Bethany Independent Presbyterian Church

Myanmar

ဘီထီအက် (စ်) သင်းအုပ်ပေးစာ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၉)

ဘီထီအက် (စ်) သင်းအုပ်ပေးစာ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၉)

 

ကျမ်းချက်။ ။ ဆာလံ ၁၅

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း

၁၅း၁ အို ထာဝရဘုရား၊ တဲတော်၌ အဘယ်သူသည်တည်းရပါမည်နည်း။ သန့်ရှင်းသောတောင်ပေါ်မှာ အဘယ်သူသည် နေရပါမည်နည်းဟူမူကား၊-
၁၅း၂ ဖြောင့်မတ်သောအကျင့်၊ တရားသောအမှုကို ပြုကျင့်၍၊ သစ္စာစကားကို စိတ်နှလုံးပါလျက်ပြောထသော၊-
၁၅း၃ သူတစ်ပါး၏ အသရေကို ပျက်စေခြင်းငှါ ပြောဆိုခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူ၏အကျိုးကို ပြစ်မှားခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူငိုလည်း ကဲ့ရဲ့ခြင်းကို ရှောင်ထသော၊-
၁၅း၄ ဆိုးယုတ်သောသူကို အယုတ်ဟူ၍ထင်မှတ်လျက်၊၊ ထာဝရဘုရားအားကြောက်ရွံ့သောသူကို ရိုသေထသော၊ ကိုယ်အကျိုးပျက်ရသော်လည်းကိုယ်ကျိန်ဆိုသော သစ္စာဂတိကိုမဖျက်၊-
၁၅း၅ ကိုယ်ငွေကို ချေး၍ အတိုးမယူ၊ အပြစ်မရှိသောသူ၏တဘက်မှ တံစိုးကို မခံဘဲကျင့်သောသူသည် လှုပ်ရှားခြင်းနှင့် အစဉ်အမြဲ ကင်းလွတ်လိမ့်မည်သတည်း။
ဆာလံ ၁၅း၁-၅

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဓမ္မဟောင်း၌
က။ တဲတော်သည် အစ္စရေးလူမျိုးအတွက် ဘုရားကိုးကွယ်ရာနေရာ ဖြစ်သည်။
ခ။ မောရှေခေတ်၌ နေရာ ပုံသေသတ်မှတ်ခြင်း မရှိ။
ဂ။ ဒါဝဒ်မင်းခေတ်၌ တဲတော်သည် ယေရုရှလင်မြို့တော်၌ တည်ရှိသည်။
ဃ။ ယေရုရှလင်မြို့သည် တောင်ပေါ်၌ တည်ရှိသည်။
င။ ထိုတောင်ကို ဘုရားသခင်၏ `သန့်ရှင်းသောတောင်တော်´ ဟုခေါ်သည်။

၂။ တဲတော်ကို နောက်ဆုံး၌ ဘိမာန်တော် ဟုခေါ်ဝေါသမုတ်လာကြသည်။
က။ နေရာ အတည်တကျရှိသည့်အပြင်၊ ရုပ်လုံးသဏ္ဍာန်ဖြင့် ထင်ရှားစွာ တည်ရှိသည်။
ခ။ အထူးသဖြင့်၊ တဲတော် (ဘိမာန်တော်) သည် ဘုရားသခင်၏မျက်မှောက်တော်ကို သင်္ကေတသဘောဖြင့် ပုံဆောင်လျက် ရှိသည်။

၃။ ဝတ်ပြုကိုးကွယ်သောသူများ
က။ ဖြောင့်မတ်သောသူများ၊
ခ။ တရားသောအမှုကို ကျင့်သောသူများ၊
ဂ။ သစ္စာစကားကို စိတ်နှလုံးထဲမှ ပြောသူများ၊
ဃ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို မပြစ်မှားသောသူများ၊
င။ ကိုယ်ကျိန်ဆိုသော ကတိသစ္စာကို ထိန်းသိမ်းသောသူများ၊
စ။ မကောင်းသောစကား၊ မုသာစကား၊ စသည်တို့ကို ပြောသောသူများ၊
ဆ။ ဆိုးယုတ်သောသူတို့ကို အထင်မကြီးတတ်သော၊ မလေးစားတတ်သောသူများ၊
ဇ။ ဘုရားသခင်ကိုကြောက်သောသူတို့ကို လေးစားတတ်သောသူများ၊
ဈ။ လောဘမကြီးသော၊ ငွေကို အလွှဲသုံးစားမလုပ်သောသူများ၊
ည။ လာဒ်ပေး၊လာဒ်ယူ မလုပ်သောသူများ၊ စသည်တို့ဖြစ်ကြသည်။

 

အသက်တာနှင့်အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အသက်တာကို စိစေ့ခြင်း
က။ အသက်တာကို အမြဲတမ်း စိစေ့ရမည်။
ခ။ အပြစ်ကျူးလွန်မိသောအခါ၊ ဆေးကြောခြင်းကျေးဇူးတော်ကို ချက်ခြင်း ရှာရမည်။
ဂ။ အားနည်းချက်များကို ပိုကောင်းလာအောင် အစဉ် ပြုပြင်နေရမည်။

၂။ ရှေ့နောက်အစဉ် ညီသောအသက်တာကို ပျိုးထောင်ခြင်း
က။ အပြောနှင့်အလုပ် တထပ်တည်းကျသောအသက်တာကို တည်ဆောက်ပါ။
ခ။ ရှေ့နောက် လက်တွေ့၌ ညီနေခြင်းဖြင့်သာ အမှန်သစ္စာရှိသောသူများ ဖြစ်ကြမည် ဖြစ်သည်။
ဂ။ အပြောနှင့်အလုပ် လက်တွေ့ကျသော အသက်တာ ပျိုးထောင်နိုင်ဖို့ ဆုတောင်းကြစို့။

 

ဆုတောင်းလျက်
ပါစတာချားလ်(စ်)တန်

To Contact : [email protected]