Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၁၊ ဒီဇင်ဘာလ (၁၂) ရက်

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၁၊ ဒီဇင်ဘာလ (၁၂) ရက်

 

ကျမ်းချက်။ ဆာလံ ၂၉

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
၁ ဘုရားသခင်သားတို့၊ ထာဝရဘုရားသည် ဘုန်းတန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့။
၂ ထာဝရဘုရား၏ နာမတော်သည် ဘုန်းကြီး တော်မူသည်ဟု ဝန်ခံလျက်၊ သန့်ရှင်းသောတန်ဆာကို ဆင်၍၊ ထာဝရဘုရားကို ကိုးကွယ်ကြလော့။

(ဆာလံ ၂၉း၁-၂)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ “ဝန်ခံကြလော့” ဟူသောစကားကို အလေးအနက် သုံးသည်။
၂။ အကြောင်းရင်းမှာ-

က။ သွန်သင်ခြင်းငှါ ဖြစ်သည်။

(၁) ခေါင်းဆောင်များ၊
(၂) အသိပညာသည် ထပ်၍ရှာဖွေစုဆောင်းရသော အရာဖြစ်သည်။

ခ။ စိတ်အားထက်သန်စေခြင်းငှါ ဖြစ်သည်။

(၁) စိတ်နှလုံးတို့သည် နှိုးဆော်ခြင်းခံရမည်။
(၂) စိတ်နှလုံးတို့သည် အားနည်းမောပန်းခြင်း မရှိရ။

ဂ။ စွဲလမ်းစေခြင်းငှါ ဖြစ်သည်။
ဘဝအသက်တာ၌

(၁) အတည်တကျ ဖြစ်စေခြင်း၊
(၂) အံဝင်ခွင်ကျ ဖြစ်စေခြင်း၊

ဃ။ ပိုမိုကောင်းမွန်စေခြင်းငှါ ဖြစ်သည်။

(၁) မည်သည့်နည်းနှင့်မဆို ပိုမိုကေင်းမွန်အောင် ဆောင်ရွက်ကြစို့။
(၂) ပိုမိုကောင်းမွန်လုပ်ဆောင်ခြင်းအမှုသည် အကျွန်ုပ်တို့အသက်တာ၌ ထင်ရှားသိသာသော သော့ချက်အဖြစ် တည်ဆောက်ကြစို့။

၃။ မည်သည့်အရာကို ဝန်ခံကြသနည်း။

က။ ဘုန်းတော်

(၁) ဘုန်းတော်သည် ဘုရားသခင်နှင့်သာ သက်ဆိုင်သည်။
(၂) ဘုရားသခင်ကိုသာ ဘုန်းကြီးစေသတည်းဟု ဝန်ခံကြစို့။

ခ။ တန်ခိုးတော်

(၁) ဘုရားသခင်သည် ခွန်အားတန်ခိုးပေးပိုင်သောသူ ဖြစ်သည်။
(၂) အကျွန်ုပ်တို့ကို ခွန်အားနှင့်ပြည့်စေသောကြောင့် ဘုရားသခင်ကို ချီးမွမ်းကြစို့။

ဂ။ ကိုးကွယ်ခြင်း

(၁) ကိုးကွယ်ခြင်းသည် သန့်ရှင်းရမည်။
(၂) သန့်ရှင်းသော ကိုးကွယ်ခြင်းသည် အလွန်ခန့်ညားလှပသည်။

၄။ “ထာဝရဘုရား” ဟူသော စကားလုံးကိုလည်း သတိပြုရပေမည်။

က။ အနည်းဆုံး (၃) ကြိမ်အသုံးပြုသည်။
ခ။ သင်ယူအပ်သော အမှုမှာ-

(၁) ထာဝရဘုရားသည် အကျွန်ုပ်တို့အသက်တာ၏ ဦးတည်ချက် ဖြစ်ရမည်။
(၂) ထာဝရဘုရားသည် အကျွန်ုပ်တို့ ယုံကြည်ခြင်း၏ ဗဟို ဖြစ်ရမည်။
(၃) အကျွန်ုပ်တို့ ဆောင်ရွက်သော အမှုတိုင်း၌ ပြင်းပြသော စိတ်အား ထက်သန်မှု ရှိရမည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖောင်ဆောင်ခြင်း
၁။ လေ့လာဖိတ်ရှုသော အရာတို့ကို နားလည်နိုင်မည်အကြောင်းနှင့်
၂။ နားလည်သဘောပေါက်သော အရာတို့ကို လက်တွေ့ဖောင်ဆောင်မည်အကြောင်း၊ စိတ်ပိုင်းဖြတ်ကြစို့။
၃။ ပို၍ လေးနက်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်နိုင်မည်အကြောင်း၊ ထာဝရဘုရားသည် အကျွန်ုပ်တို့အား ကျေးဇူးတော်နှင့် ကရုဏာတော် ပေးသနားတော်မူပါစေ။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]