Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၁၊ မေလ (၂၄) ရက်

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၁၊ မေလ (၂၄) ရက်

 

ကျမ်းချက်။ ။ဆာလံ ၂၄

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာ ကို၎င်း၊ လောကဓာတ်နှင့်လောကသားတို့ကို၎င်း၊ ပိုင်တော်မူ၏။
အကြောင်းမူကား၊ ထိုနေရာကို သမုဒ္ဒရာပေါ် မှာတည်၍၊ ရေများပေါ်မှာ မြဲမြံစေတော်မူပြီ။
(ဆာလံ ၂၄း၁-၂)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ အသစ်သော ဆာလံ

က။ ဖတ်ရှုခြင်း၊
ခ။ လေ့လာဆည်းပူးခြင်း၊
ဂ။ တန်ဖိုးထားခြင်း၊
ဃ။ နှစ်သက်မြတ်နိူးခြင်း၊ စသည်တို့အလို့ငှါ ဖြစ်ရမည် (ဆာလံ ၁း၂)။

၂။ ဒါဝဒ်မင်းကြီးရေးသော နောက်ထပ် ဆာလံ

က။ သူသည် စာများများရေးသောသူ ဖြစ်သည်။
ခ။ သူ၌ အခြားတာဝန်များစွာလည်း ရှိသည်။

(၁) ဘုရားတပါးအနေဖြင့်
မိမိတိုင်းပြည်ကို ဦးဆောင်နေရသည်။
(၂) ဘုရားသခင်၏ကျွန်အနေဖြင့်
မိမိ၏အသက်တာပုံသက်သေအားဖြင့် အစေခံနေရသည်။
(၃) စာရေးဆရာအနေဖြင့်
လေးနက်စွာ စဉ်းစားတွေးမြင်၍ ထိရောက်စွာ သွန်သင်နေရသည်။

အကျွန်ုပ်တို့သည်လည်း အဓိပ္ပာယ်ရှိ၍ အသီးအပွင့်ကြွယ်ဝသော အသက်တာကို
အဘယ်သို့ ပိုင်ဆိုင်နိုင်ကြောင်း ဒါဝဒ်မင်းကြီးသည် (မိမိအသက်တာဖြင့်) ပြသနေသည်။

၃။ ဘုရားသခင်နှင့်စပ်လျဉ်းသော အရေးကြီးသော အယူအဆများ တစ်ချို့

က။ ဖန်ဆင်းရှင် ဖြစ်သည်။
ခ။ မြေကြီးတစ်ခုလုံးကို ပိုင်သည်။
ဂ။ ဤနေရာ၌ “ပိုင်တော်မူသောသူ” ဟုဆိုလိုသည်။
ဃ။ အဓိပ္ပာယ်မှာ-

(၁) ဘုရားသခင်သည်သာ ဖန်ဆင်းသောသူ ဖြစ်သည်။
(၂) သူသည်သာ တည်မြဲစေသောသူ ဖြစ်သည်။
(၃) “မြဲမြံစေခြင်း” သည် (အသစ်အဆန်းများအား ) “တွေ့ရှိခြင်း” မဟုတ်။
(၄) “မြဲမြံစေခြင်း” သည် ဖြစ်လာမည့်အရာများအတွက် အုတ်မြစ်ချခြင်းဟူသော အဓိပ္ပာယ်ရှိသည်။

င။ ဘုရားသခင်သည် မြေကြီးကို မြဲမြံစေသည်။

(၁) သိပ္ပံနိယာမကျကျ
(၂) လူတို့သည် ဘုရားသခင်က စနစ်တကျ လုပ်ဆောင်ပြီးသောအမှုတို့ကိုသာ ရှာဖွေတွေ့ရှိကြသည်။
(၃) သိပ္ပံပညာရှင်တို့ကို (လူသားတို့ကို) ချီးမွမ်းကြမည့်အစား၊ ဘုရားသခင်ကိုသာ၍ ချီးမွမ်းကြရမည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဘုရားသခင်အပေါ် အကျွန်ုပ်တို့၏ မြတ်နိူးခြင်းသည်

က။ ပို၍ လေးနက်ခြင်း ရှိပါစေ။
ခ။ ပို၍ ခိုင်မာခြင်းလည်း ရှိပါစေ။

၂။ ဘုရားသခင်နှင့်စပ်လျဉ်း၍ အကျွန်ုပ်တို့၏ ဆင်ခြင်းနှလုံးသွင်းခြင်း

က။ ခွန်အားကြီးသော ဖန်ဆင်းရှင်ဖြစ်သည်ကို ဆင်ခြင်နှလုံးသွင်းကြစို့။
ခ။ အံ့ဖွယ်သော ဘုရားသခင်ဖြစ်သောကြောင့်၊ ထာဝရဘုရားအားရိုသေကြောက်ရွံ့ကြစို့။
ဂ။ အကျွန်ုပ်တို့သည် ဘုရားသခင်ကို အမှန်သိ၍ လုံးလုံးလျားလျားယုံကြည်ကိုးစားနိုင်သောကြောင့် ဝမ်းမြောက်ကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]