Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဇွန်လ (၁၃) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဇွန်လ (၁၃) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
ကျေးဇူးတော်သာသနာကို အပ်ပေးသည် အကြောင်းဟူမူကား၊ ငါသည်အထက်က အနည်းငယ် ရေးထားခဲ့သည်အတိုင်း၊ ဘုရားသခင်သည် ဗျာဒိဏ်တော်အားဖြင့် နက်နဲသောအရာကို ငါ့အားပြတော်မူ၏။ ထိုစကားကိုဘတ်ရွတ်လျှင်၊ ခရစ်တော်၏ နက်နဲသောအရာ၌ ငါလေ့ကျက်သည်ကို သင်တို့သည် သိရ ကြမည်။
(ဧဖက် ၃း၃-၄)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။“ ဗျာဒိဏ်တော်အားဖြင့်”

က။ ဗျာဒိဏ်တော်

(၁) အရေးကြီးသော သွန်သင်ချက် ဖြစ်သည်။
(၂) ဘုရားသခင်သည် မိမိ၏နှုတ်ထွက်စကားတော်ကို အကျွန်ုပ်တို့အားဖွင့်ပြတော်မူသည်။

ခ။ လူတို့၏ဉာဏ်

(၁) အကန့်အသတ် ရှိသည်။
(၂) ဘုရားသခင်ကို ကောင်းမွန်စွာ နားလည်နိုင်ခြင်း မရှိ။

၂။ “ငါသည်အထက်က အနည်းငယ် ရေးထားခဲ့သည်အတိုင်း၊ ဘုရားသခင်သည် ဗျာဒိဏ်တော် အားဖြင့် နက်နဲသောအရာကို ငါ့အားပြတော်မူ၏”

က။ ဘုရားသခင်သည်သာ ဗျာဒိဏ်ပေးသောသူ ဖြစ်သည်။
ခ။ ဘုရားသခင်သည် အောက်ပါတို့ကို ဖွင့်ပြပေးသည်။

(၁) မိမိ၏နှုတ်ထွက်စကား၊
(၂) မိမိ၏သွန်သင်ချက်များ၊

ဂ။ နက်နဲသောအရာ

(၁) မသိနားမလည်သောအရာများ၊
(၂) သိုဝှက်ထားသော အရာများ၊

ဃ။ “အထက်က အနည်းငယ် ရေးထားခဲ့သည်အတိုင်း”

(၁) ဧဖက် ၁-၂ ကိုပြန်ဖတ်ပါ။
(၂) များစွာသော နက်နဲသောအရာတို့ကို ဖွင့်ပြပြီး ဖြစ်သည်။

၃။ “ထိုစကားကိုဘတ်ရွတ်လျှင်၊ ခရစ်တော်၏ နက်နဲသောအရာ၌ ငါလေ့ကျက်သည်ကို သင်တို့သည် သိရ ကြမည်”

က။ ဖတ်ရွတ်ခြင်း

(၁) အကျွန်ုပ်တို့၏ တာဝန်ဝတ္တရားဖြစ်သည်။
(၂) ဖတ်ရွတ်ခြင်းအားဖြင့် အကျွန်ုပ်တို့သည် နားလည်လာလိမ့်မည်။

ခ။ ပေါလု၏ အသိပညာ

(၁) ပေါလုသည် များစွာသောအရာတို့ကို သိကျွမ်းသည်။
(၂) ပေါလုသည် လေးနက်စွာ နားလည်သဘောပေါက်သည်။

ဂ။ “ခရစ်တော်၏ နက်နဲသောအရာ”

(၁) သခင်ယေရှုသည် ခရစ်တော်ဖြစ်သည်ဟု အနည်းငယ်သောသူတို့သာနားလည်ကြသည်။
(၂) ပေါလုသည် ဤအမှန်တရားကြီးကို သူတပါးတို့အား သင်ပေးလိုသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အကျွန်ုပ်တို့၏ စိန်ခေါ်ချက်

က။ ပို၍လေးနက်စွာ ဖတ်ရွတ်ခြင်း၊
ခ။ သခင်ခရစ်တော်၏နက်နဲသောအရာတို့ကို နားလည်ခြင်း၊

၂။ အကျွန်ုပ်တို့၏ လက်တွေ့ကျင့်ဆောင်ခြင်း

တမန်တော်ပေါလုကဲ့သို့၊ သခင်ယေရှုခရစ်တော်၏နာမတော်မြတ်ကို ဟောကြားသက်သေခံဖို့ရန် လေးနက်စွာ ဆက်ကပ်ကြစို့။ သခင်ဘုရားကို သိကျွမ်းခြင်းအမှု၌ တိုးတတ် ကြီးထွားမည်အကြောင်း ကြီုးစားကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်) တန်