Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀ ဖေဖေါ်ဝါရီလ ၃

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀ ဖေဖေါ်ဝါရီလ ၃

 

ကျမ်းချက်။ ။ဆာလံ ၈း၁-၂

ဆင်ခြင်နှလုံးသွင်းခြင်း

၈း၁        အိုအကျွန်ုပ်တို့၏ ဘုရားရှင်ထာဝရဘုရား၊ နာမတော်သည် မြေကြီးတပြင်လုံး၌ အလွန်ကြီးမြတ်တော်မူ၏။ ဘုန်းအနုဘော်တော်သည် မိုဃ်းကောင်းကင်ပေါ်မှာ တည်လျက်ရှိပါ၏။
၈း၂        ကိုယ်တော်၏ရန်သူတို့ကို ရည်ဆောင်၍ ရန်သူကို၎င်း၊ အငြိုးထားသောသူကို၎င်း၊ တိတ်ဆိတ်စွာနေစေခြင်းငှါ၊ နို့စို့သူငယ်တို့၏နှုတ်ထဲမှ အစွမ်းသတ္တိကို စီရင်တော်မူ၏။

 

အနက်ဖွင့်ခြင်းနှင့် လက်တွေ့ကျင့်သုံးခြင်း

၁။ ထာဝရဘုရားသခင်အား အာရုံပြုဆင်ခြင်ခြင်း
က။ အမှန်ပင် ထာဝရဘုရား ဖြစ်သည်။
ခ။ အကျွနု်ပ်တို့၏ သခင်ဘုရားလည်း ဖြစ်သည်။

၂။ ဘုရားသခင်၏နာမတော်ကို အာရုံပြုဆင်ခြင်ခြင်း
က။ နာမတော်သည် ထာဝရဘုရားသခင်၏ ပုဂ္ဂိုလ်တော်ကို ကိုယ်စားပြုသည်။
ခ။ သူ၏နာမတော်သည် အလွန်ကြီးမြတ်တော်မူသည်။
(၁) ကောင်းမြတ်သည်သာ မဟုတ်။
(၂) အလွန်အံ့သြဖွယ်ကောင်းသော ဘုရားဖြစ်တော်မူသည်။
ဂ။သူသည် ဘုန်းအသရေနှင့် ပြည့်စုံတော်မူသည်။
(၁) ဤဘုန်းအသရေသည် ဘုရားသခင်ကိုယ်တိုင် ကောင်းကင်ဘုံမှ စ၍ ထာဝရ တည်စေသော ဘုန်းတော်ဖြစ်သည်။
(၂) ဖန်ဆင်းထားသော အရာတို့ကို ကြည့်သောအခါ၊ အကျွနု်ပ်တို့သည် ဘုရားသခင်၏ ဘုန်းတော်ကို မြင်ကြရသည်။
(၃) ဘုရားသခင် ထာဝရဘုရားကို အာရုံပြုဆင်ခြင်ကြရအောင်။

၃။ လုံး၀ အာရုံပြုဆင်ခြင်အပ်သော အချက်
က။ လူဖန်ဆင်းခြင်း၊
ခ။ လူသည် ကလေးသူငယ်အဖြစ် ဘဝကို အစပြုရသည်။
ဂ။ ကလေးငယ်တစ်ဦး၏ အနာဂတ်ဖြစ်နိုင်ခြေမှာ အလွန်ကြီးမားပေသည်။
(၁) ကြီးထွား၍ အလွန်ခွန်အားကြီးလာနို်င်သည်။
(၂) ထိုခွန်အားသည်လည်း သတ္တိနှင့် ပူးပေါင်းကာ အလွန်ခိုင်ခံ့လာနိုင်သည်။
(၃) မတရားသောသူများကိုလည်း ခုခံ၍ အနိုင်ယူသူ ဖြစ်လာနိုင်သည်။

 

အကျွနု်ပ်တို့အတွက် စိန်ခေါ်ချက်

၁။ ထာဝရဘုရားသခင်ကို မျက်ခြေမပျက် သတိရအောက်မေ့ကြရအောင်။
က။ ဖန်းဆင်ရှင်အဖြစ်လည်းကောင်း၊
ခ။ မ စ၍ ပေးသနားတော်မူ သောသူအဖြစ် လည်းကောင်း၊
ဂ။ ကာကွယ်စောင့်ရှောက်သောသူအဖြစ် လည်းကောင်း၊

၂။ အကောင်းဆုံး ကြီးထွားဖို့ ခြေလှမ်းကြရအောင်။
က။ ဉာဏ်ပညာ၌လည်းကောင်း၊
ခ။ ယုံကြည်ခြင်း၌ လည်းကောင်း၊
ဂ။ ခွန်အားနှင့် စပ်လျဉ်း၍ လည်းကောင်း၊
ဃ။ သတ္တိနှင့် စပ်လျဉ်း၍ လည်းကောင်း

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]