Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ မေလ (၉) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ မေလ (၉) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
ကိုယ်တော်၌ထိုလူနှစ်စုတို့ကို လူသစ်တဦး တကိုယ်တည်းဖြစ်စေခြင်းငှါ ပြင်ဆင်၍၊ တလုံးတဝ တည်း ဖြစ်ပြီးသော ထိုလူနှစ်စုတို့ကို၊ လက်ဝါးကပ်တိုင်တော်အားဖြင့် ရန်ကို သတ်ဖြတ်လျက်၊ ဘုရားသခင်နှင့် မိဿဟာယဖွဲ့ မည်အကြောင်းတည်း။

(ဧဖက် ၂း၁၆)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ပြန်လည်သင့်မြတ်ခြင်းအမှု

က။ ဤအမှုသည် သခင်ခရစ်တော်ကိုယ်တိုင် ဆောင်ရွက်သောအရာ ဖြစ်သည်။
ခ။ သို့သော်၊ ဤအမှုကို ခရစ်ဝင်ကျမ်းများ၌ အထူးတလယ် ဖော်ညွန်းထားခြင်း မရှိပေ။

၂။ “ထိုလူနှစ်စုတို့ကို” ဟုဆိုရာ၌

က။ ယုဒလူမျိုး၊
ခ။ တပါးအမျိုးသား၊ တို့ကို ရည်ညွန်းသည်။

၃။ “တကိုယ်တည်း” ဟုဆိုရာ၌

က။ သခင်ခရစ်တော်၏ကိုယ်ခန္ဓာ၊
ခ။ ဆိုလိုသည်မှာ- အသင်းတော်၊ ကို ရည်ညွန်းသည်။

၄။ “လက်ဝါးကပ်တိုင်တော်” ဟုဆိုရာ၌

က။ သခင်ခရစ်တော်၏အသေခံခြင်း၊
ခ။ ခရစ်တော်၏အသေခံခြင်းအားဖြင့်သာလျှင် ရရှိခံစားနိုင်သော ပြန်လည်သင့်မြတ်ခြင်း၊ ကိုဆိုလိုသည်။

၅။ “ရန်ကို” ဟုဆိုရာ၌

က။ ယုဒလူမျိုးနှင့် တပါးအမျိုးတို့သားတို့ကြား၌ ရှိသော ရန်ငြိုး၊
ခ။ ထိုရန်ငြိုးသည် အဆုံးစီရင်ခြင်းသို့ ရောက်ရှိသည်။
ဂ။ ဘုရားသခင်ရှေ့မှောက်တော်၌၊

(၁) ရန် ဟူ၍ မရှိတော့ချေ။
(၂) ယုဒလူ၊ ဟေလသလူ (တပါးအမျိုးသား) ဟူ၍ မရှိ။
(၃) သခင်ခရစ်တော်၏ကိုယ်ခန္ဓာတည်းဟူသော တကိုယ်တည်းသာ ရှိသည်။

(မှတ်ချက်။ ။ ထိုတကိုယ်တည်းသည် အသင်းတော် ဖြစ်သည်။)

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အအောက်ပါအချက်တို့ကို နားလည်သဘောပေါက်ရမည်။

က။ လက်ဝါးကားတိုင်နှင့်စပ်လျဉ်းသော သွန်သင်ခံယူချက်၊
ခ။ ဆင်ခြင်နှလုံးသွင်းရမည့် နက်ရှိုင်းသော သင်ခန်းစာများစွာ ရှိသည်။

၂။ ပြန်လည်သင့်မြတ်ခြင်းအမှု

က။ ခရစ်ဝင်ကျမ်းများ၌ အကျယ်တဝန့် ရေးသားခြင်းမရှိသော အမှု ဖြစ်သည်။
ခ။ သို့သော်၊ ဧဖက်သြဝါဒစာ၌ ရှင်းလင်းစွာ ရေးသားဖော်ပြထားသည်။

၃။ ပြန်လည်သင့်မြတ်ခြင်းအမှုတော်

က။ တမန်တော်ပေါလုသည် ပြန်လည်သင့်မြတ်ခြင်းအမှုတော်နှင့်စပ်လျဉ်း၍ ၂ ကော၅း၁၈-၂၀ ၌ အကျယ်တဝန့် ရေးသားထားသည်။
ခ။ ပေါလုသည် ဤပြန်လည်သင့်မြတ်ခြင်းအမှုကို အမှုတော်မြတ်တစ်မျိုးအဖြစ် ခံယူရေးသားထားသည်။

၄။ ပြန်လည်သင့်မြတ်ခြင်းအမှုတော်ကို လက်တွေ့ဆောင်ရွက်ခြင်း

က။ ဘုရားသခင်သည် လောကီသားတို့အား မိမိနှင့်ပြန်လည်သင့်မြတ်စေခြင်းငှါဆောင်ရွက်လျက် ရှိသည်။
ခ။ ဘုရားသခင်သည် ဤပြန်လည်သင့်မြတ်ခြင်းအမှုတော်ကို အကျွန်ုပ်တို့အားအပ်နှံတော်မူသည် (၂ ကော ၅း၁၉)။
ဂ။ အကျွန်ုပ်တို့သည် ခရစ်တော်၏သံတမန်များ ဖြစ်ကြသည် (၂ကော ၅း၂၀)။

၅။ သင့်လျော်သော တုံ့ပြန်ချက်

က။ သခင်ဘုရား၏နှုတ်ထွက်စကားတော်ကို ကောင်းမွန်စွာ သိကျွမ်းပါ။
ခ။ သခင်ဘုရား၏သံတမန်အဖြစ် သစ္စာရှိစွာ အသက်ရှင်၊ အစေခံနိုင်မည်အကြောင်း မိမိကိုယ်ကို အမြဲနိူးဆော်ခြင်းခံပါ။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်