Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀၊ ဧပြီလ ၁၃

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀၊ ဧပြီလ ၁၃

 

ကျမ်းချက်။ ။ ဆာလံ ၉း၁၈-၂၀

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
၉း၁၈        ငတ်မွတ်သောသူတို့ကို အစဉ်မေ့လျော့တော်မမူ။ ဆင်းရဲသောသူတို့သည် မြော်လင့်၍မရဘဲ အစဉ်မနေရကြ။
၉း၁၉        အို ထာဝရဘုရား၊ ထတော်မူပါ။ လူမနိုင်ပါစေနှင့်။ တပါးအမျိုးသားတို့သည် ရှေ့တော်၌ စစ်ကြောစီရင်ခြင်းကို ခံရကြပါစေသော။
၉း၂၀        အိုထာဝရဘုရား၊ သူတို့ကို ချောက်လှန့်တော်မူပါ။ သို့ဖြစ်၍ မိမိတို့သည် လူသက်သက်ဖြစ်သည်ကို လူမျိုးတို့သည် သိကြပါလိမ့်မည်။
ဆာလံ ၉း၁၈-၂၀

 

တွေ့ရှိချက်နှင့် အနက်ဖွင့်ဆိုခြင်း
၁။ ငတ်မွတ်သောသူနှင့် ဆင်းရဲသောသူတို့
က။ ဤသူတို့သည် နေရာတိုင်း၌ ရှိကြသည်။
ခ။ လူတို့သည် အဘယ်သို့ ဆင်းရဲ၍ ငတ်မွတ်လာကြသနည်း။
(၁) ကြမ်းတမ်းခက်ခဲသော ဘဝအခြေအနေများကြောင့်၊
(၂) အခြားသူတို့၏ ဖိနှိပ်အုပ်ချုပ်မှုကြောင့်၊
(၃) လောက၌ ရှိသော မကောင်းမှုများကြောင့်၊

၂။ ဆင်းရဲသောသူတို့၏ မျှော်လင့်ချက်များ
က။ ယုံကြည်ခြင်း၌ စတင်ဖွားမြင်လာသည်။
ခ။ မျှော်လင့်ခြင်းဖြင့် ဆက်လက်ရှင်သန်သည်။
ဂ။ စိတ်နှလုံးမှ မျှော်လင့်တောင်းတလျက် တောင်းလျောက်သောအမှု ဖြစ်လာသည်။

၃။ တုံ့ပြန်သောအနေဖြင့် နှလုံးသားမှ ဆုတောင်းချက်
က။ ဘုရားသခင်သည် ထ၍ အရေးယူ ဆောင်ရွက်တော်မူရန်၊
ခ။ ဘုရားသခင်သည် မကောင်းသောလူမျိုးအပေါင်းတို့ကို တရားသဖြင့် စီရင်တော်မူရန်၊
ဂ။ လူသည် မည်သို့မျှ အနိုင်မရရန်၊
(၁) မကောင်းသောသူတို့သည် မည်သည့်အခါမှ အနိုင်မရကြရန်၊
(၂) မကောင်းမှုသည် ဘယ်သော်အခါမှ မစိုးမိုးရန်၊
ဃ။ ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးထဲ၌ မှန်သောကြောက်ရွံ့ခြင်းကို ထည့်ပေးတော်မူရန်၊
(၁) လူသည် သေမျိုးမျှသာ ဖြစ်သည်ကို သိမှတ်ကြရန်၊
(၂) မိမိတို့သည် အကုန်အစင် မတတ်စွမ်းသည်ကို သိမှတ်ကြရန်၊
(၃) မိမိတို့သည် နတ်ဘုရားများ မဟုတ်ကြသည်ကို သိမှတ်ကြရန်၊

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း
၁။ မရှိဆင်းရဲသားများကို စာနာထောက်ထားခြင်း/စိုးရိမ်ပူပြင်ခြင်း
က။ သူတို့ကို ဘယ်သော်အခါမှ မထီမဲ့မြင် မပြုကြစို့နှင့်။
ခ။ မရှိဆင်းရဲသားများအပေါ် သနားကြင်နာတတ်သော နှလုံးသား မွေးမျိုးကြစို့။
၂။ အသက်တာနှင့် အမှုတော်မြတ်အတွက် ပို၍ အဓိပ္ပာယ်ရှိသော ဆုတောင်းခြင်း
က။ အဓိပ္ပာယ်ရှိရှိ ဆုတောင်းတတ်ရန် ပြင်းပြသောဆန္ဒရှိပါ။
ခ။ ကြီးမားသော ယုံကြည်သက်ဝင်မှုနှင့် ဆုတောင်းနိုင်ပါ။
(၁) မကောင်းသောသူတို့နှင့် စပ်လျဉ်း၍လည်းကောင်း၊
(၂) ကောင်းသောသူတို့နှင့် စပ်လျဉ်း၍လည်းကောင်း၊
၃။ ဆက်လက်ကြီးထွားခြင်း
က။ အစဉ် ကြီးထွားနေပါ။
(၁) မိမိ၏ အသိပညာနှင့် စပ်လျဉ်း၍လည်းကောင်း၊
(၂) မိမိ၏ ယုံကြည်ခံယူချက်နှင့် စပ်လျဉ်း၍လည်းကောင်း၊
ခ။ ဆာလံ ၉ ကို ပြန်လည်သုံးသပ် ဆင်ခြင်ပါ။

 

ဆုတောင်းလျက်
ပါစတာချားလ် (စ်)တန်

To Contact : [email protected]