Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀ခုနှစ် ဧပြီလ ၂၀

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀ခုနှစ် ဧပြီလ ၂၀

 

ကျမ်းချက်။ ။ ဆာလံ ၁၀း၁-၄

ချစ်သောညီအက်ကိုတို့၊

ဆင်ခြင်းနှလုံးသွင်းခြင်

၁၀း၁        အို ထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်ကြောင့် ဝေးဝေးရပ်၍ နေတော်မူသနည်း။ ဘေးအန္တရာယ်ရောကိသည်ကာလ အဘယ်ကြောင့် ပုန်းကွယ်၍ နေတော်မူသနည်း။-
၁၀း၂        မတရားသောသူသည် မာနစိတ်ရှိ၍၊ ဆင်းရဲသောသူကို ညှဉ်းဆဲတတ်ပါ၏။ မိမိပြုသောပရိယာယ်အားဖြင့် ထိုသူကို ဘမ်းဆီးတတ်ပါ၏။
၁၀း၃        မတရားသောသူသည် မိမိစိတ်အလို၌ ဝါကြွားတတ်ပါ၏။ လောဘကြီးသောသူသည် ထာဝရဘုရားကို ပယ်၍ မထီမဲ့မြင်ပြုတတ်ပါ၏။
၁၀း၄        မတရားသောသူသည် မာနထောင်လွှားသောကြောင့်၊ မစဉ်းစားတတ်ပါ။ ဘုရားသခင်မရှိဟု အစဉ် အောက်မေ့တတ်ပါ၏။
ဆာလံ ၁၀း၁-၄

 

တွေ့ရှိချက်များနှင့် အနက်ဖွင့်ခြင်း
၁။ မတရားသောသူများနှင့်စပ်လျဉ်းသော တွေ့ရှိချက်များ
က။ နေရာအနှံ့တွေ့ရသော အကြောင်းအရာတစ်ခု ဖြစ်သည်။
ခ။ ဆာလံကျမ်းများ၌ ဤဆောင်ပုဒ်ကို တွေ့ရသည် (ဆာလံ ၁၀၊ ၁၄၊ ၃၆)။

၂။ ဤ `မတရားသောသူ´ ဆောင်ပုဒ်ကို ဘာကြောင့် ရေးသားရသနည်း။
က။ မတရားသောသူတို့၏ လုပ်ရပ်များကြောင့် ဖြောင့်မတ်သောသူတို့၏ စိတ်နှလုံးတို့သည် သက်သာရာမရ ဖြစ်နေကြသည်။
ခ။ မတရားသောသူတို့သည် အနိုင်ယူ၍ အောင်တတ်သယောင် ဖြစ်နေကြသည်။
ဂ။ ဖြောင့်မတ်သောသူတို့သည် ဆုံးရှုံးနေသည့်အလား ဖြစ်နေကြသည်။
ဃ။ မတရားသောသူတို့၏ အပြုအမူကို ဆန့်ကျင်လျှက် ဆုတောင်းခြင်းငှါ ဖြောင့်မတ်သောသူတို့၏ စိတ်နှလုံးသည် နှိုးဆော်ခြင်းခံလျှက် ရှိသည်။

၃။ ဆာလံဆရာ၏ စိုးရိမ်မှုနှင့် နားလည်ရခက်သော အချက်
က။ ဘုရားသခင်သည် ဘာကြောင့် မတရားသောသူများကို ဆက်၍ အောင်မြင်ခွင့် ပေးနေသနည်း။
ခ။ ဘုရားသခင်သည် ဘာကြောင့် မတရားသောသူများကို တရားသဖြင့် မစီရင်သေးသနည်း။
ဂ။ ဘုရားသခင်သည် မတရားသောသူများအပေါ်၌ အရေးမယူဘဲ ဘာကြောင့် ပုန်းကွယ်နေသနည်း။
ဃ။ မိမိစိတ်နှင့်နှလုံးကို ဒုက္ခပေးနေသာ ဤခက်ခဲသောပုစ္ဆာများအတွက် ဖြေရှင်းချက်များ လိုအပ်နေသည်။

၄။ ဆာလံ ၁၀ ၌ တွေ့ရသော မတရားသောသူတို့နှင့် စပ်ဆိုင်သော အချက်
က။ မာနစိတ်ကြီးဝင်နေကြသည်။
ခ။ ဆင်းရဲသောသူတို့ကို ညှင်းပန်းနှိပ်စက်နေကြသည်။
ဂ။ မကောင်းမှုများကို ကြံစည်တတ်ကြသည်။
ဃ။ လောဘကြီးသောသူတို့ကို မင်္ဂလာရှိစေဟု ဆိုတတ်ကြသည်။
င။ ထာဝရဘုရားသခင်ကို စွန့်ပစ်ကြသည်။
စ။ ဘုရားသခင်၏ မျက်နှာကို မရှာကြ။
ဆ။ ဘုရားသခင်သည် မတရားသောသူတို့၏ အတွေး၊ အမြင်၌ မရှိပါ။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း
၁။ မတရားမှုများကို တွေ့မြင်နေရသည်။
က။ လောကကမ္ဘာ၌ လည်းကောင်း၊
ခ။ အသင်းတော်၌လည်းကောင်း တွေ့ရသည်။
၂။ မတရားမှုသည် အောက်ပါအတိုင်း ထင်ရှားသည်။
က။ ဆာလံ ၁၀ ၌တွေ့ရသော အချက်အလက်များထက် များစွာသောနည်းအားဖြင့် ထင်ရှားသည်။
ခ။ မကောင်းသောအမှုတို့သည် အမှန်ပင် ဥစ္စာဓန တပ်မက်ခြင်းဖြင့် ထင်ရှားသည်။
ဂ။ မတရားသောသူတို့သည် မုသာကို အမှန်တရားသဖွယ် ပြောဆိုတတ်ကြသည်။

၃။ အကျွနု်ပ်တို့အတွက် စိန်ခေါ်ချက်
က။ မတရားသောသူတို့နှင့် စာရင်းမဝင်မိဖို့ သတိထားကြရမည်။
ခ။ မတရားသောသူတို့ကြောင့် စိတ်ပျက်အားနည်ခြင်း မဖြစ်ဖို့ ဆက်ဆုတောင်းရမည်။
ဂ။ ဘုရားသခင်အပေါ်၌ အစဉ်သစ္စာရှိ၍ ဖြောင့်မတ်စွာ ရှင်သန်နိုင်ပါမည် အကြောင်း
ခိုင်မာသော ဆုံးဖြတ်ချက်ချကြရအောင်။

 

ဆုတောင်းလျှက်
ပါစတာ ချားလ်(စ်) တန်

To Contact : [email protected]