Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ

ဘီထီအက်(စ်) သင်းအုပ်ပေးစာ

ဘီထီအက်(စ်) သင်းအုပ်ပေးစာ                                      ၂၀၂၀ ဖေဖါ်ဝါရီလ ၁၇

ကျမ်းချက်။   ။ဆာလံ ၈း၆

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း

၈း၆       ဖန်ဆင်းတော်မူသောအရာများကို အုပ်စိုးစေ၍၊

၈း၇       သိုးနွားအစရှိသော မြေတိရစ္ဆာန် မိုဃ်းကောင်းးကင်ငှက်၊

၈း၈       ပင်လယ်ငါးနှင့်ပင်လယ်လမ်း၌သွားတတ်သောတိရစ္ဆာန်မှစ၍၊ ခပ်သိမ်းသောအရာတို့

              ကို သူ၏ခြေအောက်၌ချထားတော်မူပြီ။

၈း၉       အိုအကျွနု်ပ်တို့၏ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်၏နာမသည်မြေကြီးတပင်လုံး၌ အလွန်ကြီးမြတ်တော်မူသတည်း။

ဆာလံ ၈း၆-၉

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ကျမ်းချက်နှင့် စပ်လျဉ်း၍ ကောက်နုတ်ချက်

က။ ကျမ်းချက်ကို သေချာလေ့လာပြီး ကောက်နုတ်ချက် ချနိုင်ခြင်းသည် အရေးကြီးသော

ကျွမ်းကျင်မှု တစ်ခုဖြစ်သည်။

ခ။ လေ့လာမှတ်သားစရာ များစွာ ရှိသည်။ သုံးချက်ကိုသာ အောက်ပါအတိုင်း

ဖော်ပြလိုက်သည်။ ၎င်းတို့မှာ-

(၁) အယူအဆများ (အတွေးအမြင်များ)

(၂) ဝါကျတည်ဆောက်ပုံများ

(၃) သမိုင်းနောက်ခံအကြောင်းတရားများ

၂။ ကျမ်းချက်ကို အနက်ဖွင့်ခြင်း

ယင်းနှင့် စပ်လျဉ်းပြီး အောက်ပါအချက်သုံးခုကို ဖော်ပြလိုသည်။

က။ မိမိ၏ အနက်ဖွင့်ဆိုချက်များကို စစ်စေ့ပါ

ခ။ ပေးထားသော ကျမ်းညွန်းများကိုလည်း အသုံးပြုပါ

ဂ။ အကြောင်းတရားများသည် တိကျသေချာရမည်။

၃။ လူသားအား ပေးသနားတော်မူသော ဂုဏ်အသရေ

က။ လူသားသည် ဘုရားသခင် ဖန်ဆင်းသောအရာခပ်သိမ်းတို့ကို အုပ်စိုးပိုင်ခွင့်

ပေးအပ် ခြင်းခံရသည်။

ခ။ ဤအချက်သည်ကား အလွန်ပင် ကြီးမြတ်သော ဂုဏ်အသရေ ဖြစ်သည်။

၄။ တာဝန်ဝတ္တရားကို အမှန်ကျေပွေရမည်။

က။ လိုအပ်သော အရာခပ်သိမ်းကို လူသားအား ပေးသနားတော်မူသည်။

(၁) အစားအစာအတွက်သော်လည်းကောင်း၊

(၂) ရှင်သန်ရုန်းကန်ဖို့ အတွက်သော်လည်းကောင်း၊

(၃) ထိုသို့ ရှင်သန်နိုင်ရန် ပေးသနားတော်မူသော အရာများ၌

– ငှက်၊ ကြက်

-တရိစ္ဆာန်နှင့်

– ငါး စသည်တို့ပါဝင်သည်။

ခ။ သို့သော် လူသားသည် ဘုရားသခင်ပေးသနားတော်မူသော အခွင့်အာဏာကို အလွဲမသုံးရ။

(၁) အပျော်သက်သက်အတွက် မသတ်ရ

(၂) ဘုရားသခင်အပ်နှံသော အရာများကို ဆက်လက်ထိန်းသိမ်းရမည်

(၃) ယနေ့ ကမ္ဘာကြီး၏ ရာသီဥတုမှာ အလွန်ဆိုးဝါးလာလျှက် ရှိသည်။

ဤသို့ ရာသီဥတု ဖေါက်ပြန်နေရခြင်း၏ တခုသော အကြောင်းရင်းမှာ

ဘုရားသခင်ပေးသနားတော်မူသော အရာများကို (အကျွနု်ပ်တို့က) မမှန်မကန်

အသုံးချနေသောကြောင့် ဖြစ်သည်။

၅။ ထာဝရဘုရားသခင်၏ နာမတော်

က။ သူ၏နာမတော်သည် မြင့်မြတ်သည်။

ခ။ ၎င်းကို ရိုသေ၍ ချီးမြှောက်ကြရမည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ကျင့်သုံးခြင်း

၁။ သမ္မာကျမ်းစာကို ချစ်တတ်လာအောင် သင်ယူပါ

က။ အမှန်တရား သွန်သင်ပေးနိုင်သောကြောင့်

ခ။ ဘုရားသခင်၏နှုတ်ထွက်စကားတို့သည် အလွန်လှပသောကြောင့်

၂။ ဘုရားသခင်၏ လက်ရာတော်ကို မြင်တတ်အောင် သင်ယူပါ

က။ ဖန်ဆင်းထားသော အရာတို့၌၊

ခ။ မိမိ၏ ဘဝအသက်တာ၌

၃။ ထာဝရဘုရားသခင်၏နာမတော်ကို (ဘုရားသခင်နှင့် ထိုက်တန်စွာ) ချီးမြှောက်တတ်အောင်

သင်ယူပါ

က။ ချီးမွမ်းသီဆိုခြင်း၌

ခ။ ဆုတောင်းပဌနာပြုခြင်း၌

 

ဆုတောင်းလျက်

ပါစတာ ချားလ်(စ်) တန်

To Contact : [email protected]