Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၁၂ ဇူလိုင်၂၀၂၀

ပတ်စဉ်သင်းအုပ်ပေးစာ ၁၂ ဇူလိုင်၂၀၂၀

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

၃း၁၄ သင်သည်အဘယ်သူထံ၌ နည်းခံခဲ့ပြီးသည်ကို၎င်း၊
၃း၁၅ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအလိုငှါ ပညာကိုပေးနိုင်သော ဓမ္မကျမ်းစာကို ငယ်သောအရွယ်မှစ၍ လေ့ကျက်သည်ကို၎င်း သိမှတ်သည်နှင့်၊ အထက်ကသင်၍ နှလုံးသွင်းမိသော အယူဝါဒ၌ တည်နေလော့။
၃း၁၆ ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့် ဖြစ်၍၊
၃း၁၇ ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း၊ သြဝါဒပေးခြင်း၊ အပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။
၂တိ ၃း၁၄-၁၇

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဆက်လက်တည်နေရန် တိုက်တွန်းခြင်း
က။ သင်ယူပြီးသောအရာတို့၌၊
ခ။ လေ့ကျက်ပြီးသောအရာတို့၌၊
ဂ။ အဘယ်သူထံမှ နည်းခံသည်ကို သိမှတ်ခြင်းအမှု၌၊
ဃ။ နှလုံးသွင်းမိသောအရာတို့၌၊ ဆက်လက်တည်နေရမည်။

၂။ သမ္မာကျမ်းစာ (တိမောသေအသက်တာ၌)
က။ ငယ်စဉ်ကတည်းက လေ့ကျက်သောအရာ ဖြစ်သည်။
ခ။ သမ္မာကျမ်းစာသည် အောက်ပါအချက်တို့ကို စွမ်းစောင်သည်။
(၁) ပညာပေးသည်။
(၂) ကယ်တင်ခြင်းပေးသည်။
(၃) သခင်ခရစ်တော်ကို ယုံကြည်သက်ဝင်စေသည်။

၃။ သမ္မာကျမ်းစာကို လေးနက်စွာ တန်ဖိုးထားခြင်း
က။ ဘုရားသခင်၏ မှုတ်သွင်းခြင်းဖြင့် သန့်ရှင်းသူများက ရေးသားကြသည်။
ခ။ ထို့ကြောင့်၊ အမှားအယွင်း မရှိဘဲ ရေးသားပြုစုကြသည်။
ဂ။ ယုံကြည်စိတ်ချမှုအပြည့်နှင့် သမ္မာကျမ်းစာကို ဖတ်ရမည် ဖြစ်သည်။

၄။ သမ္မာကျမ်းစာသည်
က။ သြဝါဒပေးခြင်း၊
ခ။ အပြစ်ဖော်ပြခြင်း၊
ဂ။ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊
ဃ။ တရားကိုသွန်သင်ခြင်း၊ စသောကျေးဇူးများကို ပြုစုတတ်သည်။

၅။ အံ့သြဖွယ်သော အကျိုးရလဒ်များ
က။ အကြင်သူအား ဘုရားသခင်၏လူဖြစ်လာရန် မစသည်။
ခ။ အကြင်သူအား ရင့်ကျက်စုံလင်သောသူ ဖြစ်စေသည်။
ဂ။ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါ ပြင်ဆင်ဖို့ရန် ဖြစ်သည်။

 

အသက်တာနှင့်အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အချိန်ယူပြီး
က။ သမ္မာကျမ်းစာကို လေ့လာရန်၊
ခ။ ဘုရားသခင်၏နှုတ်ထွက်စကားတော်မှ ပညာရှာရန်၊

၂။ စစ်မှန်သော ဘုရားသခင်၏လူ ဖြစ်လာရန်၊
က။ ဘုရားတရားရှိသောသူ၊
ခ။ သစ္စာရှိသောသူ၊
ဂ။ တတ်မြောက်ကျွမ်းကျင်သောသူ၊
ဃ။ အသက်တာနှင့် အမှုတော်မြတ်၌ အသီးများစွာ ကြွယ်ဝသောသူ၊ စသည်တို့ ဖြစ်ရမည်။

၃။ ယုံကြည်ခြင်းနှင့် ဆက်ကပ်မှုရှိမှသာ ဘုရားသခင်၏အမှုတော်မြတ်၌ အောင်မြင်နိုင်မည်။
က။ အများစုသည် အစ ကောင်းကြသည်။
ခ။ အနည်းစုသည် ကောင်းမွန်စွာ အဆုံးသတ်နိုင်ကြသည်။

 

ဆုတောင်းလျက်
ပါစတာချားလ်(စ်)တန်