Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀ ခုနှစ်၊ မေလ ၀၄

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀ ခုနှစ်၊ မေလ ၀၄

 

ကျမ်းချက်။ ။ဆာလံ ၁၀း၁၂-၁၅

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
၁၀း၁၂ အို ထာဝရဘုရားထတော်မူပါ။ အိုဘုရားသခင် လက်တော်ကို ချီတော်မူပါ။ နှိမ့်ချလျက်ရှိသောသူတို့ကို မေ့လျော့တော်မမူပါနှင့်။
        ၁၀း၁၃ မတရားသောသူသည် ဘုရားသခင်ကိုအဘယ်ကြောင့် မထီမဲ့မြင်ပြုပါအံ့နည်း။ ကိုယ်တော်သည် စစ်တော်မမူဟု            အဘယ်ကြောင့် အောက်မေ့ရါအံ့နည်း။
        ၁၀း၁၄ သို့သော်လည်း၊ ကိုယ်တော်သည် မြင်တော်မူပြီ။ အကြောင်းမူကား၊ ပင်ပန်းစေခြင်းနှင့် နှောင့်ရှက်စေခြင်းကို လက်ဝါးတော်၌ မှတ်သားမည်ဟု ကြည့်ရှုတော်မူတတ်ါ၏။ ဆင်းရဲသောသူသည် ကိုယ်တော်၌ ကိုယ်ကိုအပ်တတ်ပါ၏။ ကိုယ်တော်သည် မိဘမရှိသောသူ၏ ခိုလုံရာဖြစ်တော်မူ၏။-
        ၁၀း၁၅ မတရားသဖြင့် ပြု၍ဆိုးသောသူ၏ လက်ရုံးကို ချိုးတော်မူပါ။ သူပြုသောအဓမ္မအမှုကို အကုန်အစင် စစ်တော်မူပါ။
ဆာလံ ၁၀း၁၂-၁၅

 

တွေ့ရှိချက်များနှင့် အနက်ဖွင့်ခြင်း
၁။ `ထ´ တော်မူပါ အိုထာဝရဘုရားသခင်ဟု ဆုတောင်းချက်
ဤသို့ ဆုတောင်းချက်သည် မည်သည့် အနက်ရှိသနည်း။
က။ ဘုရားသခင်ကိုယ်တိုင် ထူးတော်မူမည့် ဆုတောင်းချက် ဖြစ်သည်။
ခ။ ဘုရားသခင်ကိုယ်တိုင် အငြိမ်မနေဘဲ တုံ့ပြန်မည့် တောင်းဆိုချက် ဖြစ်သည်။
ဂ။ ဘုရားသခင်ကိုယ်တိုင် လက်တော်မြှောက်၍ မတရားသောသူတို့ကို အပြစ်ဒဏ်ပေးရန် တောင်းဆိုချက် ဖြစ်သည်။

၂။ မတရားသောသူတို့ကို ဆန့်ကျင်သော ဆုတောင်းချက်
က။ ဘုရားသခင်ကို စွန့်ပယ်ကြသည်။
ခ။ ဘုရားသခင်သည် အပြစ်စီရင်ပိုင်သောသူဖြစ်သည်ကို အယုံအကြည်မရှိကြပါ။
ဂ။ ဘုရားသခင်သည် မကောင်းသောသူ၊ မတရားသောသူတို့ကို အမိအရ ရှာဖွေ၍ အပြစ်ပေးမည်ဟုလည်း မယုံကြပါ။
ဃ။ ဘုရားသခင်သည် မတရားသောသူတို့ကို သူတို့ပြုသော မတရာမှုများနှင့်အညီ ပြန်ပေးဆပ်စေမည်ဟု မယုံကြပါ။
င။ နှိမ့်ချခြင်းဖြင့် အထံတော်သို့ ဆက်သရမည့် ဆုတောင်းချက် ဖြစ်သည်။
စ။ ကလေ့စားချေလိုသောကြောင်း ရွက်ဆိုသော ဆုတောင်းချက် မဟုတ်ပါ။

၃။ နှိမ့်ချသောသူတို့၏ အခြေအနေမှန်
က။ သူတို့ကို မစမည့်သူများ မရှိ။
ခ။ သူတို့၌ ပြဿနာပေါင်းများစွာ ရှိနေသည်။
(၁) ခက်ခဲမှုများ ရင်ဆိုင်နေရသည်။
(၂) ဝိမ်းနည်းမှုများ ခံစားနေရသည်။
ဂ။ အကူအညီမဲ့ ဖြစ်နေကြသည်။
(၁) ဖခင် မရှိကြပါ။
(၂) မတရားသောသူတို့ကို နှိပ်ဆက်ခြင်းကို ခံကြရသည်။

၄။ ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်း
က။ သူသည် ထာဝရဘုရားသခင် ဖြစ်တော်မူသည်။
ခ။ မိဘမရှိသောသူတို့၏ ခိုလှုံရာဖြစ်တော်မူသည်။
ဂ။ မတရားသောသူတို့၏ အစွမ်းတန်ခိုးကို ဖျက်ဆီးနိုင်သော ဘုန်းတန်ခိုးရှင်ဖြစ်သည်။
ဃ။ `ဆိုးသောသူ၏လက်ရိုးကို ချိုးတော်´မူသည်၏ အနက်မှာ
(၁) လက်ရိုးသည် အစွမ်းတန်ခိုး၏သင်္ကေတ ဖြစ်သည်။
(၂) လက်ရိုး ကျိုးလျှင် မည်သည့်အားမျှ မကျန်ရှိတော့ချေ။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း
၁။ ဆုတောင်းခြင်း
ပို၍လေးနက်စွာ ဆုတောင်းကြစို့။ ဘုရားသခင်ကို ပိုပြီး ရှာကြစို့။

၂။ ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်း
ဘုရားသခင်ထံတော်သို့ ဆုတောင်းသောအခါ၊ ယုံကြည်သက်ဝင်မှုအပြည့်နှင့် ချဉ်းကပ်ကြစို့။

၃။ ထာဝရဘုရားသခင်ကို စောင့်မျှော်ခြင်းစိတ်ရှည်၍ သည်းခံကြစို့။ ဘုရားသခင် သတ်မှတ်ထားသော အချိန်အခါကို ယုံကြည်ခြင်းနှင့်တကွ စောင့်မျှော်ကြစို့။

 

ဆုတောင်းလျက်
ပါစတာချားလ်(စ်)တန်

To Contact : [email protected]