Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဇွန်လ (၆) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဇွန်လ (၆) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

ထိုအကြောင်းကြောင့် ငါပေါလုသည် ယေရှုခရစ်နှင့်စပ်ဆိုင်သောအားဖြင့် အကျဉ်းခံရ၏။ သင်တို့အကျိုးကို ထောက်၍ ငါ့အားအပ်ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော် သာသနာကို သင်တို့ကြားသိရသည်နှင့်အညီ၊ တပါးအမျိုးဖြစ်သော သင်တို့အတွက်ကြောင့် ငါခံရ၏။

(ဧဖက် ၃း၁-၂)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဧဖက်အခန်း ၃

က။ ဤအခန်းကြီး (၃) သည် ပေါလုအနေဖြင့် မိမိသက်သေခံချက်ကဲ့သို့ ရေးသားသည်။
ခ။ ပေါလုသည် သူ၏အသက်တာနှင့် အမှုတော်မြတ်အကြောင်းကို ဖွင့်လင်းစွာ ဝေငှသည်။

၂။ ပေါလု၏အသက်တာ

က။ အကျဉ်းသား

(၁) လက်တွေ့၌ ပေါလုသည် ရောမအင်ပါယာ၏ အကျဉ်းသား ဖြစ်သည်။
(၂) တင်စားပြီးပြောရပါက၊ သူသည် သခင်ခရစ်တော်၏အကျဉ်းသားဖြစ်သည်။

ခ။ တပါးအမျိုးသားတို့နှင့်ဆိုင်သော အမှုတော်

(၁) သခင်ဘုရားသည် ဤအမှုတော်ကို ပေါလုအား ပေးသနားတော်မူသည်။
(၂) ပေါလုသည် တပါးအမျိုးသားတို့၌ အမှုတော်အလွန်အောင်မြင်ခဲ့သည်။

ဂ။ ပေါလု၏အမှုတော်မြတ်၌ ရင်ဆိုင်ရသော တိုက်လှန်ခြင်းများ

(၁) တပါးအမျိုးသားတို့၌ ပေါလုအမှုတော်ဆောင်သည်ကို အချို့သောယုဒလူမျိုးတို့သည် မကျေမနပ် ဖြစ်ကြသည်။
(၂) သူတို့သည် ပေါလုကို အပြင်းအထန် ကန့်ကွဲခဲ့ကြသည်။
(၃) သူတို့သည် ပေါလုကို ခါးသီးစွာ တိုက်လှန်ခဲ့ကြသည်။
(၄) သူတို့သည် ဖြစ်နိုင်ပါက ပေါလုကို ဖမ်းဆီး ချုပ်နှောင်ပြီး၊ သူ့အသက်ကိုပင် သတ်ပစ်လိုကြသည်။

၃။ ဘုရားသခင်၏ ကျေးဇူးတော်

က။ ပေါလုသည် “ကျေးဇူးတော်” ဟူသောစကားလုံးသည် တမူထူးခြားစွာ မကြာခဏသုံးသည်။
ခ။ ကျေးဇူးတော် သည်

(၁) ကယ်တင်ခြင်းအတွက်၊
(၂) အစေခံခြင်းအတွက်၊
(၃) အနစ်နာ၊ ဆင်းရဲဒုက္ခခံခြင်းအတွက်၊ ဖြစ်သည်။

ဂ။ “ကျေးဇူးတော် သာသနာ”

(၁) သူ၌ ပေးသနားခြင်းခံရသော ဘုရားသခင်၏ကျေးဇူးတော်ကို ပေါလု အသိအမှတ်ပြုသည်။
(၂) တပါးအမျိုးသားတို့နှင့်စပ်ဆိုင်သော အမှုတော်သည် ကျေးဇူးတော်မှ ဖြစ်ပေါ်လာသည်။
(၃) ဘုရားသခင်၏ကျေးဇူးတော်နှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစ်စုံတစ်ခုမျှ မရှိ။

 

အသက်တာနှင့်အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အကျွန်ုပ်တို့၏အသက်တာကို အဘယ်သို့ ရှုမြင်ကြသနည်း။

က။ ပေါလုသည် သခင်ဘုရားအတွက် အနစ်နာခံလိုသည်။ ဒုက္ခဆင်းရဲခံလိုသည်။
ခ။ သခင်ဘုရားနှင့် အသင်းတော်အတွက် ဒုက္ခဆင်းရဲခံဖို့ ကြောက်ရွံ့ခြင်း မရှိကြစို့နှင့်။

၂။ အကျွန်ုပ်တို့၏အသက်တာ၌ ကျေးဇူးတော်ကို မည်သို့ ခံယူကြသနည်း။

က။ ကျေးဇူးတော်သည် ကယ်တင်ခြင်းအတွက်သာ မဖြစ်ရ။
ခ။ ကျေးဇူးတော်သည် အမှုတော်မြတ် (အစေခံခြင်း)အတွက်လည်း ဖြစ်ရမည်။

၃။ အကျွန်ုပ်တို့၏အသက်တာနှင့် အမှုတော်မြတ်၌ ကျေးဇူးတော်၏အခန်းဏ္ဍ

က။ သခင်ဘုရား၏အစေခံ ခံစေနိုင်သောအရာသည် ကျေးဇူးတော်ပင် ဖြစ်သည်။
ခ။ ကျေးဇူးတော်သည် အစေခံရာ၌ အကျွန်ုပ်တို့ကို နှိမ့်ချစေမည်။
ဂ။ ကျေးဇူးတော်သည် အကျွန်ုပ်တို့၌ ရှိသောအရာများမှာ အကျွန်ုပ်တို့နှင့် လုံး၀မထိုက်တန်ကြသည်ကို သတိပေးနေသည်။
ဃ။ ကျေးဇူးတော်သည် ဘုရားသခင်ကို သိကျွမ်းခြင်းအမှု၌ ပို၍နက်ရှိုင်းစွာ သိမြင်ဖို့အကျွန်ုပ်တို့ကို တွန်းပို့ပေးသည်။
င။ အကျွန်ုပ်တို့၏အသက်တာနှင့် အမှုတော်မြတ်၌ ကျေးဇူးတော်ကို အဓိကအကြောင်းတရားအဖြစ် မှတ်ယူကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်