Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၀၊ နိုဝင်ဘာလ (၂၉)

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၀၊ နိုဝင်ဘာလ (၂၉)

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
အကြောင်းမူကား၊ မင်္ဂလာရှိသော မြော်လင့်ရာကို၎င်း၊ ကြီးမြတ်သော ဘုရားသခင်တည်းဟူသော၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းကို၎င်း၊12 ငါတို့သည် မြော်လင့်လျက်၊ ဘုရားမဲ့ တရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကို ပယ်ရှားလျက်၊ ယခု ဘဝ၌ ဣန္ဒြေစောင့်ခြင်း၊ တရားသဖြင့်ကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျှော်ခြင်းတို့ကို ပြုနေရမည်အကြောင်း၊ ငါတို့ကို ဆုံးမသွန်သင်၍၊ လူအပေါင်းတို့ကို ကယ်တင်တတ်သော ဘုရားသခင်၏ကျေးဇူးတော်သည် ထင်ရှား ပေါ် ထွန်းလျက်ရှိ၏။
14 ထိုသခင်ယေရှုခရစ်သည် ခပ်သိမ်းသော ဒုစရိုက်မှ ငါတို့ကို ရွေးနှုတ်ခြင်းငှါ၎င်း၊ ကောင်းသော အကျင့်ဘက်၌ စိတ်အားကြီး၍၊ ပိုင်ထိုက်တော်မူသော အမျိုးကိုမိမိအဘို့ စင်ကြယ်စေခြင်းငှါ၎င်း၊ ကိုယ်ကို ကိုယ် စွန့်ကြဲတော်မူပြီ။
(တိ ၂း၁၃-၁၄)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဒုတိယကြွလာခြင်း

က။ မင်္ဂလာရှိသော မျှော်လင့်ခြင်း ဟုခေါ်သည်။
ခ။ ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်း ဟုလည်းခေါ်သည်။

၁) ငါတို့ကို ကယ်တင်တော်မူသော သခင်ယေရှု
၂) အရှင်သခင် ခရစ်တော်

၂။ သခင်ခရစ်တော်နှင့်စပ်လျဉ်းသော စိတ်ကူးစိတ်သန့်များ

က။ အကျွန်ုပ်တို့အတွက် ကိုယ်ကို ကိုယ်စွန့်ကြဲတော်မူသည်။
ခ။ အကျွန်ုပ်တို့ကို ရွေးနှုတ်ခြင်းငှါ မိမိကိုယ်ကို စွန့်တော်မူသည်။

၁) အပြစ်ဒုစရိုက်များမှ ရွေးနူတ်ရန်၊
၂) မတရားသောအမှုများမှ ကယ်တင်ရန်၊

ဂ။ ရွေးနှုတ်ခြင်း၏ ရည်ရွယ်ချက်

၁) အကျွန်ုပ်တို့သည် စင်ကြယ်ကြမည်အကြောင်း၊
၂) အကျွန်ုပ်တို့သည် သူ၏လူမျိုးတော်ဖြစ်မည်အကြောင်း၊
၃) ကောင်းသော အကျင့်ဘက်၌ စိတ်အားကြီးကြမည်အကြောင်း၊ ဖြစ်သည်။

၃။ သင်းအုပ်ဆရာအနေဖြင့် သခင်ဘုရားကိုယ်စား ပြောဆိုခြင်း

က။ သမ္မာကျမ်းစာနှင့်ညီသော အရာများကိုသာ ပြောဆိုရမည်။
ခ။ သူတပါးအား တိုက်တွန်းနိူးဆော်ရမည်။
ဂ။ လိုအပ်ပါက ဆုံးမသွန်သင် ရမည်။
ဃ။ ဤအရာများသည် ဘုရားသခင်၏အစေခံကျွန်များအား ဘုရားသခင်ပေးအပ်သော လုပ်ပိုင်ခွင့်များ ဖြစ်သည်။

၄။ ပြဿနာများ ရင်ဆိုင်ရမည်မှာ သေချာ

က။ ကဲရဲသောသူများ ရှိလိမ့်မည်။
ခ။ အဆုံးမခံသောသူများ ပြန်တုန့်ပြန်လိမ့်မည်။
ဂ။ မည်သူမျှ ဆုံးမသွန်သင်၍ အမှားထောက်ပြခြင်း မခံလိုကြ။

 

အသက်တာနှင့်အမှုတော်မြတ်၍ လက်တွေ့ဖော်ဆောင်ခြင်း

၁။ သမ္မကျမ်းစာနှင့်ညီသော သွန်သင်ချက်များ

က။ သစ္စာရှိစွာ ဆောင်ရွက်ရမည်။
ခ။ ကျွမ်းကျင်စွာ၊ ထိရောက်စွာ ဆောင်ရွက်ရမည်။

၂။ အသင်းတော်တွင်း ပြဿနာများ
အသင်းတော်ကို ဒုက္ခပေးသောပြဿာနာများစွာ ရှိသည်။

က။ အချို့သောပြဿနာများသည် သင်းအုပ်ဆရာကြောင့် ဖြစ်သည်။

၁) လူတွေကို ကြောက်နေခြင်း၊
၂) မလုံလောက်သော ဗဟုသုတ
၃) ကောင်းမွန်စွာ မသင်ယူခြင်း၊ မသွန်သင်နိုင်ခြင်း၊ နှင့် မဟောကြားနိုင်ခြင်း

ခ။ အကျွန်ုပ်တို့အတွက် စိန်ခေါ်ချက်

၁) သိသာစွာ တိုးတတ်ရမည်။
၂) တန်ခိုးနှင့်ဉာဏ်ပညာဖြင့် ဘုရားသခင် မစတော်မူရန် ဆုတောင်းရမည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်