ဧဖက် ၁ ၌ တွေ့ရသည်။

၂။ “အထက်ဆိုခဲ့ပြီးသော အကြောင်းကြောင့်၊”

က။ ပေါလုသည် ဆုတောင်းခြင်းငှါ နိူးဆော်ခြင်း ခံရသည်။
ခ။ နိူးဆော်ခြင်း (စိတ်အားထက်သန်ခြင်း) ဖြင့်၊ အကျွနု်ပ်တို့သည် ပို၍ကောင်းမွန်စွာဆုတောင်းနိုင်ကြသည်။
ဂ။ “အထက်ဆိုခဲ့ပြီးသော အကြောင်းကြောင့်”

(၁) ကောင်းသော နည်းစနစ် ဖြစ်သည်။
(၂) ကောင်းသော လုပ်ရိုးလုပ်စဉ် ဖြစ်သည်။

ဃ။ ဆုတောင်းသောအခါ၊ ဆုတောင်းရခြင်း၏အကြောင်းတရားများ ရှာကြစို့။

၃။ “ငါသည် ဒူးထောက်၍ ဆုတောင်းလေ့ရှိ၏”

က။ ပေါလုသည် ဆုတောင်းခြင်းကို ဘယ်တော့မှ ပေါ့တန်စွာ မခံယူ။
ခ။ ဒူးထောက်၍ ဆုတောင်းခြင်းသည်

(၁) နှိမ့်ချခြင်း၊
(၂) (အုပ်စိုးခြင်းကို) ဝန်ခံခြင်း၊
(၃) (အမိန့်ကို) နာခံခြင်း၊ စသည်တို့ကို ဖော်ထုတ်သည်။

ဂ။ ဤသို့ပင်၊ အကျွနု်ပ်တို့သည်လည်း ဆုတောင်းကြရမည်။

၄။ “ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော်ရှေ့မှာ”

က။ အဖခမည်းတော်ဘုရားသခင်ထံသို့သာ ဆုတောင်းပဌနာပြုရမည်။
ခ။ ဤရိုးရှင်းသော အခြေခံ သဘောတရားအပင်၊

(၁) ဘုရားသခင်၏သားသမီးများအဖြစ် ဘုရားသခင်နှင့် ပေါင်းသင်းရင်းနှီးမှုတည်ဆောက်ကြရမည်။
(၂) လူအနည်းငယ်သာလျှင် ခမည်းတော်ဘုရားသခင်နှင့် အဓိပ္ပာယ်ရှိသောပေါင်းသင်းဆက်ဆံမှု တည်ဆောင်နိုင်ကြသည်။

၅။“ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသော တအိမ်ထောင်လုံး တည်းဟူသော သားတော်အပေါင်းတို့၏ အချုပ်အခြာဖြစ်တော်မူသော၊”

က။ ကျွန်ုပ်တို့သည် တအိမ်ထောင်လုံး၏ မိသားစုဝင်များ ဖြစ်ကြသည်။

(၁) ကောင်းကင်နှင့်
(၂) မြေကြီးပေါ်မှ ရှိသမျှသောသူတို့အားလုံး၊

ခ။ ကျွန်ုပ်တို့သည် အဖခမည်းတော်ဘုရားသခင်၏ သားသမီးများ ဖြစ်ကြသည်။

(၁) အလွန်အံ့ကြသင့်ပေသည်။
(၂) အလွန်တန်ဖိုးထားမြတ်နိူးကြရမည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ မိမိတို့၏ဆုတောင်းခြင်းအသက်တာကို စစ်ဆေးလော့

က။ မိမိတို့ ကိုယ်စီ ဆုတောင်းချက်များ၊
ခ။ မိမိတို့က သူတပါးအတွက် ဆုတောင်းချက်များ၊

မိမိတို့၏ ဆုတောင်းခြင်းအသက်တာကို ထက်၍ပြုပြင်ကြစို့။

၂။ ဘုရားသခင်နှင့် ခိုင်ခံ့သော ပေါင်းသင်းဆက်ဆံမှု တည်ဆောက်လော့

က။ စိတ်နှလုံးနှိမ့်ချလျှက်၊
ခ။ ခမည်းတော်ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ပေါင်းသင်းဆက်ဆံလျှက်၊
ဂ။ ယုံကြည်၍ ချစ်မြတ်နိူးလျှက်၊

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်