Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဖေဖေါ်ဝါရီလ (၇)

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဖေဖေါ်ဝါရီလ (၇)

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
ခပ်သိမ်းသော သတိပညာတော်နှင့်လျော်စွာ ငါတို့၌ အတိုင်းထက်အလွန်များလှစွာသော ကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ၊ ထိုသားတော်၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်း တည်းဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည်းခံရကြ၏။ ဘုရားသခင်သည် နှလုံးသွင်းတော်မူသော စေတနာတော်နှင့် လျော်သောအလိုတော်၏ နက်နဲသော အရာကို ငါတို့အား ပြတော်မူ၏။
(ဧဖက် ၁း၇-၉)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဘုရားသခင်ကျေးဇူးတော် ကြွယ်ဝပြည့်စုံမှုကို ရှုမြင်ခြင်း ဧဖက် ၁း၇-၈
၂။ ဘုရားသခင်၏ကျေးဇူးတော်သည် အလွန်တရာမှ များပြားလှသည်

က။ “ခပ်သိမ်းသော သတိပညာတော်” – ဘုရားသခင်သည်

(၁) ဉာဏ်ပညာကို ရှာသောသူအပေါင်းတို့ကိုလည်းကောင်း၊
(၂) မိမိတို့ကိုယ်ကို ထိုက်တန်သောသူအဖြစ် သက်သေထူသောသူအပေါင်း တို့ကိုလည်းကောင်း (သုတ္တံ ၂း၁-၅) ၊ ခပ်သိမ်းသော သတိပညာတော်ပေးသည်။

ခ။ “ခပ်သိမ်းသော သတိ” – ဆိုသည်မှာ

(၁) သတိရှိခြင်း၊
(၂) ဖြောင့်မတ်မှန်ကန်ခြင်း၊ စသည်တို့ကို ဆိုလိုသည်။

ဂ။ ဘုရားသခင်သည် သူ၏ သတိပညာတော်နှင့်ယှဉ်သော အကျိုးအကြောင်းများကို

(၁) ရက်ရောစွာ ပေးပိုင်သည် ။
(၂) မပေးဘဲ ငြင်းဆန်ပိုင်သည် ။

၃။ ဘုရားသခင်၏ ဉာဏ်ပညာတော် ထင်ရှားခြင်း

က။ အလိုတော်၏နက်နဲသော အရာ

(၁) ဘုရားသခင်၏ အလိုတော်ကို လူသားတို့သည် မိမိတို့၏ဦးနှောက်ဉာဏ် အားဖြင့် နားလည်နိုင်မည် မဟုတ်။
(၂) ဘုရားသခင်၏ အလိုတော်သည် ဘုရားသခင်၏ဖွင့်ပြခြင်းအားဖြင့်သာ နားလည်နိုင်သော အရာဖြစ်သည်။
(၃) ဘုရာသခင်၏အလိုတော်သည် နက်နဲသောအရာဖြစ်သောကြောင့်၊ဘုရားသခင်ကိုယ်တိုင်က ဖွင့်ပြပေးရမည်။

၄။ အထူးသဖြင့် လေးနက်စွာ မှတ်သားရမည့် အချက်

က။ ဘုရားသခင်သည် မိမိနှလုံးသွင်းတော်မူသော စေတနာတော်အတိုင်း အရာခပ်သိမ်းတို့ကို ဆောင်ရွက်လိမ့်မည်။
ခ။ ဤအကြောင်းအရာနှင့်ပတ်သက်၍ အဘယ်သူမျှ အကုန်အစင် နားမလည်နိုင်။
ဘုရားသခင် တစ်ပါးတည်းကသာ နားလည်သည်။

(၁) အချို့သောအကျိုးအကြောင်းများသည် ဖွင့်ပြဖော်ပြထားသည်။
(၂) သို့သော်၊ အချို့သောအကြောင်းရင်းများသည် ဝှက်ထား၍ မဖွင့်ပြဘဲရှိနေသည်။

ဂ။ အလိုတော်၏အကြောင်းရင်းများကို (အကျွန်ုပ်တို့အား) ဖွင့်ပြခြင်း (သို့) ဝှက်ထားခြင်းသည် ဘုရားသခင်၏ အခွင့်တော် ဖြစ်သည်။

 

အသက်တာနှင့်အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ လူသားတို့ မသိအပ်သော အရာများ ရှိသည် (တရား ၂၉း၂၉)။

က။ ထိုအရာတို့ကို အကျွန်ုပ်တို့သည် ဘယ်တော့မှ နားလည်နိုင်မည် မဟုတ်။
ခ။ ထိုအရာတို့သည် ဘုရားသခင်၏အသိဉာဏ်တော်အားဖြင့် ဝှက်ထားသောအရာများဖြစ်ကြသည်။

၂။ သို့သော်၊ အကျွန်ုပ်တို့အဖို့အလို့ငှါ သမ္မာကျမ်းစာ၌ ဖော်ပြ၍ ဖွင့်ပြထားသောအရာများရှိသည်။

က။ အကျွန်ုပ်တို့သည် ထိုအရာများကို လေ့လာသင်ယူရမည်။
ခ။ အကျွန်ုပ်တို့သည် ထိုအရာများကို အသေအချာ နားလည်သဘောပေါက်ရမည်။

၃။ အကျွန်ုပ်တို့အတွက် စိန်ခေါ်ချက်

က။ အကျွန်ုပ်တို့အတွက် ဖော်ပြ၍ ဖွင့်ပြပြီးသောအရာတို့ကို အသေးစပ်သိရှိနားလည်ရမည်။
ခ။ အအကျွန်ုပ်တို့အတွက် ဖော်ထုတ်၍ ထင်ရှားပြီးသော အရာတို့ကို ပို၍နက်ရှိုင်းစွာ နားလည်သဘောပေါက်ရမည်။
ဂ။ ဘုရားသခင်ကို ပို၍သိကျွမ်းနားလည်မည်အကြောင်း ကြိုးစားကြရမည်။

၄။ အမှုတော်မြတ်

က။ မှန်ကန်စွာ နှိမ့်ချ၍ ဘုရားသခင်၏အစေကို ခံကြစို့။
ခ။ အကျွန်ုပ်တို့အဖို့၊ ရေးသားဖော်ပြထားသောအရာတို့ကို သစ္စာရှိရှိ၊ စိတ်ချမှုအပြည့်နှင့် သင်ကြားကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်