Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၊၉၊၂၀၂၀

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၊၉၊၂၀၂၀

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
၆ အပြစ်တင်ခွင့်နှင့်ကင်းလွတ်သောသူ၊ မယားတယောက်တည်းရှိသောသူဖြစ်လျှင်၎င်း၊ သူ၏သားသမီး တို့သည် ကာမဂုဏ်၌ လွန်ကျူးသည်ဟု အပြစ်တင်ခြင်း၊ နားမထောင်ခြင်းနှင့် လွတ်၍ ယုံကြည်လျှင်၎င်း၊ ထိုသို့ သောသူကို ခန့်ထားအပ်၏။ ၇ အကြောင်းမူကား၊ သင်းအုပ်သည် ဘုရားသခင်၏ ဘဏ္ဍာစိုးကဲ့သို့၊ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သော သူဖြစ်ရမည်။ ကိုယ်အလိုသို့ လိုက်တတ်သောသူ၊ စိတ်တိုသောသူ၊ စပျစ်ရည်နှင့်ပျော်မွေ့သောသူ၊ သူတပါးကို ရိုက်ပုတ်သောသူ၊ မစင်ကြယ်သောစီးပွါးကို တပ်မက်သောသူ မဖြစ်ရဘဲ (တိ ၁း၆-၇)။

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ လူတို့ကို အမှုတော်မြတ်၌ ခန့်ထားခြင်း
က။ အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသောသူဖြစ်ရမည်။
ခ။ အမှုတော်ဆောင်များ၏ အရည်အချင်းသည် အသင်းတော်၌ အလွန်အရေးပါသည်။

၂။ ကောင်းသောအရည်အချင်းများ (ယေဘုယျအားဖြင့် ဖော်ပြခြင်းသာ ဖြစ်သည်)
က။ အပြစ်တင်ခွင့်နှင့်ကင်းလွတ်ခြင်း၊
(၁) အပြစ်တင်စရာမရှိသောသူ ဖြစ်သည်။
(၂) မိမိတာဝန်များကို ထမ်းဆောင်ရာ၌ အပြစ်ပြောစရာမရှိ ဖြစ်သည်။
ခ။ မိသားစုအသက်တာ၊
(၁) သစ္စာရှိရှိ အိမ်ထောင်ပြုသည်။
(၂) ကလေးတို့သည်လည်း သစ္စာရှိသောသူများ ဖြစ်ကြသည်။
(၃) သူတို့သည် ကာမဂုဏ်လွန်ကျူးခြင်းနှင့် ကင်းလွတ်ကြသည်။
(၄) သူတို့သည် သောင်းကျန်းသောသူများ မဟုတ်ဘဲ နာခံတတ်ကြသည်။
ဂ။ သင်းအုပ်
(၁) ဝါရင့်သင်းအုပ်ဆရာ တစ်ဦး ဖြစ်သည်။
(၂) သခင်ဘုရား၏အမှုတော်ကို သေချာကြီးကြပ်သောသူ ဖြစ်သည်။
ဃ။ သင်းအုပ်တစ်ဦး၏ အရည်အချင်း
(၁) အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူ၊
(၂) ဘဏ္ဍာစိုး (အသင်းတော်ကို သေချာ စီမံအုပ်ချုပ်သောသူ)၊
(၃) ကိုယ်အလိုသို့ မ လိုက်တတ်သောသူ၊
(၄) စိတ် မ တိုသောသူ
(၅) စပျစ်ရည်နှင့် မ ပျော်မွေ့သောသူ (သေရည်သေရက် စွဲလမ်းခြင်း)
(၆) သူတပါးကို မ ရိုက်ပုတ်သောသူ၊
(၇) မစင်ကြယ်သောစီးပွါးကို မ တပ်မက်သောသူ၊

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း
၁။ အမိပျိုးထောင်ရမည့် အရေးပါသော အရည်အချင်းများဖြစ်ကြသည်။
က။ ဤအရည်အချင်းများသည် အလိုအလျောက် ဖြစ်ပေါ်လာမည် မဟုတ်။
ခ။ အပြစ်ဟူသမျှကို အပြစ်ချေမှုန်းကြရမည်။
ဂ။ ဤအရည်အချင်းများ ပျိုးထောင်ရာ၌ အားသွန်ခွန်စိုက် ကြိုးစားကြရမည်။
၂။ အကျွန်ုပ်တို့အသင်းတော်ခေါင်းဆောင်များအတွက် လိုအပ်သောအရည်အချင်းများ
ဖြစ်ကြသည်။
က။ ယခုလက်ရှိအချိန်၊
ခ။ နောက်နောင်အနာဂတ်၊

 

အကျွန်ုပ်တို့အတွက် စိန်ခေါ်ချက်
၁။ မည်သူ့အတွက်ပင်ဖြစ်စေ၊ သမ္မာကျမ်းစာ၌ သတ်မှတ်ထားသောအရည်အချင်းများကို လျော့ချပေးခြင်း လုံး၀ မပြုရ။
၂။ ဘုရားသခင်၏နှုတ်ကပတ်တော် ပြည့်စုံစေခြင်းအမှု၌ မည်သည့်အရာကိုမျှ ရောယှက်ခြင်း မပြုသင့်ချေ။
၃။ အကျွန်ုပ်တို့ အရောက်စီတိုင်း အပြစ်တင်ခွင့်နှင့် ကင်းလွတ်သော အသက်တော် များပိုင် ဆိုင်ကြဖို့ အားပေးတိုက်တွန်းကြရမည်။
၄။ လာမည့်ကာလများ၌ ဘုရားတရားရှိ၍ ကောင်းမြတ်သော ခေါင်းဆောင်များ ဘုရားသခင် ပေးသနားတော်မူပါမည့်အကြောင်း ဆုတောင်းကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်