Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဇွန်လ (၂၀) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဇွန်လ (၂၀) ရက်

 

ချစ်သော ညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
ထိုနက်နဲသောအရာကို သန့်ရှင်းသော တမန်တော်တို့နှင့် ပရောဖက်တို့အား၊ ယခုကာလ၌ ဝိညာဉ် တော်အားဖြင့် ဖွင့်လှစ်တော်မူသည်နည်းတူ၊ အခြားသော ကာလတို့၌ လူမျိုးတို့အား ပြတော်မမူ။ ထိုနက်နဲသောအရာဟူကား၊ တပါးအမျိုးသားတို့သည် ဧဝံဂလိတရားအားဖြင့် ယုဒလူမျိုးတို့နှင့်အတူ အမွေခံ၍၊ တလုံးတဝတကိုယ်တည်းဖြစ်လျက်၊ ခရစ်တော်နှင့်ဆိုင်သောဂတိတော်ကို ဆက်ဆံကြရသတည်း။

(ဧဖက် ၃း၅-၆)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ အခြားသော ကာလတို့၌ လူမျိုးတို့အား ပြတော်မမူ

က။ ဘုရားသခင်သည်သာ (မိမိ၏နက်နဲသောအကြံအစည်) ဖွင့်ပြခြင်း (သို့မဟုတ်)ဝှက်ထားခြင်း အခွင့်ရှိသည်။
ခ။ ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့ကို အတိတ်ကာလ၌ ဖော်ပြခြင်း၊ဖွင့်ပြခြင်း မပြုခဲ့သည်ကို ပေါလု မှတ်သားခဲ့သည်။

၂။ ဗျာဒိဏ်တော် (ဖွင့်ပြခြင်း) ဆိုသည်မှာ အဘယ်နည်း။

က။ တပါးအမျိုးသားတို့သည် ဧဝံဂလိတရားအားဖြင့် ယုဒလူမျိုးတို့နှင့်အတူအမွေခံဖြစ်ကြသည်။
ခ။ သူတို့နှစ်မျိုးစလုံးသည် တလုံးတဝတကိုယ်တည်း (ခရစ်တော်၏ကိုယ်ဖြစ်သောအသင်းတော်၏အစိတ်အပိုင်းများ) ဖြစ်ကြသည်။
ဂ။ သူတို့သည် အာဗြဲဟံအား ကတိပေးသော ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကိုဆက်ဆံသောသူများ ဖြစ်ကြသည်။

၃။ ဤနက်နဲသော အမှန်တရားကို အဘယ်သူက ဖွင့်ပြတော်မူသနည်း။

က။ သန့်ရှင်းသောဝိညာဉ်တော်။
ခ။ သန့်ရှင်းသောဝိညာဉ်တော်က အမှန်တရားကို တပည့်တော်တို့အား သွန်သင်၍ လမ်းပြလိမ့်မည်ဟု ခရစ်တော်ကိုယ်တိုင် ပြောခဲ့သည် (ယောဟန် ၁၄း၂၆)။

၄။ သန့်ရှင်းသောဝိညာဉ်တော်သည် ဤအမှန်တရားကို မည်သူတို့အား ဖွင့်ပြတော်မူသနည်း။

က။ တမန်တော်တို့များ၊
ခ။ ပရောဖက်များ၊
ဂ။ သူတို့ကို “သန့်ရှင်းသော”သူတို့ဟု သတ်မှတ်ကြသည်။
ဃ။ ဤသမ္မာတရားကို သိကျွမ်းခြင်းသည် သူတို့၏အခွင့်ထူးပင် ဖြစ်သည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ တန်းဖိုးထားမြတ်နိူးရမည့် အရာများ

က။ သန့်ရှင်းသောဝိညာဉ်တော်၏အမှုတော်၊
ခ။ အကျွန်ုပ်တို့အား ဖွင့်ပြတော်မူသော ဘုရားသခင်၏နှုတ်ကပတ်တော်၊
ဂ။ သခင်ခရစ်တော်၏ကြီးမြတ်သော အလုပ်၊

၂။ တပါးအမျိုးသားတို့

က။ ကျွန်တော်တို့သည် ပေါလု ရေးသားသော တပါးအမျိုးသားများ ဖြစ်ကြသည်။
ခ။ သခင်ခရစ်တော်နှင့် သူပြုသောအမှုတို့ကြောင့်၊ အကျွန်ုပ်တို့သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို အံ့ဖွယ်စွာ ခံစားကြရသည်။

၃။ လူအများစုသည် ဤအမှန်တရားကို တန်ဖိုးထားမြတ်နိူးခြင်း မရှိကြ။

က။ မိမိတို့အစွမ်းအစဖြင့်၊ အကျွန်ုပ်တို့သည် ဘုရားသခင်၏အမွေခံများ မဖြစ်နိုင်။
ခ။ အကျွန်ုပ်တို့သည် မိမိတို့ဘာသာ ကတိတော်ကို ဆက်ဆံသောသူများ မဖြစ်နိုင်။
ဂ။ အကျွန်ုပ်တို့သည် (ခရစ်တော်မပါဘဲ) ဘုရားသခင်၏လူမျိုးတော်တို့နှင့်အတူ တလုံးတဝတည်း မဖြစ်နိုင်။
ဃ။ အကျွန်ုပ်တို့သည် ဘုရားသခင်၏နိုင်ငံတော်နှင့် မဆိုင်သော သူစမ်းများသာ
ဖြစ်ကြသည်။

၄။ သင့်တော်သော တုံ့ပြန်မှု

က။ သခင်ဘုရားကို အချိန်ယူ၍ ချီးမွမ်းကြစို့။

(၁) အကျွန်ုပ်တို့အား ပေးထားသော ကတိတော်နှင့်ဆိုင်သောကောင်းချီးမင်္ဂလာများကြောင့်၊
(၂) ဤအမှန်တရားကို အကျွန်ုပ်တို့အား ဖွင့်ပြသောကြောင့်၊

ခ။ ဤလေးနက်သော အမှန်တရားများကို လက်ဆင့်ကမ်းသင်ပေးကြစို့။

(၁) ပို၍လေးနက်စွာ သွန်သင်ပါ။
(၂) တန်းဖိုးထားတတ်မည်အကြောင်း သွန်သင်ပါ။
(၃)ဘုရားသခင်၏ကောင်းချီးမင်္ဂလာများကို ပေါ့တန်စွာ မခံယူကြရန်
သွန်သင်ပါ။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်) တန်