Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဇွန်လှိုင်လ (၄) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဇွန်လှိုင်လ (၄) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
စစ်၍မကုန်နိုင်သော ခရစ်တော်၏ ကြွယ်ဝပြည့်စုံခြင်း၏ ဧဝံဂေလိတရားကို တပါးအမျိုးသားတို့အား ဟောပြောခြင်းငှါ၎င်း၊ အလုံးစုံတို့ကို ယေရှုခရစ်အားဖြင့် ဖန်ဆင်းတော်မူသော ဘုရားသခင်၌ ရှေးကပ် ကာလပတ်လုံး ဝှက်ထားလျက်ရှိသော ထိုနက်နဲသောအရာနှင့် စပ်ဆိုင်သော သာသနာသည် အဘယ်သို့ ဖြစ်သည်ကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှါ၎င်း၊ သန့်ရှင်းသူအပေါင်းတို့တွင် အငယ်ဆုံးသော သူထက်သာ၍ ငယ်သော ငါအား ထိုကျေးဇူးတော်ကို ပေးတော်မူပြီ။

(ဧဖက် ၃း၈-၉)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ပေါလု၏ မိမိကိုယ်ကို ရှုမြင်ချက်သည် ပုံဥပမာယူထိုက်သည်။

က။ “သန့်ရှင်းသူအပေါင်းတို့တွင် အငယ်ဆုံးသော သူထက်သာ၍ ငယ်သော” သူစစ်မှန်သော နိုမ့်ချခြင်း ဖြစ်သည်။
ခ။ ပေါလုသည် မိမိကိုယ်ကို ခွန်အားကြီးသောသူ၊ မြင့်မြတ်သောသူ ဟုဘယ်တော့မှ မခံမယူ။

၂။ ပေးသနားတော်မူသော ဘုရားသခင်၏ကျေးဇူးတော်

က။ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်ကြရသည်။
ခ။ ကျေးဇူးတော်အားဖြင့် အစေခံနိုင်ကြသည်။
ဂ။ ကျေးဇူးတော်အားဖြင့် မစခြင်းခံကြရသည်။
ဃ။ ကျေးဇူးတော်၏ အခြားသော အနက်ဖွင့်ဆိုချက်များမှာ-

(၁) အကျွန်ုပ်တို့သည် မည်သည့်အရာမျှ ထိုက်တန်သည် မရှိ။
(၂) အကျွန်ုပ်တို့သည် ဘုရားသခင်၏မျက်နှာသာနှင့် သနားခြင်းဂရုဏာတော်ကို ခံစားကြရသည်။

င။ ပေါလုအသက်တာ၌ အမှုတော်မြတ်သည် အလွန်သိသာထင်ရှားသည်။

(၁) ကျေးဇူးတော်ခံရသောအကြောင့်၊ များစွာသောအရာတို့ကို တတ်စွမ်းနိုင်သည် ဟု ပေါလုခံယူသည်။
(၂) မိမိကိုယ်ကို မိမိ နာမည်ကောင်းရယူခြင်း မပြု။

၃။ တပါးအမျိုးသားတို့နှင့်စပ်ဆိုင်သော အမှုတော်မြတ်

က။ ပေါလုကိုယ်တိုင် အာရုံစိုက်ထားသော အချက်ဖြစ်သည်။
ခ။ အင်မတန်မှ ခက်ခဲသော အမှုတော်လည်း ဖြစ်သည်။

(၁) ရုတ်တုဆင်းတုများကို ကိုးကွယ်သူများ၊
(၂) အမှောင်တု၌ ကျင်လည်သောသူများ၊
(၃) သူတို့နှလုံးသား၏စေခိုင်းရာအတိုင်း အသက်ရှင်ကြသောသူများ(ဧဖက် ၂)၊

၄။ တရားဟောပြောခြင်း အမှုတော်

က။ လွယ်ကူသော အတတ်ပညာ မဟုတ်။

(၁) ထိထိမိမိ စကားပြောတတ်ခြင်း၊
(၂) ဘုရားသခင်၏တန်ခိုး ထင်ရှားခြင်း၊

ခ။ တရားဟောပြောခြင်းအမှု၌ ကျွမ်းကျင်နိုင်ရန် လိုအပ်သော အချက်အလက်များ

(၁) ဗဟုသုတ (အသိပညာ)၊
(၂) စကားပြောဆိုခြင်း နည်းပညာ၊
(၃) သွန်သင်ဆုံးမခြင်း နည်းပညာ၊
(၄) သခင်ခရစ်တော်၏အကြောင်းကို များစွာ (ကျယ်ပြန့်စွာ) သိကျွမ်းခြင်း၊

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ မိမိတို့ ကိုယ့်ကို အဘယ်သို့ ရှုမြင်ကြသနည်း။
နှိမ့်ချစွာ ရှုမြင်ကြသလား။

၂။ အဘယ်မျှလောက် အသိပညာ (ဗဟုသုတ) ကြွယ်ဝကြသနည်း။
အကျွန်ုပ်တို့၏ အသိပညာသည် မည်မျှ နက်ရှိုင်းသနည်း။

၃။ တရားဟောရာ၌ အဘယ်မျှလောက် ကျွမ်းကျင်ကြသနည်း။
တရားဆရာများအနေဖြင့် အမှန်ကျွမ်းကျင်ကြသလား။

၄။ အကျွန်ုပ်တို့နေဖြင့်၊

က။ ပို၍ တိုးတတ်ကြစို့။
ခ။ ထိရောက်၍ အသီးကြွယ်ဝသောသူများ ဖြစ်လာမည်အကြောင်း ဆုံးဖြတ်ချက်ချကြစို့။
ဂ။ ဘုရားသခင်၏ကျေးဇူးတော် နောက်ထပ် တစ်ဖန် ခံစားရမည်အကြောင်းဆုတောင်းကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်