Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၁၊ စက်တင်ဘာလ (၁၃) ရက်

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၁၊ စက်တင်ဘာလ (၁၃) ရက်

 

ကျမ်းချက်။ ။ဆာလံ ၂၆

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
အကျွန်ုပ်သည် မေတ္တာကျေးဇူးတော်ကို မျက် မှောက်ပြု၍၊ သစ္စာတရားတော်နှင့်အညီ ကျင့်ပါ၏။ လျှပ်ပေါ်သော လူတို့နှင့်အတူ မထိုင်ပါ။ လျှို့ဝှက်သော လူစုထဲတို့ မဝင်ပါ။

မတရားသောသူတို့၏ စည်းဝေးခြင်းကို မုန်းပါ ၏။ ဆိုးသွမ်းသော သူတို့နှင့်အတူ မထိုင်ပါ။

(ဆာလံ ၂၆း၃-၅)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ထာဝရဘုရားနောက်လိုက်သော ဒါဝဒ်မင်း၏ပုံသက်သေ

က။ ဘုရားသခင်၏မေတ္တာကျေးဇူးတော်

(၁) ဒါဝဒ်မင်းသည် ဘုရားသခင်၏မေတ္တာကျေးဇူးကို ထင်ရှားစွာ ခံစားရသည်။
(၂) ဘုရားသခင်သည် ဒါဝဒ်မင်းကို ကာကွယ်ခဲ့သည်။
(၃) ဘုရားသခင်သည် ဒါဝဒ်မင်းကို အလွန်အံ့သြစွာ ကောင်းချီးပေးခဲ့သည်။

ခ။ “မျက်မှောက်ပြု၍”

(၁) ဒါဝဒ်မင်းသည် အာရုံစိုက်၍ သိမှိတ်ခြင်းအမှုကို ပြုခဲ့သည်။
(၂) ဘုရားသခင်၏မေတ္တာကျေးဇူးတော်ကို အချည်းနှီးပေါ့တန်စွာ မခံမယူမိစေခြင်းငှါ အခိုင်အမာ ဆုံးဖြတ်ချက်ခဲ့သည်။

ဂ။ “သစ္စာတရားတော်နှင့်အညီ ကျင့်ပါ၏”

(၁) ဒါဝဒ်မင်းသည် ဘုရားသခင်၏သစ္စာတရားတော် (အမှန်တရားများ)ကိုဆည်းပူးလေ့ကျက်ခဲ့သည်။
(၂) သင်ယူမိသမျှသော တရားတော်များကို လက်တွေ့အသုံးပြုခဲ့သည်။
(၃) ဘုရားသခင်၌ တည်သော သူ၏ယုံကြည်ခြင်းကို လက်တွေ့ဖော်ဆောင်ခဲ့သည်။

၂။ ဒါဝဒ်မင်းကြီးသည် အောက်ပါတို့ကို လုံး၀ လုပ်ဆောင်ခြင်းပြုမည် မဟုတ်။

က။ ရုပ်တုဆင်းတုကိုးကွယ်ခြင်း

(၁) ရုပ်တုဆင်းတုကိုးကွယ်ခြင်းကို ပြုမည် မဟုတ်။
(၂) ဘုရားသခင်ကိုသာ သစ္စာခံ၍ အသက်ရှင်မည်။

ခ။ လျှို့ဝှက်သော (ဟန်ဆောင်သော)သူများနှင့်ပေါင်းဖော်ခြင်း

(၁) ကိုယ်တိုင်က ဟန်ဆောင်မည် မဟုတ်။
(၂) ဟန်ဆောင်တတ်သောသူတု့ိနှင့်လည်း ပေါင်းဖော်မည် မဟုတ်။

ဂ။ မတရားသောသူတို့၏ စည်းဝေးခြင်း

(၁) မတရားသောသူတို့၏စည်းဝေးခြင်း၌ တွေ့ရမည် မဟုတ်။
(၂) သူတို့နှင့် ပက်သတ်နေမည် မဟုတ်။

ဃ။ ဆိုးသွမ်းသောသူတို့

(၁) ဆိုးသွမ်းသောသူတို့နှင့်အတူ ထိုင်မည် မဟုတ်။
(၂) ထိုသူတို့နှင့် မိတ်ဖွဲ့မည် မဟုတ်။

 

အသက်တာနှင့်အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အကျွန်ုပ်တို့အတွက် စိန်ခေါ်ချက်မှာ-

က။ အကျွန်ုပ်တို့၏ ယုံကြည်ချက်ကို ကောင်းကောင်း သိကျွမ်းရန်၊
ခ။ အကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို လက်တွေ့ကျင့်သုံးရန်၊
ဂ။ သစ္စာစောင့်၍ လုံးလဝိရိယရှိရန်၊

၂။ ဆိုးသွမ်းသောသူတို့နှင့် စပ်လျဉ်း၍

က။ မည်သည့်မကောင်းမှုမျိုးနှင့်မဆို ဆက်နွယ်ပတ်သက်ခြင်း မရှိကြစို့နှင့်။
ခ။ ဤအချက်ကို သတ္တိအပြည့်နှင့် ကျင့်ဆောင်ကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]