Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၁၉၊၇၊၂၀၂၀

ပတ်စဉ်သင်းအုပ်ပေးစာ ၁၉၊၇၊၂၀၂၀

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

၄း၁      ကိုယ်တော်တိုင် ပေါ်ထွန်း၍ နိုင်ငံတော်ထင်ရှားသောကာလ၊ အသက်ရှင်သောသူ၊ သေသောသူတို့ကို စစ်ကြောစီရင်တော်မူသော သခင်ယေရှုခရစ်ရှေ့မှာသော်၎င်း၊ ဘုရားသခင်ရှေ့မှာ၎င်း၊ ငါသည် သင့်ကို သစ္စာပေးသည်ကား၊-
၄း၂      နှုတ်ကပတ်တရားတော်ကို ဟောပြောလော့အချိန်ရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ၊ကြိုးစားအားထုတ်လော့၊၏။ အပြစ်ကို ဘော်ပြလော့။ ဆုံးမခြင်းကိုပြုလော့။ အလွန်ရှည်သောစိတ်နှင့် သြဝါဒမျိုးကိုပေး၍ တိုက်တွန်းသွေးဆောင်လော့။-
(၂တိ ၄း၁-၂)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ သစ္စာပေးခြင်း
က။ အမိန့်၊
ခ။ လေးနက်စွာ ခံယူရမည်။
ဂ။ အကြံပြုခြင်းမျှသာ မဟုတ်။

၂။ သခင်ယေရှုခရစ်နှင့် ဘုရားသခင်နာမတို့ ပါဝင်ပက်သတ်နေခြင်း
က။ အထက်ပါ နာမတို့သည် သစ္စာပေးခြင်းကို ပို၍ ခိုင်ခံ့စေသည်။
ခ။ အားကြီးသောဘုရားသခင်နှင့် သခင်ခရစ်တော်တို့၏ နာမဖြင့် ဤအမိန့်ကို ပေးသည်။

၃။ သခင်ခရစ်တော်၏ပြန်လည်ကြွလာခြင်း
က။ နွားစာခွက်၌ ဖွားမြင်သောကလေးငယ်အဖြစ် ပြန်ကြွလာမည် မဟုတ်။
ခ။ တရားစီရင်သူအဖြစ် ပြန်ကြွလာမည်။
(၁) အသက်ရှင်သောသူများကို တရားစီရင်ရန်၊
(၂) သေသူများကို တရားစီရင်ရန်၊
ဂ။ ပြန်ကြွလာပြီး သူ၏နိုင်ငံတော်ကို တည်ထောင်မည် ဖြစ်သည်။

၄။ သစ္စာစကားတို့၌ ပါသောအကြောင်းအရာများ

က။ နှုတ်ကပတ်တော်ကို ဟောကြားရန်၊
(၁) ဘုရားသခင်၏နှုတ်ထွက်စကားသာ ဖြစ်ရမည်။
(၂) ထိုနည်းတူ၊ ပုရောဖက်တို့သည် ဟောခဲ့ကြသည်။
(၃) သခင်ရစ်တော်သည်လည်း ထိုနည်းတူ ဆော်ရွက်ခဲ့သည်။
(၄) ထိုနည်းတူပင် တမန်တော်တို့သည်လည်း ဆက်ကပ်ခဲ့ကြသည်။
(၅) ကျွန်ုပ်တို့သင်းအုပ်များသည်လည်း ထိုနည်းတူ ဆက်ကပ်ကြရမည်။

ခ။ အဆင်သင့် ဖြစ်နေရန်၊
(၁) အချိန်ပြည့် အသင့်ရှိနေရမည်။
(၂) အပြည့်အ၀ ပြင်ဆင်လျက် ရှိနေရမည်။
(၃) ကောင်းသောကာလ နှင့် မကောင်းသောကာလ နှစ်မျိုးစလုံး၌ အသင့်ဖြစ်ရမည်။

ဂ။ ကျွမ်းကျင်မှုများလည်း ရှိရန်၊
(၁) အပြစ်ကို ဖော်ပြခြင်း၊
(၂) ဆုံးမသွန်သင်ခြင်း၊
(၃) တိုက်တွန်းနိူးဆောင်ခြင်း၊
(၄) အလွန်ရှည်သောစိတ်နှင့်
(၅) သြဝါဒများပေးနိုင်စွမ်း၊

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ကျွမ်းကျင်မှုများကို ပို၍ ထက်မြတ်စေပါ။
ပို၍ တိုးတတ်ထက်မြတ်လာအောင် တသက်လုံး ဆက်ကပ်ရမည်။

၂။ အားပေးတိုက်တွန်းခြင်း
နှုတ်ကပတ်တော်ကို ထိရောက်စွာ ဟောကြားခြင်းနှင့် သင်ပေးခြင်းဖြင့်သာ ဖြစ်နိုင်သည်။

၃။ ဘုရားသခင်၏နှုတ်ကပတ်တော်
ဤအချက်သည် ကျွန်ုပ်တို့၏ စိတ်နှလုံးထဲ၌ အဦးဆုံးနေရာယူထားရမည်။
အရေးကြီးဆုံးသော အချက်ဖြစ်ရမည်။

အခွင့်အရေးဟူသမျှကို အမိအရဖမ်းပြီး ဘုရားသခင်၏နှုတ်ကပတ်တော်ကို အကောင်းဆုံးသွန်သင်ကြစို့။

 

ဆုတောင်းလျက်
ပါစတာချားလ်(စ်)တန်