Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ မေလ (၃၀ ) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ မေလ (၃၀ ) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
ထိုတိုက်ထောင့်အမြစ်ကျောက်ကား၊ ယေရှုခရစ်ဖြစ်သတည်း။ ထိုကျောက်နှင့်တတိုက်လုံးသည် စေ့စပ်၍ ကြီးပွားသဖြင့်၊ သခင်ဘုရားအဘို့အလိုငှါ သန့်ရှင်းသော ဗိမာန်တော်ဖြစ်၏။ ထိုဗိမာန်တော်၌လည်း၊ ဘုရားသခင်သည် ဝိညာဉ်တော်အားဖြင့် ကျိန်းဝပ်တော်မူခြင်းအလိုငှါ၊ သင်တို့သည် ငါတို့နှင့်အတူ တည်ဆောက်လျက်ရှိကြ၏။
(ဧဖက် ၂း၂၁-၂၂)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ “ထိုကျောက်”

က။ သခင်ခရစ်တော်ကို ရည်ညွန်းသည်။
ခ။ သူသည် အဓိကအခန်းကဏ္ဍ၌ ရှိသည်။

၂။ အဆောက်အဦး ပုံရိပ်

က။ အဆောက်အဦးတစ်ခုလုံး
ခ။ အစိတ်အပိုင်းသာ မဟုတ်ဘဲ၊ တစ်ခုလုံး

၃။ အတူတကွ “စေ့စပ်၍ ကြီးပွား”

က။ တစ်လုံးတစ်ဝတည်းဖြစ်ခြင်း၊ စည်းလုံးခြင်း ဖြစ်သည်။
ခ။ ခြားနားသောကဏ္ဍများရှိသော်လည်း၊ အတူတကွဆက်နွယ်ကြသည်။
ဂ။ အမျိုးမျိုးသော ဝိညာဉ်ဆုကျေးဇူးများပိုင်ဆိုင်သော်လည်း၊ စည်းလုံးစွာအစေခံကြသည်။

၄။ ကြီးထွားခြင်း

က။ အရေးပါသော အချက်ဖြစ်သည်။
ခ။ ကြီးထွားခြင်းရှိသည်မှာ သဘာဝပင် ဖြစ်သည်။
ဂ။ မကြီးထွားခြင်းသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို ဖော်ပြသောအချက်ဖြစ်သည်။

၅။ သန့်ရှင်းသော ထိုဗိမာန်တော်ကို တည်ဆောက်လျက်

က။ ရှေးခေတ်က က္ကုသရေလလူမျိုးများအတွက် ဗိမာန်တော်သည် မရှိမဖြစ်သောအရာ တစ်ခုဖြစ်သည်။
ခ။ ဗိမာန်တည်ဆောက်ရန် များစွာသော ပေးဆပ်ခြင်းများ ရှိရမည်။
ဂ။ အသင်းတော် တည်ဆောက်ရာမှာလည်း ထိုနည်းတူ များစွာပေးဆပ်ကြရမည်ဖြစ်သည်။

(၁) ငွေအင်အား၊
(၂) လူအင်အား၊
(၃) အချိန်
(၄) အစွမ်းအစ၊ စသည်တို့ကို ပေးဆပ်ကြရမည်။

၆။ “သင်တို့သည် ငါတို့နှင့်အတူ တည်ဆောက်”

က။ “သင်တို့” သည် လူထုကို ရည်ညွန်းသည်။
ခ။ သခင်ဘုရား ကျိန်းဝပ်ရန် သင့်တော်သော နေရာဖြစ်လာကြသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အသင်းတော် ဆိုသည်မှာ-

က။ မြင်ရသော အဆောက်အဦးကိုသာ မဆိုလို။
ခ။ ယုံကြည်သော အသင်းဝင်များဖြင့် အသင်းတော် ဖြစ်တည်သည်။

၂။ အသင်းတော်အတွက် စိန်ခေါ်ချက်များ

က။ သင်းအုပ်ဆရာများအတွက်

(၁) နားလည်ရမည်။
(၂) လက်ဆင့်ကမ်း၍ သင်ပေးရမည်။

ခ။ အသင်းဝင်များအတွက်

(၁) နားလည်သဘောပေါက်ခြင်းအမှု၌ ကြီးထွါးရမည်။
(၂) အသင်းတော်၌ “အံဝင်ခွင်ချ” ဖြစ်ရမည်။

၃။ အသင်းတော်များ၌ အားနည်းချက်

အသင်းတော်ကို မှန်ကန်စွာ နားမလည်ခြင်း။ အသင်းတော်ကို မှားယွင်းစွာ ခံယူခြင်း။
ဤအချက်တို့ကို အလျှင်အမြင် ပြင်ဆင်ရမည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်