Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဇန်နဝါရီလ (၃၁)

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဇန်နဝါရီလ (၃၁)

 

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
ခပ်သိမ်းသော သတိပညာတော်နှင့်လျော်စွာ ငါတို့၌ အတိုင်းထက်အလွန်များလှစွာသော ကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ၊ ထိုသားတော်၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်း တည်းဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည်းခံရကြ၏။
(ဧဖက် ၁း၇-၈)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ထိုသားတော်

က။ သခင်ခရစ်တော်ကို ရည်ညွှန်းသည်။
ခ။ ဤစကားစုကို ဧဖက်သြဝါဒစာက၌ ကြိမ်ဖန်များစွာ တွေ့ရသည်။
ဂ။ အခြားသောအကြောင်းအရာများနှင့် စပ်လျဉ်း၍လည်း တွေ့ရသည်။

၂။ ထိုသားတော်၌ (ခရစ်တော်၌)

က။ ကျွန်တော်တို့သည် ရွေးနှုတ်တော်မူခြင်းကျေးဇူးကို ခံကြရသည်။

(၁) “ရွေးနှုတ်ခြင်း” သည် “ကယ်တင်ခြင်း” ပင်ဖြစ်သည်။
(၂) အကျွန်ုပ်တို့သည်

– အပြစ်တရား၏အုပ်စိုးခြင်းမှ၊
– စာတန်မာရ်နတ်၏တန်ခိုးမှ၊ ရွေးနှုတ်ခြင်းခံကြရသည်။

ခ။ သခင်ဘုရား မရွေးနှုတ်မီကာလပတ်လုံး အကျွနု်ပ်တို့သည် မည်သည့်တန်ဖိုးမျှမရှိခဲ့ကြ။
ဂ။ အသွေးအားဖြင့်

(၁) အကျွန်ုပ်တို့၏ ရွေးနှုတ်ခြင်းအတွက် သခင်ယေရှုခရစ်ကိုယ်တိုင်ပေးဆပ်သော အဖိုးအခ ဖြစ်သည်။
(၂) အကျွန်ုပ်တို့သည် အပြစ်တရားနှင့် အပြစ်စီရင်ခြင်းမှ လွတ်မြောက်မည်အကြာင်း သခင်ခရစ်တော်သည် လက်ဝါးကားတိုင်၌ မိမိအသက်ကိုစွန့်တော်မူသည်။
(၃) ခရစ်တော်ကိုယ်တိုင်က မိမိ၏အသွေးတော်ကို သွန်သောကြောင့်၊အကျွန်ုပ်တို့သည် ရွေးနှုတ်ခြင်းသို့ ရောက်ရကြသည်။
(၄) ခရစ်တော်၏အခန်းကဏ္ဍသည် အဓိကျသော့ချက် ဖြစ်သည်။

ဃ။ အပြစ်လွှတ်တော်မူခြင်း

(၁) များစွာသော အပြစ်များကို အကျွန်ုပ်တို့သည် ကျူးလွန်ခဲ့ကြသည်။
(၂) ဘုရားသခင်သည် သခင်ယေရှုခရစ်တော်အားဖြင့်အကျွန်ုပ်တို့၏အပြစ်ရှိသမျှတို့ကို ခွင့်လွှတ်တော်မူသည်။
(၃) ကျွန်တော်တို့သည် သခင်ဘုရားအား အလွန်တရာမှ ကျေးဇူးတင်ရပေမည်။

 

၃။ အတိုင်းထက်အလွန်များလှစွာသော ကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ

က။ ကျေးဇူးတော်သည် ခမည်းတော်ဘုရားသခင်နှင့်ဆိုင်သည်။
ခ။ ကျေးဇူးတော်သည် သခင်ယေရှုခရစ်တော်နှင့်လည်း ဆိုင်သည်။
ဂ။ ဘုရားသခင်၏ကျေးဇူးတော်သည် အလွန်တရာမှ ကြွယ်ဝသည်။ ထိုကျေးဇူးတော်သည်

(၁) အရေအတွက်အားဖြင့်လည်းကောင်း၊
(၂) အရေအသွေးအားဖြင့်လည်းကောင်း၊ ကြွယ်ဝသည်။

ဃ။ ထိုကျေးဇူးတော်သည်လည်း အကျွန်ုပ်တို့အတွက် ဖြစ်သည်။ ထိုကျေးဇူးတော်သည်

(၁) ရွေးနှုတ်ခြင်းအမှု၌လည်းကောင်း၊
(၂) အသက်တာ၌လည်းကောင်း၊
(၃) အမှုတော်မြတ်၌လည်းကောင်း၊ ထင်ရှားသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ တန်ဖိုးထားမြတ်နှိုးခြင်း

က။ ဘုရားသခင်၏ ရွေးနှုတ်တော်မူခြင်းကို အသစ်တစ်ဖန် တန်ဖိုးထားကြစို့။
ခ။ အကျွန်ုပ်တို့ရရှိခံစားသော ကယ်တင်ခြင်းအမှု၌ အတိုင်းထက်အလွန် ဝမ်းမြှောက်ကြစို့။

၂။ လက်တွေ့ကျင့်သုံးခြင်း

က။ သင်ယူပြီးသော သင်ခန်းစာများကို အသက်တာနှင့် အမှုတော်မြတ်၌လက်တွေ့ဖော်ဆောင်ကြစို့။
ခ။ သခင်ယေရှု၏ဧဝံဂေလိတရားတော်ကို များစွာသောသူတို့အား ဝေငှကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်