Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဧပြီလ (၁၁) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဧပြီလ (၁၁) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
သို့သော်လည်း ကရုဏာတော်နှင့် ကြွယ်ဝတော်မူသော ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူသော မဟာမေတ္တာတော်အားဖြင့်၊ ဒုစရိုက်အပြစ်၌သေလျက်ရှိနေသော ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီ။ ကျေးဇူး တော်ကြောင့်သာ ကယ်တင်ခြင်းသို့ရောက်ရ၏။ ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက်စေ၍ ကောင်းကင်အရပ်၌ နေရာပေးတော်မူပြီ။

(ဧဖက် ၂း၄-၆)

 

လေ့လာတွေ့ရှိချက်နှင့်အနက်ဖွင့်ခြင်း

၁။ ကယ်တင်ခြင်းအမှု၌ ဘရားသခင်၏အခန်းကဏ္ဍ

က။ ပေါ့တန်စွာ မခံယူသင့်သော အချက်ဖြစ်သည်။
ခ။ ဘုရားသခင်ပြုသောအမှုတို့ကို ပြန်လှန်လေ့လာ၍ ဆင်ခြင်ကြရ မည်။

၂။ ဘုရားသခင်သည် အဘယ့်ကြောင့် ဒီလောက်တောင် အနစ်နာခံကာ အကျွနုပ်တို့ကို ကယ်တင်ရသနည်း။

က။ သူသည် ကရုဏာတော်၌ ကြွယ်ဝတော်မူသောကြောင့်၊
ခ။ သူ၏ မဟာမေတ္တာတော်ကြောင့်၊
ဂ။ သူ၏ ကျေးဇူး တော်ကြောင့်။

၃။ ဘုရားသခင်၏ ကြီးမားသော လုပ်ဆောင်ချက်များ

က။ ဒုစရိုက်အပြစ်၌သေလျက်ရှိနေသော ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေသည်။
ခ။ ပုံဥပမာပေးထားသည်မှာ-

(၁) သခင်ယေရှုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေသည်။
(၂) အကျွန်ုပ်တို့ကိုလည်း သေခြင်းမှ ရှင်ပြန်ထမြောက်စေသည်။

ဂ။ ဘုရားသခင်သည် အကျွန်ုပ်တို့ကို ကယ်တင်တော်မူသည်။

(၁) ကျေးဇူးတော်အားဖြင့်၊
(၂) ထိုမေတ္တာတော်ကို “အံ့ဖွယ်သော ကျေးဇူးတော်” ဟု သတ်မှတ်ခေါ်တွင်ကြသည်။

၄။ အထူးသဖြင့်၊ ဘုရားသခင်၏ ကျေးဇူးတော်နှင့်စပ်ဆိုင်သော လုပ်ဆောင်ချက်များ

က။ သခင်ယေရှုနှင့်အတူ ရှင်ပြန်ထမြောက်စေသည်။
ခ။ သခင်ယေရှုနှင့်အတူ ကောင်းကင်အရပ်၌ နေရာပေးတော်မူသည်။

၅။ ဤအရာတို့ကို အကုန်အစင် ဆောင်ရွက်သောသူမှာ-

က။ သခင်ယေရှုခရစ်တော်၊
ခ။ ဘုရားသခင်သည် ဤအရာတို့ကို ဆောင်ရွက်တော်မူသည်။

(၁) သခင်ယေရှုအဖို့အလို့ငှါ၊
(၂) သခင်ယေရှုအားဖြင့်၊

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အောက်ပါတို့ကို သတိရအောက်မေ့ခြင်း

က။ အကျွန်ုပ်တို့၏အပြစ်ဒုစရိုက်များ၊
ခ။ အကျွန်ုပ်တို့၏ မထိုက်တန်ခြင်း၊

၂။ အောက်ပါတို့၌ ဝိမ်းမြောက်ခြင်း

က။ ဘုရားသခင်၏ကရုဏာတော်၊
ခ။ ဘုရားသခင်၏မေတ္တာတော်၊
ဂ။ ဘုရားသခင်၏ကျေးဇူးတော်၊
ဃ။ သခင်ယေရှုခရစ်တော်၊

၃။ သခင်ဘုရားအား ပိုချစ်နိုင်မည်အကြောင်း အားယူခြင်း

က။ သူပြုသောအမှုတို့ကြောင့်၊
ခ။ သူပြုဦးမည့်အမှုတို့ကြောင့်၊
ဂ။ အကျွန်ုပ်တို့၏ နှလုံးသားထဲမှ အသစ်တစ်ဖန် အသက်သွန်းသော မေတ္တာနှင့်သခင်ဘုရား၏အစေကို ခံကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်