Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဧပြီလ (၂၅) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဧပြီလ (၂၅) ရက်

 

 

ချစ်သော ညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
ထိုကြောင့်၊ လက်ဖြင့် ကိုယ်ကာယ၌ ပြုသော ဝေါဟာရ အရေဖျားလှီခြင်းကို ခံသောသူတို့ ခေါ်ဝေါ် သောအားဖြင့်၊ အရေဖျားလှီးခြင်းကို မခံသောလူဟူ၍ ခေါ်ဝေါ်ကြသော သာသနာပလူတို့အထဲ၌ သင်တို့သည် အထက်က ပကတိအတိုင်းဖြစ်ကြသည်ကို၎င်း၊
ထိုအခါ သင်တို့သည် ခရစ်တော်ကိုမသိ၊ ဣသရေလအပေါင်း၌ မဝင်၊ ဂတိတော်ပါသော ပဋိညာဉ် တရားတို့နှင့်မဆိုင်၊ မြော်လင့်ခြင်းမရှိ၊ လောက၌ ဘုရားမဲ့ နေကြသည်ကို၎င်း၊ အောက်မေ့ကြလော့။ သင်တို့သည် အထက်ကဝေးလျက်ရှိသော်လည်း၊ ယခုမှာ ယေရှုခရစ်၌ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ ရောက်ကြပြီ။
(ဧဖက် ၂း၁၁-၁၃)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ သတိရအောက်မေ့ခြင်း

က။ အတိတ်ဆိုသည်မှာ မမေ့သင့်သောအရာ ဖြစ်သည်။
ခ။ ကောင်းသောအကြောင်းအရာများနှင့်စပ်လျဉ်းသော သင်ခန်းစာများစွာကို ပြန်၍ သတိရအောက်မေ့သင့်ပေသည်။

၂။ “သာသနာပလူတို့” ဟူသောစကားလုံး

က။ စာစကားလုံး၏အဓိပ္ပာယ်မှာ

(၁) ယုဒလူမျိုးမဟုတ်သောသူများ၊
(၂) အခြားသောသူများ၊
(၃) ယုဒလူမျိုးတို့သည် မိမိတို့ကိုယ့ိကို သီးခြားသတ်မှတ်၍၊ အခြားသူများနှင့် မတူခြားနားစွာ နေထိုင်ကြသည်။
(၄) အခြားသောလူမျိုးများကို “သာသနာပလူတို့” ဟုခေါ်ဝေါ်ကြသည်။

ခ။ သင်္ကေတ အဓိပ္ပာယ်

(၁) ဘုရားသခင် မသိသောသူများ၊
(၂) ဘုရားသခင်နှင့် မသက်ဆိုင်သောသူများ၊
(၃) ကယ်တင်ခြင်းအဖို့အလို့ငှါ နောင်တရ၍ ဘုရားသခင်ထံသို့ ဦးလှည့်ရမည့်သူများ၊

၃။ သာသနာလလူတို့ (တပါးအမျိုးသားတို့) ၏ ဝိညာဉ်ရေး အခြေအနေမှန်ကို လေ့လာသုံးသပ်ခြင်း။

လက္ခဏာခြောက်ချက်တို့မှာ ထင်ရှားသည်။

က။ အရေဖျား မလှီးခြင်း၊
ခ။ ခရစ်တော်၏ဘုံစည်းစိမ်နှင့် မသက်ဆိုင်၊
ဂ။ ဂတိတော်ပါသော ပဋိညာဉ် တရားတို့နှင့်မဆိုင်၊
ဃ။ မြော်လင့်ခြင်းမရှိ၊
င။ လောက၌ ဘုရားမဲ့ နေကြခြင်း၊
စ။ ဣသရေလအပေါင်း၌ မဝင်၊

၄။ သခင်ယေရှုခရစ်တော်၏ အရေးပါသော အခန်းကဏ္ဍ

က။ အထက်ပါ လက္ခဏာခြောက်ခု မပါဘဲ၊
ခ။ သာသနာပလူတို့သည် ဣသရေလပေါင်းတို့ကဲ့သို့ ကယ်တင်ခြင်းကို ရရှိနိုင်ကြသည်။

၅။ ထင်ရှားသော အချက်အလက်တစ်ခုသာ ဖော်ပြသည်။

က။ ဘုရားသခင်နှင့် နီးကပ်လာသည်။
ခ။ ဤအချက်သည် ခရစ်တော်အားဖြင့်သာ ဖြစ်နိုင်သည်။
ဂ။ ထိုသို့ အကျွနု်ပ်တို့ကို ဘုရားသခင်နှင့် နီးကပ်စေခြင်းအလို့ငှါ၊ သခင်ခရစ်တော်သည် လက်ဝါးကားတိုင်ပေါ်၌ အသွေးတော်ကို သွန်း၍ အသက်ကို စွန့်ခဲ့ရသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အောက်ပါအရာတို့ကို လက်လွတ်စပယ် မမှတ်ပါနှင့်။

က။ အကျွန်ုပ်တို့ ရရှိသော ကယ်တင်ခြင်း၊
ခ။ အကျွန်ုပ်တို့အပြစ်ကြောင့် သခင်ခရစ်တော်ကိုယ်တိုင် လက်ဝါးကားတိုင်ပေါ်မှာ ပေးဆပ်ရသော ဝေဒနာ၊

၂။ ဘုရားသခင်နှင့် အကျွန်ုပ်တို့၏ ပေါင်းသင်းဆက်နွယ်မှုကို တန်ဖိုးထားမြတ်နိူးပါ။

က။ ဘုရားသခင်နှင့် ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံ ကြနိုင်သည်။
ခ။ ထိုပေါင်းသင်းဆက်ဆံရေး၌ သခင်ဘုရားနှင့်အတူ ပို၍နီးကပ်စွာ ကျင်လည်ကြမည်အကြောင်း ကြိုးစားကြစို့။

သခင်ခရစ်တော်၌တည်သော ကယ်တင်ခြင်းကို ပေးသနားတော်မူရာ၌ အကျွနု်ပ်တို့အဖို့ ဘုရားသခင်ပြုတော်မူသော အရာများကို အစဉ်အောက်မေ့တတ်မည်အကြောင်း ကျင့်ကြံအားထုတ်ကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်