Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀၊ ဧပြီလ ၆

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀၊ ဧပြီလ ၆

 

ကျမ်းချက်။ ။ ဆာလံ ၉း၁၅-၁၇

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
၉း၁၅        တပါးအမျိုးသားတို့သည် ကိုယ်တူးသောတွင်းထဲသို့ ကိုယ်ကျကြ၏။ ကိုယ်ဝှက်ထားသော ကျော့ကွင်းထဲမှာ ကိုယ်ခြေတို့သည် ကျော့မိကြ၏။
၉း၁၆        ထာဝရဘုရားသည် တရားစီရင် ဆုံးဖြတ်တော်မူခြင်းအားဖြင့် ထင်ရှားတော်မူ၏။ မတရားသောသူသည် မိမိလုပ်သော အလုပ်ထဲမှာ ကျော့မိခြင်းကိုခံရ၏။
၉း၁၇        မတရားသောသတို့နှင့် ဘုရားသခင်ကို မေ့လျော့သော အမျိုးသားအပေါင်းတို့သည် မရဏာနိုင်ငံသို့နှင်ခြင်းကို ခံရကြလိမ့်မည်။
ဆာလံ ၉း၁၅-၁၇

 

တွေ့ရှိချက်နှင့် အနက်ဖွင့်ချက်
၁။ တပါးအမျိုးသားတို့
က။ ယုဒလူမျိုးမဟုတ်သော အခြားလူမျိုးဟူသမျှတို့ကို ရည်ညွှန်းသည်။
ခ။ ဤတပါးအမျိုးသားတို့သည် အစ္စရေးလူမျိုးတို့ကို ရန်ပြုနေကြသည်။
၂။ ပိုမိုတိကျစွာ ဖော်ပြရလျှင်
က။ မကောင်းသောသူတို့ကို ရည်ညွန်းသည်။
ခ။ မကောင်းသောသူတို့သည် မကောင်းသောအမှုတို့ဖြင့် ထင်ရှားကြသည်။
(၁) သူတပါး ခြေချောကျရန် တွင်းကို တူးကြသည်။ တောကောင်းများကိုကျောကွင်းချ၍ ဖမ်းတတ်သော မုဆိုးတို့၏ စနစ်ဖြစ်သည်။    တခါတရံ ပိုက်ကွန်ကို ထောင်တတ်ကြသည်။
(၂) သူတို့၏ မသန့်ရှင်းသောလက်တို့သည် မကောင်းမှုမျိုးစုံကို ဆက်လက်ဆောင်ရွက်လေသည်။
၃။ ဘုရားသခင်သည် အဘယ်သို့ တုံ့ပြန်မည်နည်း။
က။ သဘာဝတရားနှင့်ညီသော တရားမျှတမှု
(၁) မကောင်းသောသူတို့သည် မိမိတို့ကိုယ်ကို ထိခိုက်နစ်နာစေလိမ့်မည်။
(၂) မကောင်းသောသူတို့သည် မိမိတို့ ထောင်ထားသေကျောကွင်း၌ ကိုယ်တိုင် မိ၍ကျလိမ့်မည်။
ခ။ ဘုရားတရားကျသော တရားမျှတမှု
(၁) နောင်တမရပါက ဘုရားသခင်ကိုယ်တိုင် စီရင်လိမ့်မည်။
(၂) သူတို့နှင့်ထိုက်တန်သော တရားမျှတမှုကို ဘုရားသခင်ပေးလိမ့်မည်။
(၃) သူတို့သည် ဆုံးရှုံးခြင်းသို့ရောက်၍ မရဏာနိုင်ငံသို့ စွန့်ပစ်ခြင်း ခံရလိမ့်မည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း
၁။ မတရားသောသူတို့အပေါ်၌ ထားရမည့် စိတ်သဘော
က။ လုံး၀ မကြောက်ရ။
ခ။ မကောင်းသောသူတို့နှင့် ထိပ်တိုက်ရင်ဆိုင်ရာ၌ မကောင်းသောနည်းဗျူဟာကို ဘယ်တော့မှ အသုံးမချရ။
၂။ ထာဝရဘုရားသခင်ကို ကိုးစားခြင်း
က။ သူသည်သာ မှန်သောတရားသူကြီး ဖြစ်သည်။
ခ။ သူသည် နောင်တမရသောသူ၊ မတရားသောသူတို့ကို ဆုံးမ၍ တရားစီရင်မည်။
၃။ ထာဝရဘုရားသခင်ကို ကြောက်ရွံ့လျက် အသက်ရှင်ခြင်း
က။ မကောင်းမှု မကျူးလွန်မိရန် မိမိတို့၏ စိတ်နှလုံးကို အစဉ် စောင့်ထိန်းကြစု့ိ။
ခ။ ပို၍ ခိုင်ခံ့သော စိတ်ဓါတ်နှင့် သာ၍ခွန်အားကြီးသော ယုံကြည်ခြင်း တို့ကို ဆက်လက်တည်ဆောက်ကြစို့။

 

ဆုတောင်းလျက်
ပါစတာချားလ်(စ်)တန်

To Contact : [email protected]