Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဖဖေါ်ဝါရီလ (၂၁)

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဖဖေါ်ဝါရီလ (၂၁)

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှုလုံးသွင်းခြင်း

မိမိစေတနာ၏အလိုတော်သို့လိုက်၍ အလုံးစုံတို့ကို စီရင်ပြုပြင်တော်မူတတ်သော သူ၏ကြံစည်ခြင်း ရှိသည်အတိုင်း၊ ရှးမဆွက
ခွဲခန့်မှတ်သားတော်မူသည်နှင့်အညီ၊ ငါတို့သည် ထိုခရစ်တော်အားဖြင့် အမွေခံဖြစ်ကြ၏။
အကြောင်းမူကား၊ ခရစ်တော်ကို မျှာ်လင့်နှင့်သော ငါတို့အားဖြင့် ဘုန်းတော်ကို ချီးမွမ်းစေခြင်း အကြောင်းဖြစ်သတည်း။
(ဧဖက် ၁း၁၁-၁၂)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ “ထိုခရစ်တော်”

က။ ဧဖက်သြဝါဒစာ၌ မကြာခဏတွေ့ရသော စကားစု ဖစ်သည်။
ခ။ သခင်ယေရှုခရစ်တော်ကို ရည်ညွှန်းသည်။

၂။ ထိုခရစ်တော်အားဖြင့် အမွေခံ

က။ ဤအမွေနှင့်စပ်လျဉ်းသော အကြောင်းအရာများကို သမ္မာကျမ်းစာ၌ ရေးသားထားသည်။
ခ။ ထိုအမွေနှင့်စပ်လျဉ်းသော အချက်အလက်များမှာ-

(၁) ထာဝရအသက်၊
(၂) အကျွန်ုပ်တို့အားပေးသနားတော်မူသော သန့်ရှင်းသောဝိညာဉ်တော်၊

(၃) အဖိုးကြီးသော ကတိတော်များ၊

(၄) ကျေးဇူးတော်နှင့် ကရုဏာတော်၊
(၅) မျှာ်လင့်ချက်နှင့် ခွန်အား၊ စသည်တို့ဖြစ်သည်။

၃။ ကာင်းချီးမင်္ဂလာများသည် ဘုရားသခင်၏အလိုတော်နှင့်အညီ ဖြစ်ကြသည်။

က။ အရာခပ်သိမ်းတို့ကို ရှးမဆွက ခွဲခန့်မှတ်သားနှင့်သည်။
ခ။ ဘုရားသခင်၏စီရင်တော်မူချက်တို့၌ စတနာ၏အလိုတော်ရှိသည်။
ဂ။ ဘုရားသခင်၏အလိုတော်သည် အမြော်အမြင်ကြီးသော အကြံအစည်မှ ဖြစ်ထွန်းသည်။

၄။ ယုံကြည်ခြင်းကို အခြေပြုသော ဘုရားသခင်နှင့်အကျွန်ုပ်တို့၏ ပါင်းသင်းဆက်ဆံရေး အစပြုခြင်း

က။ သခင်ဘုရားကို ကိုးစားခြင်းဖြင့် အစပြုသည်။
ခ။ အကျွန်ုပ်တို့၏ ယုံကြည်သက်ဝင်မှု ခရီးစဉ်ဖြစ်သည်။

(၁) သခင်ယေရှုကို ဘုရားသခင်၏သားတော်အဖြစ် ယုံကြည်လက်ခံခြင်း၊

(၂) သခင်ယေရှုကို ကယ်တင်ရှင်နှင့် အသက်သခင်အဖြစ် လက်ခံယုံ ကြည်ခြင်း၊

(၃) သခင်ယေရှုကို အကျွန်ုပ်တို့၏ ဆရာနှင့်သခင်အဖြစ် ယုံကြည်ခြင်း၊

၅။ ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းစေခြင်း

က။ဘုရားသခင်၏ဘုန်းတော်ကို အာက်မေ့လျက် ခပ်သိမ်းသောအရာတို့ကို ဆာင်ရွက်ရမည်။
ခ။ အကျွန်ုပ်တို့၏အသက်တာသည် ဘုရားသခင်၏ဘုန်းတော်ကို ပါ်လွင်ထင် ရှားစေရမည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ခရစ်တော်၌ တည်သော အကျွန်ုပ်တို့၏အမွေ

က။ အသက်တာနှင့်အမှုတော်မြတ်အတွက် လိုအပ်သော တန်ခိုးနှင့်ခွန်အား၊
ခ။ သခင်ဘုရားကိုယ်တိုင်ကလည်း အကျွန်ုပ်တို့ကို

(၁) ပို၍ကောင်းသော တရားဟောဆရာ ဖစ်စေမည် ။
(၂) ပို၍ကောင်းသော ဆရာသမား ဖစ်စေမည် ။
(၃) ပို၍ကြွယ်ဝသောအသီးများကို သီးစေမည် ။

၂။ ဘုရားသခင်၏ဘုန်းတော် ချီးမွမ်းခြင်းစေခြင်းအကြောင်း ဖြစ်ခြင်း

က။ ဤအချက်ကို ပို၍လေးနက်စွာ စိတ်စွဲလမ်းကြစို့။
ခ။ အကျွန်ုပ်တို့၏ ဘုန်း (နာမည်)အတွက် မည်သည့်အမှုကိုမျှ မဆောင်ရွက်ကြစို့နှင့်။
ဂ။ ဘုရားသခင်၏ဘုန်းတော် ချီးမွမ်းစေခြင်းအကြောင်းသာ ဖြစ်မည်အကြောင်း ကြိုးစားကြစို့။
ဃ။ ဘုရားသခင်က အကျွန်ုပ်တို့အား ပးသနားတော်မူသော ဆုကျေးဇူူးများသည် ခရစ်တော်၌တည်သော အကျွန်ုပ် တို့၏အမွေ၏အစိတ်အပိုင်းဖြစ်သည့်အား လျာ်စွာ ဘုန်းတော်အဖို့အလို့ငှါ ဆက်လက်ထက်မြက်စေကြစို့။

ဘုရားသခင်သည် အကျွန်ုပ်တို့ဆောင်ရွက်သောအမှုတို့ကို ကာင်းချီးပေး၍ ဘုန်းတော်အဖို့အလို့ငှါ တည်မြဲစေတော်မူပါစေ။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်