Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ မတ်လ (၁၃) ရက်

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ မတ်လ (၁၃) ရက်

 

 

ကျမ်းချက်။ ။ ဆာလံ ၃၁း၁၉-၂၀

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်းနှလုံးသွင်းခြင်း

၁၉ ကိုယ်တော်ကို ကြောက်ရွံ့သော သူတို့အဘို့ သိုထားတော်မူ၍၊ လူသားတို့ရှေ့မှာ ကိုယ်တော်ကို ခိုလှုံ သော သူတို့အဘို့ ပြုပြင်တော်မူသော ဆုကျေးဇူးတော် သည် အလွန်ကြီးလှပါ၏။

၂၀ လူတို့ပြုတတ်သောပရိယာယ်နှင့် ကင်းလွတ်စေ ခြင်းငှါ၊ ကျိန်းဝပ်တော်မူရာ အတွင်းအရပ်၌ ထိုသူတို့ကို ဝှက်ထားသော်မူ၏။ ရန်တွေ့ခြင်း အသံကိုကွယ်ကာ လျက်၊ တဲတော်တွင်သူတို့ကို စောင့်မတော်မူ၏။

(ဆာလံ ၃၁း၁၉-၂၀)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဘုရားသခင်၏ ဆုကျေးဇူးတော်

က။ အလွန်ပင် ကြီးမြတ်ပေသည်။
ခ။ ဘုရားသခင်၏ဆုကျေးဇူးတော် (ကောင်းမြတ်ခြင်း) ဟုဆိုရာ၌ အောက်ပါတို့ကိုလည်း ရည်ညွန်းသည်။

(၁) ဘုရားသခင်၏ကျေးဇူးတော်၊
(၂) ဘုရားသခင်၏သနားခြင်းကရုဏာ၊
(၃) ဘုရားသခင်၏ကောင်းချီးမင်္ဂလာများ၊

၂။ သိုးထားသော ဆုကျေးဇူးတော်

က။ (အကျွန်ုပ်တို့အတွက်) ပြင်ဆင်နှင့်သော အရာဖြစ်သည်။
ခ။ (အကျွန်ုပ်တို့အတွက် ဘုရားသခင်က) ကြို၍ ဦးပေးထားသော အရာဖြစ်သည်။

၃။ အဘယ်သူတို့အတွက် ဘုရားသခင်၏ဆုကျေးဇူးတော်သည် သိုထားသနည်း။

က။ ဘုရားသခင်ကို ကြောက်ရွံ့သောတို့၊
ခ။ ကိုယ်တော်ကို ခိုလှုံ သော သူတို့၊

၄။ ဘုရားသခင်၏ဆုကျေးဇူးတော်ကို အဘယ်သို့ မြင်ရပါမည်နည်း။

က။ ဘုရားသခင်၏ ကာကွယ်စောင့်ရှောက်ခြင်းအမှု၌၊
ခ။ ဘုရားသခင်၏အကွယ်အကာပေးခြင်းအမှု၌၊

၅။ ရန်သူတို့၏တိုက်ခိုက်ခြင်းများ

က။ နှုတ်လျာကို အသုံးပြု၍ တိုက်ခိုက်ကြမည်။
ခ။ ရန်တွေ့စေသည်။
ဂ။ ဖြောင့်မတ်သောသူတို့ကို ကြံစည်ဖျက်ဆီးလိုကြသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့်ယှဉ်သော အသိဉာဏ်

က။ ဤအရာသည် အစဉ်သဖြင့် တိုးပွားနေရမည်။
ခ။ ဇွဲလုံးလအပြည့်နှင့် လေ့လာဆီးပူးခြင်ဖြင့် ဘုရားသခင်ကို သိကျွမ်းသောဉာဏ်တိုးပွါးမည် ဖြစ်သည်။

၂။ ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံရာ၌ ရင်းနှီးမှုတိုးလာရမည်။

က။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည် ပို၍လေးနက်လာရမည်။
ခ။ ဘုရားသခင်အား ကိုးစားခြင်းသည်လည်း ဆက်လက်တိုးပွါးရမည်။

၃။ ဘုရားသခင်၏ဆုကျေးဇူးတော် (ကောင်းမြတ်ခြင်း)

က။ ဘုရားသခင် သိုထားသော ဆုကျေးဇူးတော်သည် တွက်ချက်၍ မရနိုင်ပါ။
ခ။ ဘုရားသခင်သည် သူ၏ကောင်းမြတ်ခြင်းကို

(၁) မိမိလမ်းစဉ်အတိုင်း၊
(၂) မိမိသတ်မှတ်ထားသော အချိန်အခါ၌၊
(၃) မိမိအသိဉာဏ်တော်နှင့်အညီ၊ ထင်ရှားပြသလိမ့်မည်။

ဂ။ အကျွန်ုပ်တို့အတွက် စိန်ခေါ်ချက်မှာ – ဘုရားသခင်ကို စောင့်မျှော်ရင်း ဆက်လက်ယုံကြည်ကိုးစားနေခြင်းပင် ဖြစ်သည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]