Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ မတ်လ (၁၄)

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ မတ်လ (၁၄)

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
ဆုတောင်းသောအချက်ဟူမူကား၊ ငါတို့သခင် ယေရှုခရစ်၏ ဘုရားသခင်ဖြစ်တော်မူသော ဘုန်းကြီး သော အဘခမည်းတော်သည် ကိုယ်တော်မြတ်ကို သိခြင်း အလိုငှါ ပညာကို၎င်း၊ ထိုးထွင်းသောဉာဏ်ကို၎င်း၊ သင်တို့အား ပေးပါမည်အကြောင်း၊ ခေါ်တော်မူသောကြောင့် မြော်လင့်ရသောအရာကား အဘယ်အရာဖြစ်သည်ကို၎င်း၊ သန့်ရှင်းသူတို့ သည် ခံရသောအမွေတော်၏ ဘုန်းစည်းစိမ်ကား အဘယ်မျှလောက်ကြီးသည်ကို၎င်း၊

(ဧဖက် ၁း၁၇-၁၈)

 

လေ့လာတွေ့ရှိချက်နှင့်အနက်ဖွင့်ခြင်း

၁။ နက်ရှိုင်း၍ ဉာဏ်ပညာနှင့်ပြည့်စုံသော ဆုတောင်းချက်

က။ ဤကဲ့သို့သော ဆုတောင်းချက်များကို တောင်းလျောက်တတ်မည်အကြောင်း လေ့လာသင်ယူသင့်သည်။
ခ။ အကျွန်ုပ်တို့၏ဆုတောင်းချက်များသည် ကြိမ်ဖန်များစွာ နက်ရှိုင်းမှုမရှိဘဲ၊ အလွန်တိမ်တတ်ကြပေသည်။

၂။ ဤဆုတောင်းချက်၏ အကြောင်းခြင်းရာများ

က။ ခမည်းတော်ဘုရားသခင်ထံသို့သာ ဆုတောင်းချက်ဟူသမျှ ဆက်သကြရမည် (မဿဲ ၆း၉) ။

(၁) တမန်တော်ပေါလုသည် ထိုသို့အမြဲ ဆုတောင်းသည်။
(၂) ပေါလုရေးသားပြုစုသော သြဝါဒစာများ၌ ခမည်းတော်ဘုရားသခင်ထံသို့ ဆုတောင်းချက်များ ဆက်သသည်ကို တွေ့ရသည်။

ခ။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပေးသနားတော်မူရန် ခမည်းတော်ဘုရားသခင်ထံသို့ တောင်းလျောက်ခြင်း

(၁) ပညာကို ပေးနိုင်သော ဝိညာဉ်တော်၊
(၂) ထိုးထွင်းသောဉာဏ်ကို ပေးနိုင်သော ဝိညာသ်တော်၊
(၃) ဘုရားသခင်၏ဝိညာဉ်တော်သည်သာ လိုအပ်နေသော နက်နဲသောအရာတို့ကို ဖွင့်ပြနိုင်သည်။

ဂ။ ကိုယ်တော်မြတ်ကို သိခြင်း (ခရစ်တော်ကို သိမြင်ခြင်းငှါ)
က။ ဝိညာဉ်တော်၏မစခြင်းသည် အလွန်တရာမှ လိုအပ်သည်။
ခ။ ထိုဝိညာသ်တော်သည် ခရစ်တော်၏ဝိညာဉ် ဖြစ်သည်။ သူသည်ကိုယ်တော်နှင့်စပ်လျဉ်းသောအရာတို့ကို အကုန်အစင် သိကျွမ်း
တော်မူသည်။

၃။ အကျွန်ုပ်တို့အသက်တာ၌ ဝိညာဉ်တော်အလုပ်၏ အကျိုးသက်ရောက်မှုဝိညာဉ်တော်အားဖြင့် အကျွန်ုပ်တို့သည်

က။ “ထိုးထွင်းသောဉာဏ်ကို” ရကြသည်။
ခ။ “ခေါ်တော်မူခြင်းနှင့်ဆိုင်သော မျော်လင့်ရသောအရာ” တို့ကိုနားလည်ကြသည်။
ဂ။ “သန့်ရှင်းသူတို့ ခံရသောအမွေတော်၏ ဘုန်းစည်းစိမ်ကား” ကိုသိမြင်ကြသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အကျွန်ုပ်တို့တိုင်းပြည်အတွက် ဆုတောင်းခြင်း

က။ မိမိတို့ တိုင်းပြည်အတွက် ဆုတောင်းခြင်းသည် အလွန်အရေးကြီးသည်။
ခ။ တိုင်းပြည်ခေါင်းဆောင်များအတွက် ဆုတောင်းကြစို့။

၂။ အကျွန်ုပ်တို့၏သင်းအုပ်ဆရာများအတွက် ဆုတောင်းခြင်း

က။ သင်းအုပ်ဆရာများသည်လည်း များစွာသောအားနည်းချက်များ ရှိကြသည်။

(၁) အသိဉာဏ်ပညာ၌ မပြည့်စုံကြ။
(၂) နားလည်သိကျွမ်းခြင်းလည်း မရှိကြ။
(၃) ထိုးထွင်းဉာဏ်လည်း မရှိကြ။

ခ။ ဧဖက် ၁ နှင့်အညီ၊ ဝိညာဉ်တော်၌ ဆုတောင်းကြစို့။

(၁) ဘုရားသခင်၏ဝိညာဉ်တော်သည် အကျွန်ုပ်တို့ကို ဉာဏ်ပညာ (အလင်းပေး) ပေးပါ မည်အကြောင်း ဆုတောင်းကြစို့။
(၂) အကျွန်ုပ်တို့သည် ဝိညာဉ်ရေး၌ အမှန်ရင့်ကျက်ကြမည်အကြောင်းဆုတောင်းကြစို့။

၃။ အကျွန်ုပ်တို့၏အသင်းတော်များအတွက် ဆုတောင်းခြင်း

က။ အကျွန်ုပ်တို့၏အသင်းဝင်များသည် ဝိညာဉ်ရေး၌ ကြီးထွါးရန် ဆက်ကပ်နိုင်ကြမည်အကြောင်း၊
ခ။ လိုအပ်သော ထိုးထွင်းဉာဏ်ရရှိလိုကြမည်အကြောင်း၊ ဆုတောင်းကြစို့။

၄။ သိက္ခာတော်တင်ခြင်းခံရမည့် အမှုတော်ဆောင်များအတွက် ဆုတောင်းခြင်း

က။ သင်းအုပ်ဆရာအနေနှင့် ရင်ဆိုင်ရမည့် စိန်ခေါ်ချက်များကို နားလည်ကြမည်အကြောင်း၊
ခ။ သူတို့သည်လည်း အဆုံးထိတည်ကြည် ဆက်ကပ်သော ဘုရားသခင်၏လူမျိုးတော်ဖြစ်လာကြမည်အကြောင်း၊ ဆုတောင်းကြစို့။

 

ဆုတောင်းလျက်
ပါစတာချားလ်(စ်)တန်