Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၁၊ ဖေဖေါ်ဝါရီလ (၂၈)

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၁၊ ဖေဖေါ်ဝါရီလ (၂၈)

 

ကျမ်းချက်။ ။ဆာလံ ၂၂း၉-၁၁

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း

သို့သော်လည်းကိုယ်တော်သည် အကျွန်ုပ်ကို အမိဝမ်းထဲက ဆွဲယူ၍၊ နို့စို့သည်ကာလ၌ စိုးရိမ်ခြင်း အကြောင်းကို ပယ်ရှင်းတော်မူ၏။ အကျွန်ုပ်သည် ဘွားကတည်းကပင် လက်တော် သို့ရောက်ပါ၏။ အမိဝမ်းထဲမှစ၍ ကိုယ်တော်သည် အကျွန်ုပ်ဘုရားသခင်ဖြစ်တော်မူပါပြီ။ အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်။ဘေးအန္တရာယ် ရောက်လုနီးပါပြီ။ မစသောသူမရှိပါ။

(ဆာလံ ၂၂း၉-၁၁)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ အသက်တာ၌ ဘုရားသခင်၏လက်တော်ကို နောက်ကြောင်းပြန်၍ အသိအမှတ်ပြုခြင်း

က။ မွေးဖွားချိန်

ခ။ ငယ်စဉ်ဘဝ

၂။ ထာဝရဘုရားသခင်ကို ကိုးစားခြင်း

က။ အလိုအလျောက် ကိုးစားခြင်း

ခ။ အသွန်သင်ခံသည့်အတိုင်း ကိုးစားခြင်း

၃။ ဘုရားသခင်ထံတော်သို့ ဆုတောင်းခြင်း

က။ ကိုယ်တော်သည် အနီးအနား၌ နေပါမည်အကြောင်း၊

ခ။ အထူးသဖြင့်၊ ဒုက္ခရောက်သောကာလ၌

(၁) ဘေးအန္တရာယ် ရှိသည့်ကာလ

(၂) မစသောသူမရှိသောကာလ

(၃) မစမည့်ဘုရားသခင်သည် အနီးအနားမှာ ရှိနေပေးရန် ဆုတောင်းသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အကျွန်ုပ်တို့အသက်တာ၌ ဘုရားသခင်၏အတူပါရှိနေခြင်းကို နောက်ကြောင်းပြန်၍ ဆင်ခြင်လေ့ကျင့်ခြင်း

က။ ငယ်ရွယ်စဉ်ကာလ

(၁) ကျွန်ုပ်တို့သည် ငယ်စဉ်အချိန်အခါက အရာများစွာကို သတိရကြမည် မဟုတ်။

(၂) သို့သော်၊ ကလေးသူငယ်တို့သည် ဘုရားသခင်ကို အလိုအလျောက် ကိုးစားနိုင်ကြသည်။

ခ။ သွန်သင်ခြင်း (သင်ယူလေ့လာခြင်း)

(၁) လိုအပ်သောအချက်လက်များ သိထားရမည်။

(၂) ကောင်းမွန်စွာ အသွန်သင်ခံခြင်းသည် အလွန်တရာမှ အရေးကြီးသည်။

ဂ။ အမိအရ ရှာဖွေရမည့် ဝိညာဉ် (စိတ်)ခွန်အား

(၁) စိတ်နှလုံး ဝမ်းမြောက်၍ ရောင်ရဲ့လာသည်။

(၂) တစ်ဖန်သစ်လွန်ခြင်း (အသစ်တစ်ဖန်အသက်သွန်းခြင်း) ပေါ်ထွန်းသည်။

၂။ အကျွန်ုပ်တို့၏ ဆုတောင်းခြင်းအသက်တာ

က။ ဆုတောင်းခြင်း၌ အားနည်းကြသည်ကို အကျွန်ုပ်တို့သည် မိမိတို့ကိုယ်တိုင် သိကြသည်။

(၁) ဒုက္ခရောက်၍ အလွန်စိုးရိမ်းကြောက်လန့်သောအခါ၊

(၂) ဘုရားသခင်သည် အကျွန်ုပ်တို့နှင့် ဝေးနေသည်ဟု ထင်မှတ်သောအခါ၊

ခ။ အကျွန်ုပ်တို့သည် ဤပြဿနာကို ဖြေရှင်းကြရမည်။

(၁) ဆုတောင်းခြင်းအားနည်းခြင်းပြဿနာ၊

(၂) ဆုတောင်းခြင်း၌ အလွန်အမင်း တိမ်လွန်းခြင်းပြဿနာ၊

၃။ အကျွန်ုပ်တို့၏ဝိညာဉ်အသက်တာကို ပို၍နက်ရှိုင်းစေခြင်း

က။ ဤအချက်ကို လုံးဝဥဿုန် လုပ်ဆောင်ရမည်။

ခ။ အကျွန်ုပ်တို့သည် အဓိပ္ပာယ်ရှိ၍ ပို၍နက်ရှိုင်းသော ဝိညာဉ်အသက်တာကို ပိုင်ဆိုင်နိုင်သည်မှာ လုံးဝငြင်းဖွယ်မရှိချေ။

 

ဆုတောင်းလျက်

ပါစတာချားလ်(စ်)တန်

To Contact : [email protected]