Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ မတ်လ (၂၁)

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ မတ်လ (၂၁)

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
ယုံကြည်သောငါတို့၌ ပြတော်မူသော အလွန်ကြီးလှစွာသော တန်ခိုးတော်ကား အဘယ်မျှလောက်ကြီး သည်ကို၎င်း၊ သင်တို့သည်သိစေခြင်းငှါ၊ သင်တို့၏ ဉာဏ်မျက်စိကို လင်းစေပါမည်အကြောင်း ဆုတောင်း ပဌနာပြု၏။ ထိုတန်ခိုးတော်ကား၊ ခရစ်တော်ကိုသေခြင်းမှထမြောက်စေတော်မူ၍ ခရစ်တော်၌ပြုပြင်သော မဟာ တန်ခိုးအာနုဘော်အရှိန်ကဲ့သို့ဖြစ်၏။ ခပ်သိမ်းသော အထွဋ်အမြတ်၊ အာဏာစက်၊ တန်ခိုး၊ အစိုးရခြင်းမှစ၍ ယခုဘဝနောင်ဘဝ၌ ခေါ် ဝေါ်သမုတ်သောဘွဲ့နာမအလုံးစုံတို့အထက်၊ ကောင်းကင်အရပ်၌ မိမိလက်ျာတော်ဘက်မှာ အလွန်မြင့်မြတ် သောနေရာကို ခရစ်တော်အား ပေးတော်မူ၍၊
(ဧဖက် ၁း၁၉-၂၁)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဘုရားသခင်၏တန်ခိုးတော်

က။ အလွန်ကြီးလှစွာသော တန်ခိုးဖြစ်သည်။
ခ။ အမှန် အားကြီးတော်မူသည်။

၂။ သခင်ယေရှုနှင့်စပ်လျဉ်း၍ ထင်ရှားသော ဘုရားသခင်၏တန်ခိုးတော်

က။ ခရစ်တော်ကိုသေခြင်းမှထမြောက်စေတော်မူသည်။
ခ။ သေသောသူကို ထမြောက်စေနိုင်သော တန်ခိုးကို လူတွေ မသိခဲ့။

၃။ ယုံကြည်သူများနှင့်စပ်လျဉ်း၍ ထင်ရှားသော ဘုရားသခင်၏တန်ခိုးတော်

က။ ဤတန်ခိုးကို

(၁) လိမ္မာစွာ၊
(၂) နှိမ့်ချသောစိတ်နှင့်၊
(၃) ကျေးဇူးတော်ကို သိမှတ်လျက်၊ နားလည်ခံယူရမည်။

ခ။ ဘုရားသခင်၏တန်ခိုးသည် အကျွန်ုပ်တို့၌ ပြုပြင်လျက်ရှိနေသည်။

(၁) ထိုသို့အကျွန်ုပ်တို့ အသက်တာ၌ ဘုရားသခင်သည် တန်ခိုးအားဖြင့် အလုပ်လုပ်နေသည်ကို အကျွန်ုပ်တို့သည် မြင်နိုင်ကြသလား။
(၂) အကျွန်ုပ်တို့အသက်တာ၌ ဘုရားသခင်တန်ခိုး၏သက်သေများ မြင်တွေ့နိုင်ပါသလား။

၄။ သခင်ယေရှုခရစ်တော်၏ နေရာမှန် နှင့် ရာထူး

က။ ဘုရားသခင်၏ လက်ျာတော်ဘက်မှာ ထိုင်နေသည်။
ခ။ ကောင်းကင်အရပ်၌ ။
ဂ။ သူနေရာသည် အလွန်ကြီးမြတ်ရာ ဖြစ်သည်။

(၁) ခပ်သိမ်းသော အထွဋ်အမြတ်နှင့် အာဏာစက်တို့၏အထက်၊
(၂) တန်ခိုးနှင့် အစိုးရခြင်းတို့၏အထက်၊
(၃) ခေါ်ဝေါ်သမုတ်သောဘွဲ့နာမအလုံးစုံတို့အထက်၊
(၄) ယခုဘဝနောင်ဘဝထိတိုင်အောင် (အချိန်တိုင်းအတွက်)၊

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဘုရားသခင်၏တန်ခိုးတော်

က။ များစွာသော သင်းအုပ်ဆရာတို့၏အသက်တာ၌ မတွေ့ရသော အချက်ဖြစ်သည်။
ခ။ အသင်းတော် တော်တော်များများ၌လည်း မတွေ့ရသော အချက်ဖြစ်သည်။
ဂ။ ယုံကြည်သူတိုင်း၌လည်း မရှိသော အချက်ဖြစ်သည်။

၂။ ဆုတောင်းခြင်းဖြင့် ရှာဖွေရမည့်အချက် ဖြစ်သည်။

က။ နှိမ့်ချစွာ၊
ခ။ အရေးတကြီး၊
ဂ။ စိတ်နှုလုံးမှ ယုံကြည်လျှက်၊

၃။ သခင်ယေရှုခရစ်တော်၏နာမတော်မြတ်၌ ဆုတောင်းခြင်း

က။ သူ၏နာမတော်ကို ရိုသေမြတ်နှိုးရမည်။
ခ။ ဘုန်းတော်နှင့်ပြည့်သော နာမတော်ဖြစ်သည်။
ဂ။ ဘုရားသခင်ထံသို့ ဆုတောင်းတိုင်း သတိကြီးစွာ၊ ကျေးဇူးတရားအပြည့်နှင့်မွတ်ဆိုရမည် နာမတော်ဖြစ်သည်။

 

ဆုတောင်းလျက်
ပါစတာချားလ်(စ်)တန်