Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၁၃၊၉၊၂၀၂၀

ပတ်စဉ်သင်းအုပ်ပေးစာ ၁၃၊၉၊၂၀၂၀

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
ငါသည် သင့်ကို မှာထားခဲ့နှင့်သည်အတိုင်း၊ ကရေတေကျွန်း၌ မစုံလင်သမျှတို့ကို ပြင်ဆင်၍၊ မြို့ရွာ များ၌ သင်းအုပ်တို့ကို ခန့်ထားစေခြင်းငှါ၊ ထိုကျွန်း၌ သင့်ကို ငါထားခဲ့သတည်း
(တိ ၁း၅)။

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ တမန်တော်ပေါလု၏ အမှုတော်လုပ်ငန်း
က။ အလွန်ကျယ်ပြန့်သော အမှုတော်လုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။
ခ။ သို့သော် ပေါလုသည် တစ်ချိန်တည်းအတွင်း နေရာတိုင်း၌ နေ၍ မရ။

၂။ အခြားသော သင်းအုပ်တို့၏ အမှုတော်လုပ်ငန်း
က။ တိမောသေသည် ဧဖက်မြို့၌ အစေခံရန် စေလွတ်ခြင်းခံရသည် ( ၁ တိ ၁း၁)။
ခ။ တိတုသည် ကရေတေကျွန်း၌ အမှုတော်ဆောင်ရန် ခိုင်းအပ်ခြင်း ခံရသည်(တိ ၁း၅)။

၃။ တိတုအား အပ်နှံထားသော လုပ်ငန်း
က။ အသင်းတော်ကို စနစ်တကျ စီမံပြုပြင်ခြင်း လုပ်ငန်း
ခ။ ဤသည်ကား လုံး၀ ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သည်။

၄။ ညံ့ဖျင်းစွာ စီမံအုပ်ချုပ်ခြင်း ခံရသော အသင်းတော်သည်
က။ ခွန်အား နည်းလာမည် ဖြစ်သည်။
ခ။ ဘုရားသခင်၏ အမှုတော်မြတ်သည်လည်း ဟန့်တားပိတ်ပင်ခြင်း ခံရမည်။
ဂ။ မိစ္ဆာဆရာများ၏ တိုက်လှန်ခြင်းကို ခုခံနိုင်မည် မဟုတ်။
ဃ။ ဘုရားသခင်၏နာမတော်သည် ထိခိုက်နစ်နာခြင်းသို့ ရောက်သွားသည်။
င။ အသင်းဝင်အပေါင်းတို့သည် အရှက်ကွဲကြမည်။

၅။ စနစ်တကျ ပြုပြင်ခြင်း
က။ ဖွဲ့စည်းကြီးကြပ်နိုင်စွမ်း လိုအပ်သည်။
ခ။ လူထုကို သေချာစွာ သင်တန်းပေးရမည်။
ဂ။ ထိုမှသာ၊ အမှုတော်မြတ်၌ ပါဝင်ဆက်ကပ်ရန် ခန့်ထားရမည်။

၆။ မစုံလင်သော အရာဟူသမျှ
က။ ဖြစ်နေသမျှသော အရာများကို အသေးစိတ် မှတ်ယူရမည်။
ခ။ မစုံလင်သောအရာဟူသမျှကို လိုလေသေးမရှိ ဖြည့်စွပ်ဖြေရှင်းရမည်။

၇။ သင်းအုပ် ဟူသောဝေါဟာရ
က။ အသင်းတော်ကို အုပ်ချုပ်စီမံသော သင်းအုပ်ကို ရည်ညွန်းနိုင်သည်။
ခ။ သို့မဟုတ်၊ ဝါရင့်၍ လေးစားကြည်ညိုရသော အသင်းတော်ခေါင်းဆောင်ကိုလည်း ရည်ညွန်းနိုင်သည်။

၈။ တမန်တော် ပေါလုထံက မိန့်မှာချက်
က။ ပေါလုသည် အကြံပေးနေသည် မဟုတ်။
ခ။ ပေါလုသည် အရေးပါသော တမန်တော်တစ်ပါး ဖြစ်သည်။
ဂ။ တိတုအား ရေး၍ စေခိုင်းသောအရာတို့သည် နာခံလိုက်နာခြင်းဖြင့် အကောင်အထည် ဖော်ရမည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ သမ္မာကျမ်းစာသင်ကျောင်း
က။ ကျောင်းသားအများစုသည် သမ္မာကျမ်းစာထဲက ယုံကြည်ခံယူချက်များကိုသာ လေ့လာဆည်းပူးကြသည်။
ခ။ အနည်းငယ်သော ဆရာသမားများကသာ အရေးပါသော သင်းအုပ်အတတ်ပညာများကို သင်ကြားပေးကြသည်။

၂။ ဆက်လက် သင်ယူခြင်းရန် စိန်ခေါ်ချက်
က။ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်း ပညာကို သင်ယူရန် နောက်ကျသည်ဟူ ၍ မရှိ။
ခ။ စနစ်တကျ ဖွဲ့စည်းထားသော အသင်းတော်များ တည်ထောင်ကြစို့။
ဂ။ ကောင်းမွန်စွာ သင်ယူနိုင်ဖို့ လိုအပ်သော ဘုရားသခင်၏ကျေးဇူးတော်အတွက် ဆုတောင်းကြစို့။
ဃ။ ပို၍ ပီပြင်စွာ စနစ်တကျ ဖွဲ့စည်းထားသော အသင်းတော်များ ဖြစ်လာကြဖို့ မျှော်လင့်ကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်