Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၁၊ ဇွန်လ (၂၀) ရက်

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၁၊ ဇွန်လ (၂၀) ရက်

 

ကျမ်းချက်။ ။ဆာလံ ၂၄

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
အချင်းတံခါးတို့၊ တံခါးမုတ်ကိုကြွလိုက်ကြ။ အချင်းထာဝရတံခါးတို့၊ ကိုယ်ကိုကြွလိုက်ကြ။ ဘုန်းကြီး သောရှင်ဘုရင် ဝင်တော်မူမည်။ ဘုန်းကြီးသောရှင်ဘုရင်ကား အဘယ်သူနည်း။ အစွမ်းတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရဘုရား၊ စစ်တိုက်ခြင်းငှါ တန်ခိုးကြီးတော်မူသော ထာဝရဘုရား ပေတည်း။
(ဆာလံ ၂၄း၇-၈)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ မြို့တံခါးတို့၊

က။ အကာအကွယ်အတွက် ဆောက်လုပ်ကြသည်။
ခ။ မြို့တံခါးတို့ကို နေ့တိုင်း ကုန်သွယ်ရေးလုပ်ငန်းအတွက် ဖွင့်ရသည်။

(၁) အရောင်းအဝယ်ဟူသမျှသည် မြို့တံခါးတို့နားမှာ ဆောင်ရွက်ကြရသည်။
(၂) တံခါးများကို မနက်ပိုင်း၌ စဖွင့်ပြီး၊ ညနေဝင်ချိန်၌ ပိတ်ရသည်။

၂။ စစ်တိုက်သောကာလ

က။ မြို့တံခါးများကို ပိတ်ထားရသည်။

(၁) မြို့သူ/သားများကို ကာကွယ်ရန်၊
(၂) ရန်သူများကို မြို့ထဲသို့ မဝင်စေရန်၊

ခ။ အစောင့်များ/တံခါးစောင့်များ

(၁) တံခါးစောင့်များသည် ခန့်အပ်ထားသောသူများ ဖြစ်ကြသည်။
(၂) ရန်သူတို့၏ လှုပ်ရှားမှုမှန်သမျှတို့ကို သတိရှိရှိ စောင့်ကြည့်ခြင်းသည်အစောင့်တို့၏ တာဝန်ဖြစ်သည်။

၃။ အောင်ပွဲခံလျှက် ပြန်လာခြင်း

က။ ဤကျမ်းချက်သည် တိုက်ပွဲများကို အနိုင်၍ ပြန်လာနေသော ဘုရင်တစ်ပါးကိုဖော်ညွန်းသည်။
ခ။ အနိုင်ရလာသော ဘုရင်ကို မြို့တံခါးတို့သည် ကျယ်ပြန့်စွာ ဖွင့်၍ ကြိုဆိုရမည်။

၄။ ထာဝရဘုရားသခင်ကို အလွန်လှပစွာ ပုံဖော်ခြင်း

က။ သူသည် ဘုန်းကြီး သောရှင်ဘုရင် ဖြစ်သည်။
ခ။ သူသည် အားကြီး၍ တန်ခိုးရှိသည်။
ဂ။ သူသည် (အထူးသဖြင့်) စစ်တိုက်ရာ၌ အားကြီးတော်မူသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ သခင်ယေရှုကို ပုံဖော်ခြင်း

က။ ကိုယ်တော်သည် အောက်ပါတို့ကို တိုက်လှန်သည်။

(၁) အပြစ်၊
(၂) ဆိုးသွန်းသော လောက၊
(၃) ခွန်အားကြီးသော ရန်သူ စာတန်၊

ခ။ ကိုယ်တော်သည် အောက်ပါတို့ကို အနိုင်ယူသည်။

(၁) ရန်သူဟူသမျှတို့ကို၊
(၂) အလွန်တရာမှ အံ့သြဖွယ်သော ရွင်လန်းချီးမွမ်းခြင်း ပေါ်ထွန်းရမည်။

၂။ သခင်ဘုရား၌ ဝမ်းမြောက်နိုင်မည်အကြောင်း သင်ယူခြင်း

က။ ဘုရားသခင်၌ ပို၍ဝမ်းမြောက်နိုင်မည်အကြောင်း သင်ယူကြစို့
ခ။ အကျွန်ုပ်တို့အတွက် ကိုယ်တော်ပြုသောအမှုများကြောင့် ကျေးဇူးတော်ချီးမွမ်းကြစို့။
ဂ။ အားကြီး၍ တန်ခိုးကြီးသော အကျွနု်ပ်တို့၏သခင်ဘုရား၌ တည်သော အကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို သူတပါးအား ဝေငှသက်သေခံနိုင်ကြမည်အကြောင်း၊

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်) တန်

To Contact : [email protected]