Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ ဖေဖါဝါရီလ (၂၇) ရက်

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ ဖေဖါဝါရီလ (၂၇) ရက်

 

ကျမ်းချက်။ ။ဆာလံ ၃၁

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
၉ အိုထာဝရဘုရား၊ အကျွန်ုပ်၌ အမှုရောက်ပါပြီ။ ထိုကြောင့် အကျွန်ုပ်ကို သနားတော်မူပါ။ ပူပန်ခြင်း အားဖြင့် အကျွန်ုပ်မျက်စိ၊ စိတ်နှလုံး၊ ဝမ်းတို့သည် ပျက်ကြပါပြီ။
၁၀ အကျွန်ုပ်သည် ပူပန်ခြင်းရှိ၍၊ အသက်ကာလ ကို လွန်စေရပါ၏။ နှစ်စဉ်အတိုင်း ညည်းတွားလျက် နေရပါ၏။ ကိုယ်အပြစ်ကြောင့် အကျွန်ုပ်အားလျော့၍၊ ရန်သူများကြောင့် အရိုးတို့သည် ဆွေးမြေ့ကြပါ၏။ ၁၁ အိမ်နီးချင်းတို့သည် အကျွန်ုပ်ကို အထူးသဖြင့် ကဲ့ရဲ့ကြပါ၏။ အကျွမ်းဝင်သော သူများတို့သည်လည်း ရွံကြပါ၏။ အိမ်ပြင်မှာ အကျွန်ုပ်ကို တွေ့မြင်သောသူတို့ သည် ရှောင်၍ ပြေးကြပါ၏။၁၂ မအောက်မေ့သော အသေကောင်ကဲ့သို့၊ အကျွန်ုပ်ကို မေ့လျော့ကြပါ၏။ အိုးခြမ်းကဲ့သို့ အကျွန်ုပ် ဖြစ်ပါ၏။ ၁၃ လူများ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရပါ၏။ ပတ် ဝန်းကျင်အရပ်တို့၌ ကြောက်မက်ဘွယ်သောအကြောင်း ရှိပါ၏။ လူများတို့သည် အချင်းချင်းသင်းဖွဲ့လျက်၊ အကျွန်ုပ်အသက်ကို သတ်မည်အကြောင်း ကြံစည်ကြပါ ၏။

(ဆာလံ ၃၁း၉-၁၃)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ပြဿနာများကို ဝန်ခံခြင်း

က။ “အကျွန်ုပ်၌ အမှုရောက်ပါပြီ”
ခ။ အကျွန်ုပ်တို့သည် ဝမ်းနည်းကြပြီ။
ဂ။ အကျွန်ုပ်တို့သည် အားလျော့လျက်နေကြပြီ။
ဃ။ အကျွန်ုပ်တို့၌ အပြစ်ရှိပါ၏။

၂။ အသက်တာ၌ ကြုံတွေ့နေရသော အကျိုးဆက်များ (ကွင်းဆက်များ)

က။ အိမ်နီးချင်းတို့သည် အကျွန်ုပ်ကို ကဲ့ရဲ့ကြပါ၏။
ခ။ အကျွမ်းဝင်သော သူများတို့သည်လည်း ရွံကြပါ၏။
ဂ။ မိသားစုဝင်များနှင့် မိတ်ဆွေများကလည်း မိမိထံမှ ထွက်သွားကြပြီ။

၃။ ကိုယ်တိုင်ခံစားချက်များ

က။ “မအောက်မေ့သော အသေကောင်ကဲ့သို့”
ခ။ လူတွေက မအောက်မေ့သောသူအလား၊
ဂ။ အသုံးမဝင်သော အိုးခြမ်းကဲ့သို့ ဖြစ်သည်။

၄။ ထပ်၍ ရင်ဆိုင်နေရသော ပြဿနာများ

က။ ကဲ့ရဲ့ပြစ်တင်ခြင်း၊
ခ။ ဒါဝဒ်မင်းကို သတ်ဖျက်ရန် လူတို့သည် ကြံစည်ကြသည်။
ဂ။ ကြောက်မက်ဖွယ်သောအရာတို့ကို တိုက်လှန်ခြင်း၊

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အကျွန်ုပ်တို့၌လည်း ပြဿနာရှိကြသည်။
၂။ သို့သော်၊ နှိင်းယှဉ်ကြည့်သောအခါ၊ အကျွန်ုပ်တို့၏ပြဿနာတို့သည် သေးငယ်သောအမှုများသာ ဖြစ်ကြသည်။
၃။ အောက်ပါတို့ကို ကြိုးစား၍ လုပ်ဆောင်ကြစို့။

က။ ဘုရားသခင်ကို ရှာပါ။
ခ။ ပြဿနာများကို ရင်ဆိုင်နိုင်မည်အကြောင်း ခွန်အားတန်ခိုးကို ရှာပါ။
ဂ။ ထာဝရဘုရားသခင်ကို ပို၍ ယုံကြည် ကိုးစားပါ။
ဃ။ ခက်ခဲသောကာလ၌ အချင်းချင်း ကူညီဖေးမပါ။
င။ အောင်နိုင်သောသူဖြစ်ကြမည်အကြောင်း ကြိုးစားကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]