Bethany Independent Presbyterian Church

Myanmar

ဘီထီအစ် သင်းအုပ်ပေးစာ ၂၀၂၀၊ ဒီဇင်ဘာလ (၇)

ဘီထီအစ် သင်းအုပ်ပေးစာ ၂၀၂၀၊ ဒီဇင်ဘာလ (၇)

 

ကျမ်းချက်။ ။ဆာလံ ၂၀

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှုလုံံးသွင်းခြင်း
ဘေးအန္တရာယ်ရောက်သောကာလ၌၊ ထာဝရ ဘုရားသည် ကိုယ်တော်စကားကို နားထောင်၍၊ ယာကုပ် ၏ ဘုရားသခင်နာမတော်သည် ချီးမြှောက်တော်မူပါစေ သော။ သန့်ရှင်းရာဌာနတော်ထဲက ကူညီ၍၊ ဇိအုန် တောင်ပေါ်က ထောက်ပင့်တော်မူပါစေသော။
ကိုယ်တော်၏ ပူဇော်သက္ကာအလုံးစုံတို့ကို အောက်မေ့၍၊ မီးရှို့သောယဇ်ကို လက်ခံတော်မူပါစေ သော။
(ဆာလံ ၂-း၁-၃)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ထပ်ခါထပ်ခါ တွေ့ရသော စကားစုမျာ “ပါစေသော” ဖြစ်သည်။
၂။ ထာဝရဘုရားသခင်က…“ပါစေသော” ဟုဆိုလိုသည်။

က။ ကောင်းချီးပေးခြင်းသည် ဘုရားသခင်သာ တတ်စွမ်းသည်။
ခ။ ကောင်းချီးပေးခြင်း၊ မပေးခြင်းသည် ဘုရားသခင်၏ အလိုတော်သာ ဖြစ်သည်။

၃။ ဖြောင့်မတ်သောသူ၊ သစ္စာရှိသောသူတို့အတွက် ဘုရားသခင်ပြုမည့်အရာများမှာ-

က။ ဒုက္ခရောက်သောကာလ၌ သူတို့၏စကားကို နားထောင်မည်။
ခ။ သူ၏နာမအဖို့အလု့ိငှါ သူတို့ကို ကာကွယ်၍ချီးမြှောက်မည်။
ဂ။ သန့်ရှင်းရာဌာနတော်ထဲ ( ဇိအုန်တောင်ပေါ်က) မစခြင်းကို စေလွှတ်မည်။
ဃ။ လိုအပ်သောခွန်အားကို ပေးသနားတော်မူမည်။
င။ ပေးဆပ်ခဲ့သမျှ၊ လှူဒါန်းခဲ့သမျှတို့ကို အစဉ်အောက်မေ့တော်မူမည်။

 

ဆာလံဆရာသည် ဘာကြောင့် “ပါစေသော” ဟုဆိုရသနည်း။

၁။ ဘုရားသခင်၏အကြံအစည်တို့သည် အကျွန်ုပ်တို့၏အကြံအစည်တို့နှင့် မတူ။
၂။ ဘုရားသခင်၏လမ်းတို့သည် များစွာ မြင့်မားတော်မူသည်။
၃။ ဘုရားသခင်၏အလိုတော်သည် အလွန်တရာမှ လေးနက်၍ နက်ရှိုင်းတော်မူသည်။
၄။ ဆုတောင်းသောအခါ၊ အကျွန်ုပ်တို့သည် ထင်ရာစိုင်း၍ မွတ်ဆိုခြင်း မပြုသင့်ပေ။

 

အသက်တာနှင့်အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဘုရားသခင်နှင့်သူ၏အလိုတော်ကို သိကျွမ်းခြင်း

က။ ထင်မြင်ယူဆ၍ မနေသင့်။
ခ။ ဘုရားသခင်ကို ပို၍သိကျွမ်းခြင်းငှါ ကြိုးစားနေရမည်။

၂။ အသက်တာ၌ လိုအပ်ချက်များ

က။ ဘုရားသခင်၏ ကာကွယ်ခြင်း၊
ခ။ ဘုရားသခင်၏ မစခြင်း၊
ဂ။ ဘုရားသခင်ပေးသနားတော်မူသော ခွန်အား၊
ဃ။ ဆုတောင်းချက်များကို ဘုရားသခင် နားညှောင်းခြင်း၊ စသည်တို့ဖြစ်သည်။

 

ဤအရာများကြောင့် ပိုမိုလေးနက်စွာ ဆုတောင်းကြရမည် ဖြစ်သည်။

၃။ ကောင်းမွန်စွာ ဆုတောင်းခြင်း

က။ နှိမ့်ချစွာ ဆုတောင်းရမည်။
ခ။ လုံးလအပြည့်နှင့် ဆုတောင်းရမည်။
ဂ။ စိတ်နှလုံ့းအကြွင်းမဲ့ ဘုရားသခင်ကို ရှာဖွေကြရမည်။

(၁) ဘုရားသခင်သည် အကျွန်ုပ်တို့ ဆုတောင်းချက်ကို အဖြေပေးသည်၊ မပေးသည်ကိုလည်းကောင်း၊
(၂) ဘုရားသခင်ကို အကျွန်ုပ်တို့ မျှော်လင့်သည့်အတိုင်း အဖြေပေးသည်၊ မပေးသည်ကိုလည်းကောင်း၊

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]