Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၂၊ ဇန်နဝါရီလ (၃၀) ရက်

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၂၊ ဇန်နဝါရီလ (၃၀) ရက်

 

ကျမ်းချက်။ ။ဆာလံ ၃၀

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း

၁၁ ထိုအခါ အကျွန်ုပ် ညည်းတွားမြည်တမ်းခြင်းကို ကခုန်ခြင်းဖြစ်စေတော်မူ၏။ အကျွန်ုပ်ဝတ်သော လျှော် တေအဝတ်ကိုချွတ်၍၊ ဝမ်းမြောက်ခြင်း ခါးပန်းနှင့်စည်း တော်မူ၏။
၁၂ သို့ဖြစ်၍ အကျွန်ုပ်၏ဝိညာဉ်တော်သည် တိတ်ဆိတ်စွာမနေ။ ကိုယ်တော်ကို သီချင်းဆိုပါမည်။ အိုအကျွန်ုပ်၏ ဘုရားသခင်ထာဝရဘုရား၊ ကျေးဇူးတော် ကို အစဉ်အမြဲချီးမွမ်းပါမည်။ ဒါဝိဒ်သည် အိမ်တော်ကိုသန့်ရှင်းစေသောအခါ၊ အသံညှိ၍ ဆိုသောဆာလံ။

(ဆာလံ ၃၀း၁၁-၁၂)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း
၁။ ဝမ်းနည်ဖွယ်ကောင်းသော ဘဝအခြေအနေများ

က။ ညည်းတွားမြည်တမ်းခြင်း၊
ခ။ လျှော် တေအဝတ်ကို ဝတ်ဆင်ခြင်း၊
ဂ။ ဤအရာတို့သည်

(၁) ကြောက်မက်ဖွယ်ကောင်းသော သဘာဝဘေးများ၊
(၂) သေဆုံးခြင်း၊ စသည်တို့နှင့် စပ်ဆက်ကြသည်။

ဃ။ ဘဝအသက်တာသည် အလွန်နိမ့်သောအဆင့်သို့ ဦးတည်နေနိုင်သည်။
က။ အသက်တာသည် အလွန်သနားဖွယ် ဖြစ်လာနိုင်သည်။
ခ။ မျှော်လင့်ချက် အလားအလာ မရှိသော အသက်တာ ဖြစ်နိုင်သည်။

၂။ အကျွန်ုပ်တို့အသက်တာထဲသို့ ဘုရားသခင်ကြွလာသောအခါ ခံစားရသော အကျိုး ဆက်များ

က။ ကခုန်ခြင်း

(၁) ဝမ်းမြောက်ခြင်းကို ပုံဖော်သည်။
(၂) ဧဂျစ်ပြည်မှ လွတ်မြောက်သောအခါ၊ က္ကုသရေလအမျိုးတို့ ဝမ်းမြောက်လျှက် ကခုန်သည်ကို သတိရနှလုံးသွင်းကြည့်ပါ။
(၃) ထိုအကြောင်းခြင်းရာများကို ထွက် ၁၅း၂၀-၂၁ ၌ ရေးသားပြုစုထားသည်။

ခ။ “ဝမ်းမြောက်ခြင်း ခါးပန်းနှင့်စည်း”

(၁) သင်္ကေတ အဓိပ္ပာယ်ကို ဆောင်သည်။
(၂) ဝမ်းမြောက်ခြင်းသည် ပွဲလမ်းသဘင်နှင့်စပ်လျဉ်းသော တန်ဆာဖြစ်သည်။

၃။ ဘုရားသခင်ပေးသနားတော်မူသော ကျေးဇူးတော်/ဘုန်းကျက်သရေ

က။ ဘုရားသခင်သည် လူသားတု့ိအား ဘုန်းတော်/ကျေးဇူးတော် ပေးသလား။
အမှန်ပေးပါသည်။
ခ။ ဘုရားသခင်သည် ဒါဝ်းမင်းကြီးကို မြင့်မြတ်သော ဘုန်းတော်/ကျေးဇူးတော်ပေးတော်မူခဲ့သည်။
ဂ။ ကိုယ်တော်ပေးသော ဘုန်းတော်/ကျေးဇူးတော်မှာ အဘယ်နည်း။

(၁) ကြီးမြတ်သော ဘုရင်တပါးဖြစ်ရသောအခွင့်၊
(၂) များစွာသော ရန်သူများကို အောင်နိုင်သောအခွင့်၊
(၃) ဘုရင်တစ်ပါးအဖြစ် ခန့်ညှားစွာ အုပ်စိုးသောအခွင့်၊

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဘဝအသက်တာ

က။ ပြဿနာပေါင်းမြောက်များစွာ ရှိမည်ဖြစ်သည်။
ခ။ သို့သော် ဘုရားသခင်သည် ထိုပြဿနာများစွာတို့ကို အောင်နိုင်မည်အကြောင်းအကျွန်ုပ်တို့ကို မစနိုင်သည်။

၂။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ

က။ ဆာလံ ၃၀၌ တွေ့ရသော ဘုရားသခင်၏ကောင်းချီးမင်္ဂလာများကို စာရင်းပြုစုပါ။
ခ။ ကိုယ်တော်ပေးသော ကောင်းချီးမင်္ဂလာတို့်သည် အလွန်များလှပါသည်။

၃။ ဒါဝဒ်မင်းကြီး၏ ပုံသက်သေကို အတုယူကြပါစို့။

က။ တိတ်ဆိတ်စွာမနေဘဲ၊ ထာဝရဘုရားအား သီချင်းဆိုကြစို့။
ခ။ ကျေးဇူးတော်ကို အစဉ်အမြဲချီးမွမ်းကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]