Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ မေလ (၁၆)

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ မေလ (၁၆)

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

ထိုခရစ်တော်သည်လည်းကြွလာ၍၊ ဝေးလျက်ရှိသော သင်တို့အား၎င်း၊ နီးလျက်ရှိသောငါတို့အား၎င်း၊ ရန်ငြိမ်းခြင်းတရားတည်းဟူသော ဧဝံဂေလိတရားကို ဟောတော်မူ၏။ ထိုသို့ ခရစ်တော်အားဖြင့် ငါတို့နှစ်ဦးသည် စိတ်ဝိညာဉ်တလုံးတဝတည်းဖြစ်၍၊ ခမည်းတော်ထံသို့ တိုးဝင်ရမည်အခွင့်ကို ရကြပြီ။
(ဧဖက် ၂း၁၇-၁၈)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ “ထိုခရစ်တော်” ဟုဆိုရာ၌

က။ သခင်ယေရှုခရစ်တော်ကို ရည်ညွန်းသည်။
ခ။ “ထိုခရစ်တော်သည် ကြွလာ” သည်။

(၁) သူသည် ခမည်းတော်၏စေလွတ်ခြင်းကို ခံရသည်။
(၂) သူသည် မည်သည့်အတွက်ကြောင့် ခမည်းတော်က စေလွတ်သည်ကို အမြဲအောက်မေ့သည်။
(၃) သခင်ခရစ်တော်သည် ခမည်းတော်၏စေလွတ်ခြင်းကို အစဉ်အောက်မေ့ကြောင်း ခရစ်ဝင်ကျမ်းများ၌ ထင်ရှားစွာ ဖော်ပြထားသည် (မဿဲ ၉း၁၃၊မာကု ၁း၃၈၊ လုကာ ၁၉း၁၀၊ ယောဟန် ၃း၃၄) ။

၂။ သခင်ဘုရား၏ တရားတော်

က။ သူသည် ငြိမ်သက်ခြင်းအကြောင်း ဟောပြောခဲ့သည်။
ခ။ ငြိမ်သက်ခြင်း၏ အင်္ဂါရပ်များ

(၁) ဘုရားသခင်နှင့်ငြိမ်သက်ခြင်း
(၂) ကယ်တင်ခြင်းနှင့်စပ်လျဉ်းသော ကယ်တင်ခြင်း (ရောမ ၅း၁)

ဂ။ လက်ခံရရှိသောသူများ

(၁) တပါးအမျိုးသားတို့
“ဝေးလျက်ရှိသော သင်တို့”
(၂) ယုဒလူမျိုးတို့
“နီးလျက်ရှိသောငါတို့”
(၃) ယုဒလူမျိုးတို့သည် လောကကြီးကို အထက်ပါအတိုင်း (ယုဒလူ၊တပါးအမျိုးသား) ဟူ၍ နှစ်မျိုးနှစ်ခြမ်းဖြင့် ရှုမြင်ကြသည်။

၃။ သခင်ခရစ်တော်၏ အမှုတော်မြတ်

က။ “ခရစ်တော်အားဖြင့်”
ခ။ “ခရစ်တော်အားဖြင့်” ဟုဆိုရာ၌ အောက်ပါအချက်တို့ကို ဆင်ခြင်အောက်မေ့ရမည်။

(၁) သူ၏အသေခံခြင်းအားဖြင့်၊
(၂) သူကို ယုံကြည်ကိုးစားခြင်းအားဖြင့်၊
(၃) သူ၏အခွင့်အာဏာနှင့် တန်ခိုးတော်အားဖြင့်၊
(၄) သူ၏သွန်သင်လမ်းပြခြင်းအားဖြင့်၊

ဂ။ သခင်ခရစ်တော်မပါဘဲ၊ အကျွန်ုပ်တို့သည် ဘုရားသခင်အထံသို့ တိုးဝင်ခွင့် မရှိ။

၄။ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုတော်မြတ်

က။ သူသည် အကျွန်ုပ်တို့ထဲ၌ ကျိန်းဝပ်သည်။
ခ။ သူ၏သွန်သင်ခြင်းဖြင့် အကျွန်ုပ်တို့၏ဉာဏ်မျက်စိပွင့်လာသည်။
ဂ။ သူသည် အကျွန်ုပ်တို့ကို ခွန်အားဖြည့်တန်ခိုးပေးသည်။
ဃ။ သူသည် အကျွန်ုပ်တို့ကို ဦးဆောင်တော်မူသည်။

၅။ ခမည်းတော်ဘုရားသခင်ထံတော်သို့ တိုးဝင်ခြင်းအခွင့်

က။ ဤအခွင့်ကို ပေါ့တန်စွာ မှတ်ယူမိတတ်ကြသည်။
ခ။ သခင်ခရစ်တော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့၏ အခန်းကဏ္ဍမပါဘဲ၊ အဘယ်သူမျှ ခမည်းတော်ဘုရားသခင်ထံတော်သို့ တိုးဝင်ခွင့် မရှိ။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း
၁။ ဘုရားသခင်ကို အသစ်တစ်ဖန် ကျေးဇူးတင်ကြစို့။
၂။ ခမည်းတော်ဘုရားသခင်အား တိုးဝင်ချဉ်းကပ်ရသောအခွင့်ကို အပြည့်အ၀ အသုံးပြုကြစို့။
၃။ ဤအမှန်တရာများကို အကျွန်ုပ်တို့အသင်းတော်များအား အခိုင်အမာ သင်ပေးကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်