Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဇွန်လှိုုင်လ (၁၈) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဇွန်လှိုုင်လ (၁၈) ရက်

 

ချစ်သော ညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သခင်ယေရှုခရစ်ကို အကြောင်းပြု၍ ထာဝရအကြံတော် ရှိသည်နှင့်အညီ၊
ကောင်းကင်အရပ်တို့၌ အထွဋ်အမြတ် အာဏာစက်တို့သည်၊ ဘုရားသခင်၏ထူးဆန်းသော ပညာတော်ကို အသင်းတော်အားဖြင့် ယခုသိကြရမည် အကြောင်းတည်း။

(ဧဖက် ၃း၁၀-၁၁)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဘုရားသခင်၏ ထာဝရအကြံတော်

က။ ပေါလုသည် ဤအလွန်တရာမှ နက်ရှိုင်းသော အမှန်တရားကို ဖော်ထုတ်ပြသည်။
ခ။ ဤအမှန်တရားသည် ဘုရားသခင်ဖွင့်ပြသော ဗျာဒိတ်တော် ဖြစ်သည်။

၂။ များစွာသောလူအပေါင်းတို့သည် ဘုရားသခင်၏ထာဝရအကြံတော်ကို မသိနားမလည်ကြ။

က။ လစ်လှူရှုခြင်းကြောင့် ဖြစ်သည်။
ခ။ လက်တွေ့ရင်ဆိုင်နေရသော ပြဿနာများကိုသာ ပိုပြီးအလေးပေးကြသည်။
ဂ။ အမှန်တကယ် နက်ရှိုင်းစွာ ဆင်ခြင်ခြင်းလည်း မပြုကြပေ။

၃။ ဘုရားသခင်၏ ထာဝရအကြံတော်ကို ရှင်းပြခြင်း

က။ ၎င်း၌ ဘုရားသခင်၏ ထူးဆန်းသော ပညာတော်ပါဝင်သည်။

(၁) ဤအရာကို ဘုရားသခင်၏လေးနက်သော ဉာဏ်ပညာအဖြစ်သတ်မှတ်နားလည်ရမည်။
(၂) ဤပညာသည် နေရာတိုင်း၌ ရှာဖွေတွေ့ရှိနိုင်သော သာမန်ဉာဏ်ပညာမဟုတ်။

ခ။ ဘုရားသခင်၏ ပညတော်သည် ထူးဆန်းသည်

(၁) များစွာသော အစိတ်အပိုင်းများ၊
(၂) များစွာသော အဆင့်/အခန်းကဏ္ဍများ၊
(၃) နည်းမျိုးစုံနှင့် လက်တွေ့ဖော်ဆောင်နိုင်ခြင်းများ၊
(၄) ဤအရာများကို ဆင်ခြင်ဖော်ထုတ်၍ မြတ်နိူးတန်ဖိုးထားရမည်။

၄။ ၎င်း၌ အသင်းတော်လည်း ပါဝင်သည်။

က။ အသင်းတော်သည် ဦးစွာ ပညာတော်၌ ကြီးပွားရမည်။
ခ။ အသင်းတော်သည် ထိုပညာတော်ကို ပေါ်လွင်ထင်ရှားစေရမည်။
ဂ။ အသင်းတော်သည် ထိုပညာတော်ကို ထုတ်ဖော်ဟောကြားရမည်။

(၁) ကောင်းကင်အရပ်တို့၌ ရှိကြသော
(၂) အထွဋ်အမြတ်
(၃) အာဏာစက်၊

၅။ အဘယ်သို့ ဆောင်ရွက်ရမည်နည်း။

က။ အသင်းတော်က ဤပညတော်ကို တွေ့ရှိသောအခါ၊
ခ။ ထို့ကြောင့်၊ အသင်းတော်သည် ထိုပညာတော်ကို ရှာဖွေရမည်။
ဂ။ ယခုလက်ရှိ အသိပညာနှင့် ဉာဏ်ပညာတို့ကို ဦးစွာ တိုးတတ်စေရမည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ သင်းအုပ်ဆရာများမှ ဖော်ထုတ်ရမည့် ဆက်ကပ်မှုများ

က။ ပို၍လေးနက်သော ဉာဏ်ပညာကို ရှာဖွေခြင်း၊
ခ။ ပိုမိုကြီးမြတ်သော အသိပညာကို ရယူစုဆောင်းခြင်း၊

၂။ မျှဝေပေးကမ်းခြင်း

က။ တစ်ဦးချင်းတို့၏ ဉာဏ်ပညာကို မျှဝေရမည်။
ခ။ စုပေါင်းသော အသိဉာဏ်ရှိလာသည့်တိုင်အောင် မျှဝေပေးကမ်းကြရမည်။

၃။ပြုစုပျိုးထောင်ခြင်း

က။ ဗဟုသုတကို မြတ်နိူးခြင်း၊
ခ။ ဘုရားသခင်မှ လာသော ဉာဏ်ပညာကို မြတ်နိူးခြင်း၊

ဘုရားသခင်ထံတော်မှ ကျေးဇူးတော်နှင့် ကရုဏာတော်ကို မရပ်မနားဘဲ ဆုတောင်းရှာဖွေကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်