Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀၊ ဒီဇင်ဘာလ (၂၈)

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀၊ ဒီဇင်ဘာလ (၂၈)

 

ကျမ်းချက်။ ။ဆာလံ ၂၁

ချစ်သေညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
အိုထာဝရဘုရား၊ မင်းကြီးသည် ကိုယ်တော်၏ အစွမ်းသတ္တိကြောင့် ဝမ်းမြောက်၍၊ ကယ်တင်တော်မူ ခြင်းအားဖြင့် အလွန်ရွှင်လန်းပါ၏။ သူ၏နှုတ်နှင့် ဆုတောင်းသည်ကို ငြင်းပယ်တော် မမူ။ သူ၏စိတ်အလိုရှိသည်အတိုင်း ပေးသနားတော်မူပြီ။
(ဆာလံ ၂၁း၁-၂)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဆာလံ ၂၁

က။ ဒါဝဒ်သည် ဘုရင်တစ်ပါးအဖြစ် ဆင်ခြင်သည်။
ခ။ ဒါဝဒ်မင်းသည် ထာဝရဘုရားသခင်က အဘယ်သို့ မစခဲ့သည်ကို ဆင်ခြင်နှလုံးသွင်းသည်။

၂။ ဒါဝဒ်မင်း ဆင်ခြင်နှလုံးသွင်းသော အရာများမှာ-

က။ ဘုရားသခင်၏ အစွမ်းသတ္တိ၊
ခ ။ ဘုရားသခင်၏ ကယ်တင်တော်မူခြင်း (ကယ်နှုတ်တော်မူခြင်း)၊
ဂ။ ဘုရားသခင်မှ မိမိ၏ဆုတောင်းချက်များကို ပေးသနားတော်မူခြင်း၊ စသည်တို့ဖြစ်သည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ စိန်ခေါ်ချက်

က။ ၂၀၂၀ ပြည့်နှစ်၏ အဆုံးရောက်သည်နှင့် ဆင်ခြင်ကြရန်၊
ခ။ အကျွန်ုပ်တို့ ဆုတောင်းချက်များကို ဘုရားသခင် အဘယ်သို့ အဖြေပေးသည်ကို ပြန်လည်အောက်မေ့ကြရန်၊
ဂ။ ဘုရားသခင်ပြုသောအမှုများကို အောက်မေ့၍ ဆင်ခြင်နှလုံးသွင်းခြင်းသည် ကောင်းမြတ်ပေသည်။

၂။ ၂၀၂၀ ခုနှစ်ကို ပြန်လည် ဆင်ခြင်သုံးသပ်ခြင်း

က။ မည်သည့်အရာအတွက် ဆုတောင်းခဲ့သနည်း။
ခ။ ဘုရားသခင်အား ခွန်အားပေးသနားတော်မူရန် တောင်းလျောက်ခဲ့သလား။
ဘုရားသခင်သည် သင်၏ဆုတောင်းချက်ကို နားညှောင်းသလား။
ဂ။ ကယ်တင်ခြင်း၊ မစခြင်းအတွက် ဆုတောင်းသလား။
ဘုရားသခင်သည် သင်၏ဆုတောင်းချက်ကို နားညှောင်းသလား။
ဃ။ မိမိစိတ်နှလုံးသားမှ အမှန် ဝမ်းမြောက်နိုင်သလား။

၃။ ဘုရားသခင် ပေးသနားတော်မူသောအရာများ၊ တာဝန်ဝတ္တရားများ

က။ အကျွန်ုပ်တို့သည် ဘုရင် မဖြစ်ကြသော်လည်း၊
ခ။ ကိုယ်စီ ဘုရားပေးသော တာဝန်ဝတ္တရာများ ရှိကြသည်။
ဂ။ အကျွန်ုပ်တို့သည်

(၁) မိတ်ဆွေတစ်ဦး အနေဖြင့်၊
(၂) ကိုယ်စားဆုတောင်းသောသူ အနေဖြင့်၊
(၃) ဘုံယုံကြည်ခြင်းကို အတူဆက်ဆံသောသူ အနေဖြင့်၊
(၄) အမှုတော်မြတ်၌ ဆက်ကပ်ပါဝင်သောသူ အနေဖြင့်၊
(၅) ကျမ်းစာကျောင်းသား/သူ အနေဖြင့်၊ တာဝန်ဝတ္တရား ကိုယ်စီ ရှိကြသည်။

၄။ ဆုံးရှုံးခဲ့လျှင်

က။ ထိုဆုံးရှုံးမှုများမှ ဘဝသင်ခန်းစာများ သင်ယူပါ။
ခ။ ဘဝသင်ခန်းစာများသည် အလွန်တရာမှ တန်ဖိုးကြီးသည်။

၅။ ၂၀၂၁ ခုနှစ်ကို စောင့်မျှော်ခြင်း

က။ ပို၍ ဆုတောင်းသောသူများ ဖြစ်ကြစို့။
ခ။ ၂၀၂၁ ခုနှစ်သည် သာ၍အဓိပ္ပာယ်ရှိသော နှစ်ဖြစ်မည်အကြောင်း ဆုတောင်းကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]