Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ မတ်လ (၇)

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ မတ်လ (၇)

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
ထိုကြောင့် သင်တို့သည်သခင်ယေရှုကို ယုံကြည်ခြင်းနှင့် သန့်ရှင်းသူအပေါင်းတို့ကို ချစ်ခြင်းအကြောင်း ကို ငါသည်ကြားပြီးလျှင်၊ သင်တို့ကိုအကြောင်းပြု၍ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းလျက်၊ သင်တို့အဘို့ အလိုငှါ ဆုတောင်းပဌနာပြုလျက်နေ၏။

(ဧဖက် ၁း၁၅-၁၆)

 

လေ့လာတွေ့ရှိချက်နှင့်အနက်ဖွင့်ခြင်း

၁။ ဧဖက်အသင်းဝင်တို့၏ ယုံကြည်ခြင်း

က။ ပေါလုသည် ဧဖက်အသင်းတော် တည်ထောင်သူ ဖြစ်သည်။
ခ။ သို့သော်၊ သူ ဆောင်ရွက်ရမည့် အခြားအမှုတော်ဆောင်လုပ်ငန်းများစွာ ရှိသည်။
ဂ။ သူသည် ဧဖက်မြို့၌ ၂-၃ နှစ်ခန့် အမှုတော်ဆောင်ပြီး ထိုမြို့မှ ထွက်ခွါခဲ့သည်။

၂။ ယုံကြည်ခြင်းတိုးပွါးခြင်း

က။ ပေါလုသည် ဧဖက်ယုံကြည်သူများနှင့် အဆက်အသွယ် မပြတ်ခဲ့။
ခ။ သူတို့၏ကောင်းသောသိတင်းကိုလည်း ပေါလုကြားသိရသည်။

(၁) သူတို့သည် သခင်ယေရှုကို အခိုင်အမာ ယုံကြည်ကြသည်။
(၂) သူတို့သည် မိမိတို့၏ယုံကြည်ခြင်းကို အစွန့်လွှတ်ဘဲ မြဲမြံစွာကိုင်စွဲကြသည်။
(၃) (ပေါလု မရှိသော်လည်း) သူတို့သည် မိမိတို့၏ယုံကြည်ခြင်း၌ တိုးပွါးလာကြသည်။

ဂ။ သူတို့၏ချစ်ခြင်းမေတ္တာအကြောင်းကိုလည်း ပေါလုကြားသိရသည်။

(၁) သခင်ဘုရားကို ချစ်ကြသည်မှာ အလွန်ထင်ရှားသည်။
(၂) ထိုမေတ္တာသည် ကြီးထွားရင့်ကျက်လာသည်။
(၃) သူတော်စင်များကို (အခြားသောယုံကြည်သူများကို)လည်း ချစ်တတ်လာကြသည်။
(၄) အခက်ခဲနှင့်ရင်ဆိုင်နေရသောသူတို့ကို ကူညီဖေးမလာကြသည်။
(၅) လိုအပ်သော ထောက်ပံ့မှုများကို ပေးပို့ကြသည်။
(၆) (ဤအချက်သည်) အလွန်ပင် အတုယူစရာ ကောင်းပေသည်။

၃။ သင့်တော်သော တုံ့ပြန်ချက်

က။ အသင်းတော်အတွက် ဆုတောင်းပေးခြင်း
ခ။ ကျေးဇူးတော်ချီးမွမ်းလျက် ဆုတောင်းခြင်း
ဂ။ ဤအချက်တို့မှာ အလိုအလျောက် လုပ်ဆောင်ရမည့်အရာများ ဖြစ်ကြသည်။
ဃ။ မခြားမလပ်ဆုတောင်းခြင်းသည်လည်း ကောင်းမွန်၍ လျောက်ပယ်သော တုံ့ပြန်ချက် ဖြစ်သည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ယုံကြည်ခြင်း

က။ ယုံကြည်ခြင်း၌ တိုးပွါးခြင်းငှါ အားပေးတိုက်တွန်းကြစို့။
ခ။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို တန်းခိုးပါ၍ ဟောပြောနိုင်သောအခါ ယုံကြည်ခြင်းတိုးပွါးခြင်း ရှိလာမည် ဖြစ်သည်။
ဂ။ ယုံကြည်ခြင်းသည် နှုတ်ကပတ်တော်ကို ကြားနာခြင်းမှ လာသတည်း (ရောမ ၁၀း၁၇) ။

၂။ ဆုတောင်းခြင်း

က။ ဆုတောင်းခြင်း၌ ပို၍ခွန်အားကြီးကြစို့။
ခ။ အကျွန်ုပ်တို့၏ ဆုတောင်းခြင်းအသက်တာကို ပို၍ နက်ရှိုင်းစေကြစို့။

(၁) အခါအားလျော်စွာ ဆုတောင်းခြင်း၊
(၂) ကျေးဇူးတော်ချီးမွမ်းလျက် ဆုတောင်းခြင်း
(၃) စိတ်နှလုံးအကြွင်းမဲ့ ဆုတောင်းခြင်း

၃။ အသင်းတော်များနှင့် အသင်းဝင်များနှင့် ဆက်သွယ်မှုရှိခြင်း

က။ အချင်းချင်း ဆက်သွယ်လျက် နေကြစို့။
ခ။ ထိုမှသာ၊ အချင်းချင်း ပို၍ လေးနက်စွာ ဆုတောင်းပေးနိုင်ကြမည် ဖြစ်သည်။
ဂ။ အချင်းချင်း ဆက်သွယ်ခြင်းဖြင့်၊ အကျွန်ုပ်တို့၏စိတ်နှလုံးကို သက်သာစေသောအကြောင်းအရာများ ကြားသိနိုင်ကြမည် ဖြစ်သည်။
ဃ။ အသင်းတော်များကို ပို၍သိကျွမ်းခြင်းငှါ ဆက်လက်ကြိုးစားကြစို့။

 

ဆုတောင်းလျက်
ပါစတာချားလ်(စ်)တန်