Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၁၊ ဇွန်လ (၁၃) ရက်

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၁၊ ဇွန်လ (၁၃) ရက်

 

ကျမ်းချက်။ ။ ဆာလံ ၂၄

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
ထာဝရဘုရား၏ လက်တော်မှ ကောင်းကြီး မင်္ဂလာကို၎င်း၊ ကယ်တင်တော်မူသော ဘုရားသခင်၏ လက်တော်မှ ဖြောင့်မတ်ခြင်းတရားကို၎င်း ခံရလိမ့်မည်။ ထိုသူသည် ထာဝရဘုရားကို ရှာသောအမျိုး၊ မျက်နှာတော်ကို ရှာသောယာကုပ်အမျိုးဖြစ်သတည်း။

(ဆာလံ ၂၄း၅-၆)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ထာဝရဘုရား၏ လက်တော်မှ ကောင်းကြီး မင်္ဂလာကို၎င်း၊

က။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများသည် အခြေအနေတစ်ရပ်ရပ်၌မူတည်သည်။
ခ။ ကတိထားသော ကောင်းချီးမင်္ဂလာများ၏ အခြေအနေတစ်ချို့တို့မှာ-

(၁) သန့်ရှင်းသောလက်၊
(၂) ဖြူစင်သော နှုလုံးသား၊
(၃) ရုပ်တုဆင်းတု မကိုးကွယ်ခြင်း၊
(၄) မုသာမသုံး၊ သူတပါးအား မလိမ်မညာခြင်း (၂၄း၄)

၂။ “ကယ်တင်တော်မူသော ဘုရားသခင်၏ လက်တော်မှ ဖြောင့်မတ်ခြင်းတရားကို၎င်းခံရလိမ့်မည်။”

က။ ဖြောင့်မတ်ခြင်းသည် ကောင်းချီးမင်္ဂလာတစ်ပါး ဖြစ်သည်။

(၁) ဖြောင့်မတ်သည်ဟု ဘုရားသခင် မှတ်တော်မူသည်။
(၂) အပြစ်တင်ခြင်းအခွင့်နှင့် ကင်းလွတ်ကြမည် ဖြစ်သည်။

ခ။ ဘုရားသခင်ပေးသနားတော်မူသော ဖြောင့်မတ်ခြင်း ဖြစ်သည်။

(၁) ဘုရားသခင်၏ လက်တော်မှ ဖြစ်သည်။
(၂) ဘုရားသခင်သည် ကယ်တင်ခြင်း ပေးပိုင်သောသူ ဖြစ်သည်။

၃။ ယာကုပ်

က။ ယာကုပ်ကို အမှန်တကယ် ရည်ညွန်းသည် မဟုတ်။
ခ။ ယာကုပ်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက သေခဲ့ပြီး ဖြစ်သည်။

၄။ “ထိုသူသည် ထာဝရဘုရားကို ရှာသောအမျိုး၊ မျက်နှာတော်ကို ရှာသောယာကုပ်အမျိုးဖြစ်သတည်း။”

က။ ယာကုပ်သည် သွယ်ဝိုက်၌ သုံးသော စကားလုံးဖြစ်သည်။
ခ။ ယာကုပ်ကိုယ်တိုင်သည်လည်း ဘုရားသခင်ကို မရှာဘဲနေသည့်အချိန်ရှိခဲ့ဘူးသည်။

(၁) ဧသောနှင့်အတူ နေထိုင်ခဲ့စဉ်၊
(၂) လိမ်ညာ၍ အစ်ကိုဧသော၏ သားဦးအရိပ်အရာနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာကို လုယူခဲ့သည် (ကမ္ဘာ ၂၇) ။

ဂ။ ယာကုပ်သည် နောက်မှ ဘုရားသခင်ကို ရှာခဲ့သည် (ကမ္ဘာ ၂၈)။
ဃ။ အကျွနု်ပ်တို့သည်လည်း ဤအရာကို ပြုကြရမည်။

(၁) ဘုရားသခင်ကို ရှာခြင်း၊
(၂) ဘုရားသခင်၏မျက်နှာတော်ကို ရှာခြင်း (ပို၌ တိကျစွာ ပြောရလျှင်)

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ စိန်ခေါ်ချက်

က။ ထာဝရဘုရားသခင်ကို ရှာခြင်း။
ခ။ ထာဝရဘုရားသခင်၏ကောင်းချီးမင်္ဂလာများကို ရှာခြင်း။

၂။ ယာကုပ်ကဲ့သို့

က။ အကျွန်ုပ်တို့၏အပြစ်များကို စွန့်ပစ်ကြရမည်။
ခ။ ထာဝရဘုရားသခင်ကို အမှန် ရှာကြရမည်။
ဂ။ ထာဝရဘုရားသခင်ကိုသာ ပြင်းထန်စွာ ရှာကြရမည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်) တန်

To Contact : [email protected]