Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၁၊ ဇွန်လ (၆) ရက်

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၁၊ ဇွန်လ (၆) ရက်

 

ကျမ်းချက်။ ။ ဆာလံ ၂၄

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
ထာဝရဘုရား၏ တောင်တော်ပေါ်သို့ အဘယ်သူ သည် တက်ရမည်နည်း။ သန့်ရှင်းရာဌာနတော်၌ အဘယ် သူသည် ရပ်နေရမည်နည်းဟူမူကား၊သန့်ရှင်းသောလက်နှင့် ဖြူစင်သောနှလုံးရှိသော သူ၊ မုသာကိုမမှီဝဲ မဆည်းကပ်၊ မမှန်သောကျိန်ဆိုခြင်းကို မပြုသောသူသည်၊

(ဆာလံ ၂၄း၃-၄)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ထာဝရဘုရား၏ တောင်တော်ပေါ်

က။ ယေရုရှလင် ကိုရည်ညွန်းသည်။
ခ။ ဗိမာန်တော်သည် ထိုတောင်ပေါ်၌ တည်သည်။
ဂ။ ထို့ကြောင့်၊ “ထာဝရဘုရား၏တောင်တော်” ဟုခေါ်ကြသည်။

၂။ သန့်ရှင်းရာဌာနတော်

က။ ဘုရားသခင်ကိုယ်တိုင်က မိမိ၏နာမတော်အတွက် ရွေးထားသော နေရာဖြစ်သည်။
ခ။ ဘုရားသခင်သည် မိမိ၏လူမျိုးတို့နှင့်အတူ ကျိန်းဝပ်တော်မူသော နေရာ ဖြစ်သည်။
ဂ။ ဘုရားသခင် ကျိန်းဝပ်သောနေရာသည် “သန့်ရှင်းရာဌာနတော်” ဖြစ်သည်။
ဘုရားသခင်၏မျက်မှောက်တော်သည် မည်သည့်နေရာကိုမဆို သန့်ရှင်းစေတော်မူသည်။

၃။ ထာဝရဘုရား၏ တောင်တော်ပေါ်သို့ အဘယ်သူ သည် တက်ရမည်နည်း။

က။ အရေးကြီးသော မေးခွန်းဖြစ်သည်။
ခ။ စာဖတ်သောသူ လေးနက်စွာ ဆင်ခြင်ရန် ရည်ရွယ်၍ မေးမြန်းခြင်း ဖြစ်သည်။

(၁) ထာဝရဘုရားကို ပေါ့ပေါ့ပျက်ပျက် မဆက်ဆံရ။
(၂) သူ၏ဗိမာန်တော်ကို အလေးမထားဘဲ မချဉ်းကပ်ရ။
(၃) ဒါဝဒ်မင်းကြီးခေတ်၌ ဗိမာန်တော် မတည်ရှိသေး။

၄။ မှတ်သားအပ်သော ကဏ္ဍလေးခု

က။ သန့်ရှင်းသောလက်၊
ခ။ ဖြူစင်သောနှလုံးသား၊
ဂ။ မုသာကိုမမှီဝဲ မဆည်းကပ်၊
ဃ။ မမှန်သောကျိန်ဆိုခြင်းကို မပြု၊

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဤ လေးနေရာဖြင့် မိမိတို့အသက်တာကို စမ်းစစ်ကြစို့။

က။ သန့်ရှင်းသောလက်၊

(၁) မခိုး၊ မလု၊
(၂) မိမိပစ္စည်းမဟုတ်သောအရာများကို မသိမ်းမယူ၊

ခ။ ဖြူစင်သောနှလုံးသား၊

(၁) မပျက်စီးသော နှလုံးသား၊
(၂) သန့်ရှင်းသော၊ ရှင်းလင်းသော နှလုံးသား၊

ဂ။ မုသာကိုမမှီဝဲ မဆည်းကပ်၊

(၁) ရုပ်တုဆင်းတုများကို မကိုးကွယ်၊
(၂) မဟုတ်မမှန်သောအရာကို မဆည်းပူး၊

ဃ။ မမှန်သောကျိန်ဆိုခြင်းကို မပြု၊

(၁) လိမ်ညာခြင်း လုံး၀ မရှိရ၊
(၂) ကတိပေးသော်လည်း၊ ထိုကတိအတိုင်း မဆောင်ရွက်ဘဲ မနေရ၊

၂။ ဘုရားသခင်၏ စစ်ကြောခြင်းကို ရှာပါ။
၃။ ဘုရားသခင်၏ ကြီးမားသော သန့်ရှင်းခြင်းကို နားလည်သဘောပေါက်ပါ။

အကျွန်ုပ်တို့သည် သန့်ရှင်းသော အသက်တာကို ပိုင်ဆိုင်လိုကြမည်အကြောင်း၊

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]