Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀ ဇန်နဝါရီ ၂၀၂၀

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀ ဇန်နဝါရီ ၂၀၂၀

 

ကျမ်းချက်။ ။ဆာလံ ရး၆-၁၀

ဆင်ခြင်နှလုံးသွင်းခြင်း
ရး၆       အိုထာဝရဘုရား၊ အမျက်တော်ထွက်၍ ထတော်မူပါ။ အကျွန်ုပ်၏ရန်သူတို့ ကို ဆီးတား၍ အားထုတ်တော်မူပါ။ အကျွန်ုပ်အဘို့နိုး  တော်မူပါ။ တရားစီရင်ဆုံးဖြတ် တော်မူပါ။
ရး၇      လူမျိုးတို့သည်စည်းဝေး၍ ကိုယ်တော်ကို ဝန်းရံကြလျက်၊ သူတို့အဘို့ မြင့်ရာအရပ်သို့ ပြန်ကြွတော်မူပါ။
ရး၈      ထာဝရဘုရားသည် လူမျိုးတို့ကို တရားစီရင်တော်မူ၏။ အိုထာဝရဘုရား၊ အကျွန်ုပ်ဖြောင့်မတ်ခြင်းငို၎င်း၊ စုံလင်ခြင်းကို၎င်းထောက်၍ အကျွန်ုပ်အမှုကို စီရင်ဆုံးဖြတ်တော်မူပါ။
ရး၉      မတရားသောသူတို့၏ ဓမ္မအမှုကို ဆုံးရှုံး၍၊ တရားသောသူတို့ကို မြဲမြံစေတော်မူပါ။ တရားသဖြင့်ပြုတော်မူသောဘုရား၊ ကိုယ်တော်သည် နှလုံးနှင့်ကျောက်ကပ်ကို စစ်တော်မူတတ်၏။
ရး၁၀    သဘောဖြောင့်သောသူတို့ကို ကယ်တင်တတ်သော ဘုရားသခင်သ ငါ၏အကွယ်အကာဖြစ်တော်မူ၏။

အနက်ဖွင့်ခြင်းနှင့် လက်တွေ့ဖော်ဆောင်ခြင်း
၁။ မတရားသောသူတို့
က။ ရန်သူများ ဖြစ်လာကြသည်။
ခ။ အမျက်ဒေါသဖြင့် ပြည့်ဝလျက် ရှိကြသည်။

၂။ တရားသောသူတို့
က။ ဖြောင့်မတ်စွာ ကျင့်ကြသည်။
ခ။ စိတ်ရောကိုယ်ပါ စုံလင်တည်ကြည်လျက် ရှိကြသည်။
ဂ။ တရားသဖြင့် ကျင့်ကြသည်။
ဃ။ သဘောဖြောင့်ကြသည်။

၃။ ဘုရားသခင်သည် အဘယ်သို့ စီရင်မည်နည်း။
က။ နှလုံးနှင့်ကျေက်ကပ် (စိတ်နှလုံး) တို့ကို စစ်တော်မူမည်။
ခ။ ဘုရားသခင်၏ စီရင်ချက်သည် တရား၍ အပြစ်ခွင့်နှင့် ကင်းလွတ်လိမ့်မည်။

၄။ ဆုတောင်းချက်
က။ မတရားသောသူများနှင့် စပ်လျဉ်း၍
(၁)အပြစ်စီရင်ခြင်း၊
(၂) အဓမ္မအမှုကို အဆုံးခန်းတိုင်အောင် စီရင်ခြင်း
ခ။ တရားသောသူတို့နှင့် စပ်လျဉ်း၍
(၁) ဘုရားသခင်သည် သူတို့၏ အကွယ်အကာ ဖြစ်ခြင်း
(၂) ဘုရားသခင်သည် သူတို့ကို မြဲမြံစေခြင်း
(၃) ဘုရားသခင်သည် သူတို့ကို ကယ်တင်တော်မူခြင်း

အကျွနု်ပ်တို့အတွက် စိန်ခေါ်ချက်
၁။ သစ္စာရှိစွာ ဆုတောင်းလျက် ဘုရားသခင်ရှာခြင်း
၂။ ဆိုးယုတ်သော လောက၌ သတိရှိစွာ အသက်ရှင်ခြင်း
၃။ ဘုရားသခင်အား ကိုးစားစောင့်မျှော်လျက် အစွမ်းသတ္တိအပြည့် စုစည်းခြင်း
က။ ယုံကြည်စွာ
ခ။ စိတ်ရှည်သီးခံလျက်
ဂ။ ဇွဲလုံးလဝိရိယရှိရှိ လုပ်ဆောင်ရမည် ဖြစ်သည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]