Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဇွန်လှိုင်လ (၁၁) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဇွန်လှိုင်လ (၁၁) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
စစ်၍မကုန်နိုင်သော ခရစ်တော်၏ ကြွယ်ဝပြည့်စုံခြင်း၏ ဧဝံဂေလိတရားကို တပါးအမျိုးသားတို့အား ဟောပြောခြင်းငှါ၎င်း၊ အလုံးစုံတို့ကို ယေရှုခရစ်အားဖြင့် ဖန်ဆင်းတော်မူသော ဘုရားသခင်၌ ရှေးကပ် ကာလပတ်လုံး ဝှက်ထားလျက်ရှိသော ထိုနက်နဲသောအရာနှင့် စပ်ဆိုင်သော သာသနာသည် အဘယ်သို့ ဖြစ်သည်ကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှါ၎င်း၊ သန့်ရှင်းသူအပေါင်းတို့တွင် အငယ်ဆုံးသော သူထက်သာ၍ ငယ်သော ငါအား ထိုကျေးဇူးတော်ကို ပေးတော်မူပြီ။
(ဧဖက် ၃:၈-၉)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ပေါလုတသက်လုံး ဆက်ကပ်မှု (ယေဘုယျ)

က။ ဘုရားသခင်၏အစေခံကျွန် ဖြစ်ရန်၊
ခ။ သစ္စာရှိသောသူ ဖြစ်ရန်၊

၂။ ပေါလုတသက်လုံး ဆက်ကပ်မှု (အတိအကျ)

က။ လူအပေါင်းတို့အား ထင်ရှားစေခြင်းငှါ (လူအပေါင်းတို့ကို သိမြင်စေခြင်းငှါ)

(၁) ဘုရားသခင်၏လေးနက်သော အရာများ၊
(၂) ဘုရားသခင်၏ နက်နဲသောအရာ၊
(၃) အလွန်နက်ရှိုင်းသော အသိပညာကို ရည်ညွန်းသည်။

ခ။ သာသနာ (မိတ်သဟာရဖွဲ့ခြင်း)

(၁) မိတ်သဟာရဖွဲ့ခြင်းသည် အခြားသောသူတို့နှင့် စကားအချေအတင်ပြောနေခြင်း မဟုတ်။
(၂) နက်နဲသော မိတ်သဟာရ၌ နက်နဲသောအမှန်တရားများနှင့် ထိုအမှန်တရားများကို ဝေငှခြင်း စသည်တို့ပါဝင်သည်။
(၃) ဤကဲ့သို့သော မိတ်သဟာရမျိုးသည် အလွန်ရှားပါးသော အရာဖြစ်သည်။

၃။ ကာလပတ်လုံး ဝှက်ထားလျက်ရှိသော နက်နဲသောအရာ

က။ ဘုရားသခင်ကိုယ်တိုင်က ဝှက်ထားသည်။
ခ။ လူသားတို့သည် ဤနက်နဲသောအရာတို့ကို ခံယူရန် အသင့်မဖြစ်ခဲ့ကြပေ။
ဂ။ ပေါလုသည် ဤနက်နဲသောအရာတို့ကို သူတပါးအား သွန်သင်လိုသည်။

၄။ အလုံးစုံတို့ကို ယေရှုခရစ်အားဖြင့်
က။ ဘုရားသခင်၏နက်နဲသောအရာတို့ကို ခရစ်တော်၌ ရှာဖွေရရှိနိုင်သည်။
ခ။ ထိုနက်နဲသောအရာတို့သည် သခင်ယေရှု၌ ဝှက်ထားလျက် ရှိသည်။

သခင်ယေရှုခရစ်တော်၌ တွေ့ရသော နက်နဲသောအရာ တစ်ချို့မှာ (ယောဟန် ၅)
၁။ အဖနှင့်သား ဆက်ဆံရေး (ယောဟန် ၅:၁၉-၂၀)
၂။ အသက်ပေးပိုင်သော တန်ခိုးနှင့်အခွင့် (ယောဟန် ၅:၂၁)
၃။ တရားစီရင်ပိုင်ခွင့် (ယောဟန် ၅:၂၂)
၄။ ထာဝရအသက် (ယောဟန် ၅:၂၄)

အသက်တာနှင့်အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း
၁။ ဘုရားသခင်ကို သိကျွမ်းခြင်းပညာ
က။ အစွမ်းကုန် ရှာဖွေရမည့် အသိပညာ ဖြစ်သည်။
ခ။ သခင်ခရစ်တော်ကို သိကျွမ်းခြင်းဖြင့် ဘုရားသခင်ပို၍ ကောင်းမွန်စွာ
နားလည်လာကြလိမ့်မည်။
၂။ အသက်ကို ရှာလော့။
က။ လောက၌ ရှင်သန်ခြင်း
ခ။ ထာဝရ အသက်
ဂ။ ကြွယ်ဝသော အသက်တာ
ဤအရာများသည် သခင်ခရစ်တော်၌ ရရှိနိုင်သောအရာများ ဖြစ်ကြသည်။
၃။ တသက်လုံး ဆက်ကပ်ခြင်း
က။ တမန်တော်ပေါလု၏ပုံသက်သေကို အတုယူကြစို့။
ခ။ နက်နဲသော သမ္မာတရားများကို သူတပါးတို့အား သွန်သင်ကြစို့။
ဂ။ သို့သော်၊ အကျွနု်ပ်တို့ကိုယ်တိုင်က ဦးစွာ ထိုအမှန်တရားများကို ရှာဖွေ
တွေ့ရှိကြရမည်။

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်