Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဇွန်လ (၂၇) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဇွန်လ (၂၇) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
တန်ခိုးတော်ပြုပြင်သောအားဖြင့် ငါ့အားပေးသနားတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ခံရသည်နှင့်အညီ၊ ထိုတရားကို ဟောပြောသောဆရာ၏ အဖြစ်သို့ ငါရောက်ရပြီ။
(ဧဖက် ၃း၇)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ကိုယ်တွေ့သက်သေခံချက်

က။ ဧဖက် ၃ ကို ပေါလု၏ကိုယ်တွေ့သက်သေခံချက်အနေဖြင့် ဖတ်ရှုနိုင်သည်။
ခ။ ပေါလုသည် သူ၏အမှုတော်မြတ်နှင့်စပ်လျဉ်း၍ ပွင့်လင်းစွာ ဝေငှသက်သေခံသည်။

၂။ ထိုတရားကို ဟောပြောသောဆရာ၏ အဖြစ်သို့ ငါရောက်ရပြီ

က။ “ဆရာ” ဟူသော စကားလုံးသည် “deacon” ဖြစ်သည် (၁ တိ ၃း၁)။
ခ။ သင်းထောက် ဖြစ်လာသည်ဟု ပေါလု မဆိုလို။
ဂ။ အလွန်နှိမ့်ချသော ဘုရားသခင်၏အစေခံကျွန် ဖြစ်လာသည်ဟု ဆိုလိုသည်။
ဃ။ တမန်တော်တစ်ပါး၊ များစွာသောအသင်းတော်ကို တည်ထောင်သောသူ၊

ဓမ္မပညာရှင်တစ်ဦး ဖြစ်သော်လည်း၊ ပေါလုသည် မိမိကိုယ်ကို ရိုးရှင်း၍ နှိမ့်ချသော
အစေခံကျွန်အဖြစ်သာ ရှုမြင်သည်။

၃။ ငါ့အားပေးသနားတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ခံရသည်နှင့်အညီ၊

က။ ပေါလုသည် မိမိ၏ဆိုးဝါးသော အတိတ်ကို ဘယ်တော့မှ မမေ့ (၁ တိ ၁း၁၃)။

(၁) ဘုရားသခင်ကို ကဲ့ရဲ့သောသူ၊
(၂) ယုံကြည်သူတို့ကို ညဉ်းဆဲသောသူ၊
(၃) ကြမ်းကြုတ်သောသူ၊

ခ။ ဘုရားသခင်၏ကျေးဇူးတော်

(၁) ဘုရားသခင်သည် ပေါလုအား အတိုင်းထက်အလွန် ကြွယ်ဝသော
ကျေးဇူးတော်ကို ပြတော်မူသည် ( ၁ တိ ၁း၁၄)။
(၂) ဘုရားသခင်သည် ပေါလုအား ကြီးမားသော ယုံကြည်ခြင်းနှင့်
ချစ်ခြင်းကိုလည်း ပြတော်မူသည် (၁ တိ ၁း၁၄) ။

ဂ။ ဘုရားသခင်၏အစေကို ခံဖို့ရန် ဆင်ခြင်နှလုံးသွင်းသောအခါ၊ ပေါလုသည် ကျေးဇူးတော်ကို အောက်မေ့သည်။

၄။ တန်ခိုးတော်ပြုပြင်သောအားဖြင့်၊

က။ ကျေးဇူးတော်သည် ဓမ္မကြောင်းနှင့်ဆိုင်သော စကားလုံးသာ မဟုတ်။
ခ။ ထိုကျေးဇူးတော်အားဖြင့်၊ ပေါလုသည် ဘုရားသခင်၏တန်ခိုးကို ခံရသည်။

(၁) ဘုရားသခင်၏တန်ခိုးတော်သည် ပေါလုအသက်တာ၌ ထိရောက်သိ သာစွာ အလုပ်လုပ်သည်။
(၂) ဘုရားသခင်၏တန်ခိုးသည် ပေါလုအသက်တာကို ရာနှုန်းပြည့် ပြောင်းလဲ
စေသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အမှုတော်ကို အဘယ်သို့ ရှုမြင်ကြသနည်း။

က။ ပေါလု၏ ပုံသက်သေကို ဆင်ခြင်ကြစို့။
ခ။ ပေါလုသည် အားကြီးသော အမှုတော်ဆောင်ဖြစ်သော်လည်း၊ မိမိကိုယ်မိမိအစေခံကျွန်အဖြစ်သာ ရှုမြင်သည်။

၂။ ဘုရားသခင်၏ကျေးဇူးတော်

က။ ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်သတိရစွဲလမ်းကြစို့။
ခ။ အကျွန်ုပ်တို့သည် အားကြီးသောကြောင့်၊ ဘုရားသခင်၏အစေကို ခံကြသည်မဟုတ်။
ဂ။ အကျွန်ုပ်တို့သည် ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ အစေခံကြရသည်။

၃။ ဘုရားသခင်၏တန်ခိုးတော်

က။ သတိနှင့် သိမှတ်စွဲလမ်းရမည့် အချက်ဖြစ်သည်။
ခ။ တန်ခိုးမပါဘဲ အစေခံခြင်းသည် အချည်းနှီးသက်သက် ဖြစ်သည်။
ဂ။ ဘုရားသခင်၏တန်ခိုးသည် အကျွနု်ပ်တို့၏အသက်တာ၌ ထင်ရှားစွာမြင်သာနေရမည်။

အကျွန်ုပ်တို့၏အမှုတော်မြတ်ကို ပြန်လည် သုံးသပ်ကြစို့။ အားနည်းချက်များရှိရာ၌ ဘုရားသခင်၏ပြန်လည်အသက်သွန်းခြင်းအမှုကို ရှာကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်