Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၀၊ နိုဝင်ဘာလ (၂၂)

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၀၊ နိုဝင်ဘာလ (၂၂)

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
1 အကြောင်းမူကား၊ မင်္ဂလာရှိသော မြော်လင့်ရာကို၎င်း၊ ကြီးမြတ်သော ဘုရားသခင်တည်းဟူသော၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းကို၎င်း၊ 12 ငါတို့သည် မြော်လင့်လျက်၊ ဘုရားမဲ့ တရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကို ပယ်ရှားလျက်၊ ယခု ဘဝ၌ ဣန္ဒြေစောင့်ခြင်း၊ တရားသဖြင့်ကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျှော်ခြင်းတို့ကို ပြုနေရမည်အကြောင်း၊ 13 ငါတို့ကို ဆုံးမသွန်သင်၍၊ လူအပေါင်းတို့ကို ကယ်တင်တတ်သော ဘုရားသခင်၏ကျေးဇူးတော်သည် ထင်ရှား ပေါ် ထွန်းလျက်ရှိ၏။
(တိ ၂း၁၁-၁၃)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဘုရားသခင်၏ ကယ်တင်ခြင်း

က။ ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ဖြစ်သည်။
ခ။ လူသားတိုင်းအတွက် ဖြစ်သည်။

၂။ ကယ်တင်ခြင်းကို အမှန်နားလည်ခြင်း အကျိုးကျေးဇူး (၁)

က။ အပြစ်တရားနှင့်ဆိုင်သော

(၁) ဘုရားမဲ့ တရားမဲ့နေခြင်း၊
(၂) လောကီတပ်မက်ခြင်း

ခ။ အပြစ်မှန်လျင် နောင်တရ၍ စွန့်လွတ်ရမည်။

(၁) အပြစ်ကို ရှောင်ပါ။
(၂) အပြစ်ကိုသာ ကျူးလွန်တတ်သော အသက်တာ ဟူ၍ မရှိသင့်ချေ။

၃။ ကယ်တင်ခြင်းကို အမှန်နားလည်ခြင်း အကျိုးကျေးဇူး (၂)

က။ အသစ်သောအသက်တာနှင့်ဆိုင်သော

(၁) ဣန္ဒြေစောင့်ခြင်း
(၂) တရားသဖြင့်ကျင့်ခြင်း (ဖြောင့်မတ်စွာ ကျင့်ခြင်း)၊
(၃) ဘုရားဝတ်၌မွေ့လျှော်ခြင်း၊

ခ။ လက်ရှိနေထိုင်ရာ လောကကမ္ဘာ

အပြစ်များစွာ ရှိရာဖြစ်သည်။ အပြစ်၏ကြေးကျွန်ဘ၀ မှ လွတ်မြောက်နေရမည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဘုရားသခင်၏ အစေခံကျွန် အသက်တာ

က။ တိတုအသက်တာ၌ များစွာ ထင်ရှားဖော်ပြထားသည်
ခ။ အခြားသောပေးစာများ၌လည်း အစေခံကျွန်တို့၏ အသက်တာကို ဖော်ပြထားသည်။

၂။ အခြေခံအုတ်မြတ်ဖြစ်သော မူဝါဒများ

က။ သခင်ခရစ်တော်ကိုယ်တိုင် သွန်သင်သောအရာများ ဖြစ်သည်။
ခ။ သခင်ခရစ်တော်သည် သူ၏သွန်သင်ချက်များကို မိမိအသက်တာဖြင့် ဖော်ဆောင်သည်။

၃။ ပုံသက်သေပြုထိုက်သော ဘုရားသခင်၏ အစေခံကျွန်များ အသက်တာ

က။ သာသနာပြုဆရာကြီး ယုဒသန်၏ အသက်တာ
ခ။ လေးစားထိုက်သော အမှုတော်ဆောင်များ
ဂ။ အကျွန်ုပ်တို့အတွက် ခွန်အားယူစရာဖြစ်ကြသည်။

၄။ မကောင်းသော ပုံသက်သေများ

က။ မကောင်းသော ပုံသက်သေများစွာ ရှိနေသည်။
ခ။ ထိုသူတို့ကို လုံး၀ ရှောင်ကြည်ရမည်။
ဂ။ ထိုသူတို့ကို ကျမ်းစာ၌ ရေးသား၍ မှတ်သားထားသည်။

(၁) ဆာလံကျမ်းများ (၃၆၊ ၅၅)။
(၂) သင်းအုပ်ပေးစာများ ( ၁ တိ ၄၊ ၂ တိ ၃)။

၅။ စိန်ခေါ်ချက်များ

က။ အပြစ်ဖုံးလွမ်းသော အသက်တာကို ငြင်းပယ်ကြစို့။
ခ။ ဘုရားတရားနှင့် ပြည့်စုံသော အသက်တာကို ရှာဖွေတည်ဆောက်ကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်