Bethany Independent Presbyterian Church

Myanmar

ဘီထီအ(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ ဖေဖေါ်ဝါရီလ (၈)

ဘီထီအ(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ ဖေဖေါ်ဝါရီလ (၈)

 

ကျမ်းချက်။ ။ဆာလံ ၂၂

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

အကျွန်ုပ်ဘုရား၊ နေ့အခါအကျွန်ုပ်အော်ဟစ် သော်လည်း၊ ကိုယ်တော်သည် နားမထောင်ပါ။ ညဉ့်အခါ အော်ဟစ်သော်လည်း သက်သာခြင်းသို့ မရောက်ပါ။
(ဆာလံ ၂၂း၂)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဆာလံဆရာ၏ဆုတောင်းအားထုတ်မှု

က။ နေ့ချိန်ခါ၌ ဆုတောင်းသည်။
ခ။ ညဉ့်ချိန်ခါ၌လည်း ဆုတောင်းသည်။
ဂ။ မနားမနေ ဆုတောင်းသည်။

၂။ ဘုရားသခင် ဘာကြောင့် မတုံ့ပြန်သည်ကို အံ့အား၍ စူးစမ်းနေသည်။
၃။ ဆာလံဆရာ သိလိုသည်မှာ-

က။ ဘုရားသခင်သည် နားမထောင်ဘဲ နေသည်။
ခ။ သို့သော်၊ ဤအချက်သည်ကား ဟုတ်မှန်ပါမည်လော။

 

အခြားသောဆာလံများကို လေ့လာခြင်း

၁။ အခြားသောဆာလံများကို သေချာစွာ လေ့လာခြင်းသည် ကောင်းသောအကျင့် ဖြစ်သည်။
၂။ အခြားသောဆာလံများ၌လည်း ဒီဆာလံကဲ့သို့ ညည်းတွားချက်များ တွေ့နိုင်သည်။

က။ ဘုရားသခင်သည် ဘာကြောင့် ဝေးဝေးရပ်၍ နေရသနည်း (ဆာလံ ၁၀း၁) ၊
ခ။ (အကျွန်ုပ်တို့) ဘေးရောက်သည့်ကာလ၌ ဘုရားသခင်သည် ဘာကြောင့်ပုန်းကွယ်နေသနည်း (ဆာလံ ၁၀း၁၊ ၁၃း၁) ၊
ဂ။ ဘုရားသခင်သည် အဖြေပေးတုံ့ပြန်ရန် အဘယ်မျှလောက် အချိန်ကြာဦးမည်နည်း
( ဆာလံ ၆း၃) ။

ဤသို့ ညည်းတွား၍ချဉ်းကပ်ခြင်းမျိူးသည် ဆုတောင်းရာ၌ လုံး၀ ရှောင်ရှားရမည်။

၃။ ညည်းတွားတတ်သော စိတ်ဓါတ်

က။ ဘယ်တော့မှ အကျိုးပေးမည် မဟုတ်။
ခ။ သံသယအတွေးစိတ်ကူးများကို ပို၍အားရှိစေသည်။
ဂ။ အကျွန်ုပ်တို့၏ ယုံကြည်သက်ဝင်မှုကို ဆိုးဝါးစွာ ထိခိုက်သည်။

ဆုတောင်းချက် မှန်လျှင်၊
၁။ မကျေနပ်ချက်များကို ဖော်ပြရန်သော်လည်းကောင်း၊
၂။ သံသယစိတ်နှင့် ညည်းတွားရန်သော်လည်းကောင်း၊
၃။ အလိုမကျ ကန့်ကွက်ရန်သော်လည်းကောင်း၊ မဖြစ်ရ။

 

ကောင်းသော ဆုတောင်းချက်များကို ပြန်လည်သတိရအောက်မေ့ခြင်း

ဘုရားသခင်ကို အောက်ပါအတိုင်း ယုံကြည်ကိုးစား၍ ဆုတောင်းရမည်။ ဘုရားသခင် ထာဝရဘုရားသည်-
၁။ အကျွန်ုပ်တို့၏ အကွယ်အကာ (ဆာလံ ၃း၃) ။
၂။ အကျွန်ုပ်တို့၏ ရှင်ဘုရင် (ဆာလံ ၅း၂) ။
၃။ အကျွန်ုပ်တို့၏ အကွယ်အကာ (ဆာလံ ရး၁၀) ။
၄။ အကျွန်ုပ်တို့၏ခွန်းအားဗလ (ဆာလံ ၁၈း၁) ။
၅။ အကျွန်ုပ်တို့၏ ကျောက် ( ဆာလံ ၁၈း၂) ။
၆။ အကျွန်ုပ်တို့၏ မြို့ရိုး (ဆာလံ ၁၈း၂) ။
၇။ အကျွန်ုပ်တု့ိ၏ရဲတိုက် (ဆာလံ ၁၈း၂) ။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ပို၍ဆုတောင်းတတ်မည်အကြောင်း သင်ယူကြစို့။
၂။ မိမိတို့ မှားယွင်းသော ဆုတောင်းချက်များမှ သင်ခန်းစာ သင်ယူကြစို့။
၃။ အကျွန်ုပ်တို့သည် ဆုတောင်းအားထုတ်မှု၌ ပို၍တိုးတတ်လာရမည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]