Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၀၊ နိုဝင်ဘာလ (၁၅)

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၀၊ နိုဝင်ဘာလ (၁၅)

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
9 အစေခံကျွန်တို့သည်။ ငါတို့ကို ကယ်တင်တော်မူသော အရှင်ဘုရားသခင်၏ ဩဝါဒကို အရာရာ၌ တန်ဆာဆင်ခြင်းငှါ၊ မိမိတို့ သခင်၏အုပ်စိုးခြင်းကို ဝန်ခံ၍၊ ငြင်းခုံခြင်းမရှိဘဲ၊ အရာရာ၌ သခင်၏အလိုသို့ လိုက်မည်အကြောင်းနှင့်၊ 10 တိတ်ဆိတ်စွာ ခိုးယူခြင်းကိုမပြုဘဲ၊ ခပ်သိမ်းသောသစ္စာကို ထင်ရှားစွာ ပြမည်အကြောင်းတိုက်တွန်း သွေးဆောင်လော့။

(တိ ၂း၉-၁၀)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ အစေခံကျွန်တို့

က။ ကျွန်များ ဖြစ်ကြသည်။
ခ။ အများစုသည် တိုက်ပွဲကျ၍ ကျွန်ဘဝသို့ ရောက်လာကြသည်။
ဂ။ကျွန်များ ရောင်းဝယ်ရေးသည် ရောမအင်ပါယာကြီး၌ ထွန်းကားခဲ့သည်။
ဃ။ ဤကျွန်များသည် သည် မိမိတို့၏လုပ်အားခကြောင့် အလုပ်လုပ်ကြသည် မဟုတ်။
င။ အလွန်ကြမ်းတမ်းသော ဘဝကို ပိုင်ဆိုင်ကြရသည်။

(၁) သခင်များက ရိုက်၍ အပြစ်ပေးသည်။
(၂) သခင်များက အဖိုးအခဖြင့် ရောင်းချသည်။

၂။ သိသာထင်ရှားသော အကြံအညာဏ်ပေးခြင်း

က။ သခင်တို့ စေခိုင်းသည့်အတိုင်း ကောင်းမွန်စွာ ဆောင်ရွက်ရန် အားပေးတိုက်တွန်းခြင်း ခံရသည်။
ဤအချက်သည်ပင် ကျွန်များအတွက် အလွန်ခက်ခဲမည် ဖြစ်သည်။
ခ။ ကောင်းသော အပြုအမှု

(၁) နာခံတတ်သောသူ၊
(၂) သခင်တို့အား ကျေနပ်စေသောသူ၊
(၃) သခင်တို့အား ပြန်မပြောဘဲ၊ နားခံသောသူ၊
(၄) ခိုးယူခြင်း မပြုသောသူ၊
(၅) ယုံကြည်သက်ဝင်မှုကို ပြသသောသူ၊ စသည်တို့ ဖြစ်ရမည်။

ဂ။ ဘုရားသခင်၏ သြဝါဒ

(၁) ကောင်းသောအပြုအမုများသည် ဘုရားသခင်သြဝါဒကို ပေါ်လွင်ထင်ရှားစေသည်။
(၂) ယုံကြည်ခြင်းသည် သီအိုရီမျှသာ မဟုတ်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဆောင်ခြင်း

၁။ အသက်တာနှင့် ခံယူချက်များ

က။ ခံယူချက်များနှင့် အသက်တာတို့သည် ဆက်စပ်နေသည်။
ခ။ သူတို့နှစ်မျိုးစလုံးသည် မခွဲမခွါဘဲ ရှိနေရမည်။

၂။ ကျွန်များ/အစေခံကျွန်များ

က။ ကောင်းသောအကျင့်စာရိတ္တ ရှိရမည်။
ခ။ ယုတ်မာသော အပြုအမူများအတွက် မည်သည့်ဆင်ခြင်ခြင်းမျှ ကောင်းသည်မရှိ။

၃။ သင်းအုပ်ဆရာများအတွက် စိန်ခေါ်ချက်များ

က။ အကျွန်ုပ်တို့၏အသက်တာသည် အကျွန်ုပ်တို့၏ ယုံကြည်သက်ဝင်မှုကို ပေါ်လွင်ထင်ရှားစေရမည်။
ခ။ အကျွန်ုပ်တို့၏ အသက်ပုံသက်သေသည် ဘုရားသခင်၏သြဝါဒကို တန်ဆာဆင်ရမည်။

(၁) ဘုရားသခင်၏သြဝါဒသည် အကျွန်ုပ်တို့၏အသက်တာပုံသက်သေဖြင့် လှပလာမည် ဖြစ်သည်။
(၂) ယုံကြည်ခြင်းနှင့်အညီ အသက်ရှင်သောအခါ၊ သူတပါးတို့သည် ဘုရားသခင်ပို၍ နှစ်သက်မြတ်နိူးလာမည် ဖြစ်သည်။

၄။ အကျွန်ုပ်တို့အသက်တာကို ပြုပြင်ခြင်း

က။ သခင်ယေရှု အဘယ်သို့ အသက်ရှင်သည်ကို ဆင်ခြင်ကြစို့။
ခ။ ဘုရားသခင်၏ အစေခံကောင်းများ၏ ပုံသက်သေကို ဆင်ခြင်နှလုံးသွင်းကြစို့။
ဂ။ ဘုရားသခင်၏ ဘုန်းကျက်သရေတော်ကို ထင်ရှားစွာ ရောင်ပြန်ဟပ်လို သောစိတ်ကို ပြင်းပြစွာ ခံယူကြစို့။
ဃ။ အကျွန်ုပ်တို့ သင်ပေးသည့်အတိုင်း၊ ပြောကြားသည့်အတိုင်း၊ လက်တွေ့ဘဝ၌ ကျင့်ကြံအားထုတ်နိင်ကြလျှင်၊ အမှုတော်မြတ်သည်လည်း အလွန်တရာမှ တိုးတတ်လာမည် ဖြစ်သည်။

 

ဆုတောင်းလျက်
ပါစတာချားလ်(စ်)တန်